မြဝတီနယ်စပ်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ သကြား Re.Export တင်ပို့မှု မြင့်တက်နေသော်လည်း ကုန်တင်ကားငှားရမ်းမှု အခက်ကြုံနေ

မြဝတီနယ်စပ်မှတစ်ဆင့် တရုတ်ဈေးကွက်သို့ သကြား Re.Export တင်ပို့မှု မြင့်တက်နေသော်လည်း ကုန်တင်ကားငှားရမ်းမှု အခက်ကြုံနေ
Published 2 March 2016
ကိုရွှေသိန်း (မြဝတီ)

ထိုင်းနိုင်ငံထုတ် သကြားများ မြဝတီနယ်စပ်မှတစ်ဆင့် တရုတ်ပြည်ဈေးကွက်သို့ Re.Export  တင်ပို့မှု မြင့်တက်နေသော်လည်း ကုန်သည်လုပ်ငန်းရှင်များမှာ ကုန်တင်ကား ငှားရမ်းမှု အခက်ကြုံနေခြင်းကြောင့် ကုန်သွယ်မှုကို နှောင့်နှေးစေသည်ဟု သကြားကုန်သည်များက ပြောကြားသည်။“ကုန်ကားပိုင်ရှင် အများစုကတော့ မိမိကား ကြံ့ခိုင်မှုအတွက် မန္တလေး၊ မူဆယ် ခရီးစဉ်ကို မလိုက်လိုကြပါဘူး။ တွက်ခြေကိုက်တဲ့ မြဝတီ-ကျုံဒိုး ဘိလပ်မြေတင်ပို့တဲ့ ခေါက်တိုခရီးကိုပဲ သွားကြပါတယ်။ ကားခကို ယခင်လထက် မြင့်တက်နေပေမယ့် ကားငှားမရတဲ့ အခက်အခဲကြုံနေတဲ့အတွက် ရက်ချိန်းအတိုင်း မပို့နိုင်တော့ ပို့ကုန် နောက်ကျနေတာပေါ့”ဟု သကြားကုန်သည်တစ်ဦးကပြောကြားသည်။ကုန်သယ်ယာဉ်များမှာအနေဖြင့် မြဝတီ-မန္တလေး ကုန်တင်ခရီးစဉ် ပြေးဆွဲပါက မြဝတီတွင် ကုန်တင်စောင့်ဆိုင်းသောအချိန် မန္တလေးကုန်ချချိန် ကုန်ပြန်ရှာချိန် ခန့်မှန်း ရှစ်ရက်မှ ၁၀ ရက်ထိ ကြာသဖြင့် ကားသမားများမှာလည်း ခေါက်တိုပြေးဆွဲရန်သာ ပိုမို အားသန်လျက်ရှိကြောင်း သိရသည်။မြဝတီနယ်စပ်မှတစ်ဆင့် သကြားတင်ဆောင်ရန် တွဲကားများ ငှားရမ်းစဉ်မှာလည်း ယခင်လ ကုန်ကားပေါသဖြင့်  သကြားတစ်တန်လျှင် တန်ဆာခ ကျပ် ၆၂၀၀၀ သာ ရှိခဲ့ပြီး  ယခုကားရှားချိန်တွင်  သကြားတစ်တန် ကျပ် ၆၆၀၀၀ အထိပေး၍ ငှားရမ်းသော်လည်း ကုန်တင်ယာဉ် ငှားရမ်းမရသည့် အခက်အခဲနှင့် ကြုံနေရကြောင်း သိရသည်။ယခင် တရုတ်နှစ်ကူးကာလ တစ်လတာ အတွင်က ွျှွျွအမှတ်တံဆိပ် သကြား တစ်ကီလို ၈၅၉ ဘတ်ပေါက်ဈေးရှိခဲ့ရာမှ  မတ် ၂ ရက်တွင် ဘတ် ၈၀၀ အထိ ကျဆင်းသွား ပြီး ဒေသတွင်း ဝယ်လက်အနည်းငယ်လျော့ သွားကြောင်း သိရသည်။မြဝတီနယ်စပ်မြို့မှ သကြားတင်ပို့နေသူ တစ်ဦးက”အဓိက ဝယ်လက်ကြီးတွေကတော့ မန္တလေး-မူဆယ်ကဖြစ်ပြီး လေ့လာသိရသလောက်  CocaCola၊ Pepsi စက်ရုံများမှ အဓိကဝယ်ယူသလို ပျားမွေးမြူရေးလုပ်ငန်းရှင်များမှလည်း ဝယ်ယူတယ်လို့ သိရပါတယ်” ဟု ဆိုသည်။မိုးရာသီကာလ၌ ပျားများအား သကြားဖြင့် အစာကျွေးမွေးမြူရပြီး ၎င်းပျားလှောင်အိမ်များကို ဒေသတွင်း ပန်းခြံများသို့ ကားကြီးများဖြင့် သယ်ဆောင်ကာ ဝတ်မှုန်ကူးရန် ပို့ဆောင်ရကြောင်းနှင့် ပျားရည်ပြန်ထွက်ရန် ရည်ရွယ်ကြောင်သိရသည်။မြဝတီမြို့ရှိ ကုန်သည်ကြီးများမှာလည်း မိမိပုံနှိပ်စက္ကူ ၊ လယ်ယာသုံးပစ္စည်း၊ ငံပြာရည် ၊ လျှပ်စစ်ပစ္စည်း၊ ထိုင်းကုန်စည်အမျိုးမျိုးတို့ဖြင့် မိမိတို့ပိုင်ကားဖြင့်ပင် မလည်ပတ်နိုင် ဖြစ်နေကြောင်း သိရသည်။ထို့အပြင် ၂၂ ဘီး သုံးစီး၊ ငါးစီးထောင်ထားသော ကားသမားများမှာလည်း မိမိကား ကြံ့ခိုင်ရေးအရ မန္တလေးသို့ မသွားလိုဘဲ ဒေသတွင်း ကုန်စည် ဘိလပ်မြေများကို မြဝတီမှ-ကျုံဒိုးမြို့သို့ ခရီးတို နေ့ချင်းပြန်သာဆွဲလိုခြင်းကြောင်း ကားငှားရမ်းရ ခက်ခဲနေကြောင်းသိရသည်။                               

Most Read

Most Recent