ပြည်တွင်း ဆန်စပါးဈေး မြင့်နေခြင်း၊ ပြည်ပပို့ကုန် ဆန်ကြမ်းဧည့်မထ ဈေးကွက်တွင် ရှားပါးလာခြင်းတို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရ

ပြည်တွင်း ဆန်စပါးဈေး မြင့်နေခြင်း၊ ပြည်ပပို့ကုန် ဆန်ကြမ်းဧည့်မထ ဈေးကွက်တွင် ရှားပါးလာခြင်းတို့ကြောင့် ပြည်ပသို့ ဆန်တင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရ
Published 12 February 2016
နီလာ

မြန်မာနိုင်ငံ၏ ပြည်တွင်းပြည်ပ ဆန်ဈေးကွက် အခြေအနေကို လေ့လာကြည့်ပါက ပြည်တွင်းဆန်စပါးဈေး မြင့်လာခြင်း၊ ပြည်ပပို့ကုန် ဆန်ကြမ်းဧည့်မထ ဈေးကွက်တွင် ရှားပါးလာခြင်းတို့ကြောင့် မြန်မာ့ဆန် ပြည်ပသို့ တင်ပို့နိုင်မှုမှာ ကျဆင်းလာနေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ရန်ကုန်မြို့အခြေစိုက် ဆန်စပါးကုန်စည်ဒိုင် (ဘုရင့်နောင်) မှရရှိသော စာရင်းများအရ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဧည့်မထ ၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၃၀၀၀၊ ဧည့်မထ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၈၀၀ ဈေးအထိ ပေါက်ဈေးရှိနေကြောင်း၊ ဖေဖော်ဝါရီ ၁ ရက်ကမူ ဧည့်မထ ၅ မှတ်ဆန်တစ်အိတ်လျှင် ကျပ်၂၁၅၀၀၊ ၂၅ မှတ်ဆန်တစ်အိတ်လျှင် ၂၆၂၀၀ ကျပ်အထိ ဈေးရှိခဲ့ကြောင်း သိရသည်။ထို့ပြင် ပြည်ပသို့ ဆန်တင်ပို့မှု အနေအထားကို လေ့လာကြည့်ပါကလည်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဇန်နဝါရီ ၂၂ ရက်အထိ ပြည်ပသို့ ဆန်တင်ပို့မှု အနေဖြင့် တန်ချိန်အားဖြင့် ၉၄၀၄၇၃ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၄၄ သန်းရရှိထားသဖြင့် ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် တစ်သိန်းရှစ်သောင်းနီးပါး လျော့ကျပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၇၂ သန်းလျော့နည်းနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။ယခုနှစ် ဇန်နဝါရီအထိ ပြည်ပသို့ ဆန်တင်ပို့မှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ကာလတူ တင်ပို့မှုထက် ၁၇၅၈၀၅ တန်လျော့နည်းပြီး တန်ဖိုးအမေရိကန်ဒေါ်လာ ၇၂ သန်းလျော့နည်းခဲ့ခြင်းဖြစ်သည်။ဆန်ချောဖြစ်သည့် ပေါ်ဆန်းမှာလည်း ပြည်ပဈေးကွက် မရရှိသဖြင့် ပြည်တွင်း ထုတ်လုပ်စားသုံးမှု ပိုလာနေသည့်တိုင် ပြည်ပဈေးကွက်သို့ တင်ပို့ရန် ခက်ခဲ၍ ပြည်တွင်းလက်ကျန် များနိုင်ကာ ဆန်စပါး ထုတ်လုပ်သူများအတွက် ထိခိုက်မှု ရှိလာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ မြန်မာ့ဆန်စပါးသမိုင်းနှင့် ဆန်စပါးဈေးကွက်၏ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့် စာတမ်းအရ သိရသည်။ထို့ပြင် ပြည်ပတင်ပို့မှုကို ဦးစားပေးမည်ဆိုပါက ပြည်တွင်းရိက္ခာ လုံခြုံမှုနှင့် ဈေးကွက်ပေါက်ဈေး၊ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေး ထိန်းကြောင်းမှု လုပ်ငန်းစဉ်နှင့် အရန်ဆန် ဝယ်ယူထားရှိမှုအား စီမံဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဦးအောင်သန်းဦးက ပြောကြားသည်။                                           

Most Read

Most Recent