ဖေဖော်ဝါရီဒုတိယပတ် ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်း ဒေါ်လာလဲနှုန်း ကျပ်၃၀ လျော့ချ သတ်မှတ်ခဲ့ပြီး တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ သို့ကျ ဆင်းခဲ့ကြောင်း ဗဟိုဘဏ်မှ သိရသည်။
ဗဟိုဘဏ်၏ ရည်ညွှန်းဒေါ်လာ လဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် တစ်ဒေါ် လာသတ်မှတ်နှုန်းကျပ် ၁၂၆၀ မှ ၉ ရက်တွင် တစ်ဒေါ်လာ ၁၂၄၈ ကျပ်သို့ ၁၂ကျပ်လျှော့ ချခဲ့ပြီး ၁၀ ရက်နှင့် ၁၁ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ် ၁၂၃၀ သို့ ၁၂ ကျပ် ထပ်မံလျှော့ချ သတ်မှတ်ခဲ့သည့်အတွက် တစ်ပတ်အတွင်း ကျပ် ၃၀ လျှော့ကျခဲ့သည်။
ထို့အပြင် ဗဟိုဘဏ်အနေဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်အတွင်း နိုင်ငံခြားငွေကြေး လေလံတွင်ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်းသို့ အမေရိကန်ဒေါ်လာ ၂၄၀၀၀၀ ရောင်းချခဲ့ပြီး အဆိုပါလေလံတွင်ဗဟိုဘဏ်မှ ဖေ ဖော်ဝါရီ ၁၀ရက်တွင် ဒေါ်လာ တစ်သန်းပြန် လည်ဝယ်ယူခဲ့သည်။
ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းတွင် ဗဟိုဘဏ် သတ်မှတ်ထားသော ဒေါ်လာလဲနှုန်း သည်၂၀၁၅ ခုနှစ်အတွင်း တစ်ဒေါ်လာလျှင် ၁၃၁၁ ကျပ်အထိ ရောက်ရှိခဲ့ပြီးနောက် ဒီ ဇင်ဘာနောက်ဆုံးပတ်မှ စတင်ကျဆင်းခဲ့ သောဒေါ်လာသတ်မှတ်နှုန်းသည် ဖေဖော်ဝါ ရီ ၁၀ ရက်နှင့် ၁၁ ရက်တွင်တစ်ဒေါ်လာ လျှင်ကျပ် ၁၂၃၀ အထိကျဆင်းခဲ့ပြီး အဆိုပါ သတ်မှတ်လဲနှုန်းတွင် နှစ်ရက်ဆက်အ ပြောင်းအလဲ မရှိကြောင်း သိရသည်။
ဖေဖော်ဝါရီ ၁၀ ရက်တွင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေး လေလံတွင် ဘဏ်နှင့် ငွေကြေးအဖွဲ့အစည်း များထံမှ ဒေါ်လာတစ်သန်းပြန်လည် ဝယ်ယူခဲ့ပြီး အဆိုပါနေ့တွင် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်းမှာ ၁၂၄၆ ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့သည်။
ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၃၅ ကျပ်၊ ၉ ရက်တွင် ၁၂၁၅ ကျပ်မှ ၁၀ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၄၆ ကျပ် ဝန်းကျင်အထိ ဆက်တိုက်မြင့်တက် ခဲ့ခြင်းဖြစ်ပြီး ဖေဖော်ဝါရီ ၁၁ ရက်တွင်တစ် ဒေါ်လာလျှင် ကျပ် ၁၂၄၀ ဝန်းကျင်သို့ ပြန်လည် ကျဆင်းခဲ့သည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့် ဟုဆိုကာဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း နိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက်တစ် ဒေါ်လာ သတ်မှတ်နှုန်းကျပ် ၁၂၀၀ မှစ၍ သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ်ဖေဖော်ဝါရီ ၁၁ ရက်တွင် သတ်မှတ်ဒေါ်လာ လဲနှုန်းသည် ကျပ် ၁၂၃၀ ရှိနေသည်။
ဖေဖော်ဝါရီ ဒုတိယပတ် ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်း ဒေါ်လာလဲနှုန်း ကျပ် ၃၀ လျှော့ချသတ်မှတ်ပြီး တစ်ဒေါ်လာလျှင် ကျပ် ၁၂၃၀ သို့ ကျဆင်း










