ဖေဖော်ဝါရီ ပထမပတ်အတွင်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၃၄ ကျပ်ခန့် ကျဆင်းလာပြီး တစ်ဒေါ်လာလျှင် ၁၂၅၇ ကျပ် ဝန်းကျင်အထိ ဆက်တိုက်ကျဆင်း

ဖေဖော်ဝါရီ ပထမပတ်အတွင်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၃၄ ကျပ်ခန့် ကျဆင်းလာပြီး တစ်ဒေါ်လာလျှင် ၁၂၅၇ ကျပ် ဝန်းကျင်အထိ ဆက်တိုက်ကျဆင်း
Published 5 February 2016
အောင်မြတ်ကို

ဖေဖော်ဝါရီ ပထမတစ်ပတ်အတွင်း ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၃၄ ကျပ်ဝန်းကျင် ကျဆင်းလာပြီး တစ်ဒေါ်လာလျှင် ၁၂၅၇ ကျပ် ဝန်းကျင်အထိ ဆက်တိုက်ကျဆင်းလာကြောင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်ရေး အသိုင်းအဝိုင်းထံမှ သိရသည်။
ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီပထမပတ် လေးရက်ဆက် တစ်ဒေါ်လာလဲနှုန်း ၂၆ကျပ် ဝန်းကျင်ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၈ ကျပ်ဝန်းကျင် ထပ်မံကျဆင်းခဲ့သည့် အတွက် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၅၇ ကျပ် ဝန်းကျင် ရှိခဲ့သည်။
ဖေဖော်ဝါရီ ပထမပတ်အတွင်း  ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၁ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၁၂၉၁ ကျပ် ဝန်းကျင်၊၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၈၆ ကျပ်ဝန်းကျင်မှ ၃ ရက်တွင် ၁၂၇၅ ကျပ်သို့လည်းကောင်း၊ ၄ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၆၅ကျပ်သို့ ထပ်မံ ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၅ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၂၅၇ ကျပ်ဝန်းကျင်သို့ ဆက်တိုက် ကျဆင်းခဲ့သည်။
ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် ဒေါ်လာလဲနှုန်းသည် ဖေဖော်ဝါရီ ၁ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်းမှာ ၁၂၉၃ကျပ် ရှိခဲ့ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၂ကျပ်၊ ဖေဖော်ဝါရီ ၃ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ၁၂၈၉ ကျပ်သို့ သုံးရက်အတွင်း လေးကျပ် လျှော့ချသတ်မှတ်ခဲ့သည့်အပြင် ဖေဖော်ဝါရီ ၄ ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်း ကျပ်၁၂၈၀ သို့ တစ်ရက်အတွင်း ၉ ကျပ် ထပ်မံ လျှော့ချသတ်မှတ်ခဲ့သည့်အပြင် ၅ရက်တွင် တစ်ဒေါ်လာ သတ်မှတ်နှုန်းမှာ ၁၂၇၀ ကျပ်သို့လျှော့ချခဲ့သည်။
ဖေဖော်ဝါရီ ပထမပတ်အတွင်း   ပြင်ပဈေးကွက်ရှိ ဒေါ်လာလဲနှုန်းသည် ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းတွင် ဒေါ်လာသတ်မှတ်နှုန်း တစ်ပတ်အတွင်း၂၃ ကျပ် လျှော့ချခြင်းနှင့်အတူ ၃၄ ကျပ်ဝန်းကျင် လိုက်ပါကျဆင်းခဲ့ပြီး ဒေါ်လာလဲနှုန်း အကျဘက်သို့ ဆက်လက်ဦးတည်လျက်ရှိသည်။
ဖေဖော်ဝါရီ  ၅ ရက် ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေးကျပ် ၁၂၆၄ ဝန်းကျင်၊ ဝယ်ဈေး ၁၂၅၄ ကျပ်ဝန်းကျင်တွင် ရှိနေသည်။
ဖေဖော်ဝါရီ ၅ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၇၀  ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၅၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၅၂ ကျပ် ဝန်းကျင်တွင် ရှိနေသည်။

Most Read

Most Recent