မြင်းခြံ-တောင်သာ လမ်းမကြီးတွင် ကိုယ်ပိုင်ယာဉ်ငယ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ

မြင်းခြံ-တောင်သာ လမ်းမကြီးတွင် ကိုယ်ပိုင်ယာဉ်ငယ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေဆုံးကာ နှစ်ဦး ဒဏ်ရာရ
Published 2 March 2016
သူရ(မြင်းခြံ)

မြင်းခြံမြို့မှ တောင်သာမြို့သို့ သွားသော လမ်းမကြီးတွင် မတ် ၁ ရက်နေ့က ကိုယ်ပိုင်ယာဉ်ငယ်တစ်စီး တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါသူ လေးဦးအနက် နှစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဖြစ်ပွားပုံမှာ ထိုနေ့ည ၁၀ နာရီခန့်က မြင်းခြံ-တောင်သာ လမ်းမကြီးတွင် တောင်သာမြို့မှ မြင်းခြံမြို့သို့ မောင်းနှင်လာသော Crown အမျိုးအစား ကိုယ်ပိုင်ယာဉ်ငယ်သည် မြင်းခြံမြို့သို့ ဝင်ရောက်လာစဉ် ရွှေကူကြီး အနီး၌ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါလာသူ အမျိုးသားနှစ်ဦး သေဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရ (မစိုးရိမ်ရ)ရှိခဲ့ကြောင်း ယာဉ်တိမ်းမှောက်ရာသို့ သွားရောက် အကူအညီပေးခဲ့သူများထံမှ သိရသည်။“ကားက Crown အမျိုးအစား ကိုယ်ပိုင်ယာဉ်ဖြစ်ပြီး ဖြစ်ပွားချိန်က ည ၁၀ နာရီကျော်ခန့်အချိန် ဖြစ်ပါတယ်။ ကားမှောက်တဲ့ နေရာမှာ ယာဉ်မောင်းသူလို့ ယူဆရတဲ့ သူထိုင်ခုံမှာပဲ သေဆုံးနေခဲ့ပြီး တောင်သာမြို့နေ မြို့နယ်စည်ပင်သာယာရေးကော်မတီ အဖွဲ့ဝင် တစ်ဦးလို့ သိရတဲ့ ကိုကျော်ကျော်ထွန်းကိုကတော့ ဒဏ်ရာပြင်းထန်တဲ့အတွက် မန္တလေးဆေးရုံကြီးကို ပို့ဆောင်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ ကားပေါ်ပါလာသူ လေးဦးမှာ နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်” ဟု အခင်းဖြစ်နေရာသို့ သွားရောက်ကူညီပေးခဲ့သူ ကိုကျော်ဇင်မှ Daily Eleven သို့ ပြောကြားသည်။

Most Read

Most Recent