ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တရားရုံးနှစ်ရုံး၌ ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံထားရသည့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) ခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုဇေယျာလွင်ကို ၂၀၁၄ ခုနှစ်က ကမာရွတ်မြို့နယ်၌ ဆန္ဒပြခဲ့မှုဖြင့် ဖေဖော်ဝါရီ ၅ ရက်တွင် ကမာရွတ်မြို့နယ် တရားရုံးက ပုဒ်မ- ၁၈ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ပြီးခဲ့သည့် ၂၀၁၄ခုနှစ် မတ်လ ၃၀ ရက်က ကမာရွတ်မြို့နယ် လှည်းတန်း၊ ဦးထွန်းလင်းခြံလမ်းထိပ်တွင် အမျိုးသားပညာရေး ဥပဒေမူကြမ်းအား ကန့်ကွက်ကြောင်း ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟုဆိုကာ ကိုဇေယျာလွင်နှင့် ကိုထွန်းမင်းခန့်တို့အား ငြိမ်းစုစီ ပုဒ်မ ၁၈ ဖြင့် ယခုကဲ့သို့ တရားစွဲဆို ခံထားရခြင်းဖြစ်ကြောင်း သိရသည်။၎င်းင်းတို့နှစ်ဦးအား ကမာရွတ်တရားရုံး၌ တရားစွဲတင်သည့် ဖေဖော်ဝါရီ ၅ ရက်တွင် ကိုထွန်းမင်းခန့်မှ အာမခံဖြင့် တရားရင်ဆိုင်ရန် ကိုယ်ပိုင်ခံဝန်ဖြင့် အာမခံတင်ခဲ့ပြီး ကမာရွတ်မြို့နယ် တရားသူကြီးမှ ၅ သိန်း တန် ခံဝန်ပေးခဲ့ကြောင်း၊ တရားသူကြီးမှ ယခု တရားစွဲဆိုသော ပုဒ်မ ၁၈ ဖြင့် အပြစ်ရှိ၊ မရှိ မေးမြန်းမှုကို ကိုထွန်းမင်းခန့်မှ အပြစ်မရှိကြောင်း ပြောကြားခဲ့သဖြင့် အမှုမှ တရားလိုနှင့် လိုပြသက်သေများ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့သော် ကိုဇေယျာလွင်မှ ယခုတရားစွဲဆိုသော ပုဒ်မ ၁၈ အား အယုံအကြည် မရှိသည့်အတွက် တရားခွင်အတွင်း တရားရင်ဆိုင် အစစ်ခံမည်မဟုတ်ဟု ကမာရွတ်မြို့နယ် တရားသူကြီးအား တရားခွင်အတွင်း ပြောကြားသည်။
“ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ကျောင်းသားတွေရော တက်ကြွ လှုပ်ရှားသူတွေကိုရော တရားစွဲနေတာက ဒီအစိုးရက အမှုကျန်၊ အမှုဟောင်းတွေကို စစွဲတဲ့သဘောပါ။ ဘာလို့ဒီလိုတွေ တရားစွဲနေရလဲဆိုတဲ့ ရည်ရွယ်ချက်ကိုတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်တို့ကတော့ ပုဒ်မ ၁၈ တွေနဲ့ တရားစွဲဆိုမှုနဲ့ ပတ်သက်ပြီးတော့ နောက်ထပ် ထပ်စွဲလာမယ့် အမှုတွေအားလုံးကို ကျွန်တော်တို့က တရားရင်ဆိုင်မှာ မဟုတ်ဘူး။ တရားရုံးရဲ့ တရားခွင်မှာ ကျွန်တော်တို့ ပုဒ်မ ၁၈ နဲ့ အစစ်ဆေးခံမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပုဒ် မ ၁၈ ကို လုံး၀ မယုံကြည်ဘူး။ လုံး၀ မတရားတဲ့ ပုဒ်မဖြစ်တယ်။ အခုတက်မယ့် အစိုးရသစ်လက်ထက်မှာ ပယ်ဖျက်ရမည့် ပုဒ်မတွေထဲမှာ ထိပ်ဆုံးကပါတဲ့ ဥပဒေပုဒ်မတွေလို့ဘဲ ကျွန်တော်တို့က မြင်တယ်။ ဒီဟာကို ကျွန်တော်တို့က တရားရုံးမှာ ရင်ဆိုင်မယ်ဆိုရင် ဒီဥပဒေ ပုဒ်မကို လက်ခံပေးရာ ရောက်မယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီဥပဒေကို မရင်ဆိုင်တာပါ”ဟု ကိုဇေယျာလွင်က ဖေဖော်ဝါ ရီ ၅ ရက်က ပြောကြားသည်။
လက်ရှိအချိန်တွင် ကိုဇေယျာလွင်မှာ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ကျောက်တံတားမြို့နယ်နှင့် ပန်းဘဲတန်းမြို့နယ်အတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား၂၅ရာခိုင်နှုန်း ထွက်သွားပေးရေး ဆန္ဒပြမှုဖြင့် သက်ဆိုင်ရာမြို့နယ် တရားရုံး နှစ်ရုံးတွင် ပုဒ်မ ၅၀၅(ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် လည်းကောင်း၊ ကမာရွတ်မြို့နယ် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့်လည်းကောင်း တရားစွဲဆိုခံထားရပြီး လှိုင်မြို့မရဲစခန်းတို့တွင် ငြိမ်းစုစီပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခံထားရကြောင်း သိရသည်။
ထိုသို့ ပြည်သူလူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များကို ကန့်သတ်ထားသည့် ငြိမ်းစုစီပုဒ်မ ၁၈ဖြင့် တရားစွဲဆိုမှုများအား (တကသ) ကျောင်းသားများအဖွဲ့က တရားရင်ဆိုင်သွားမည် မဟုတ်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်များက အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ပုံစံအမျိုးမျိုးဖြင့် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ) အဖွဲ့ဝင်ကျောင်းသားများနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် ကျောင်းသားများအား သက်ဆိုင်ရာက အမှုဟောင်းများဖြင့် တရားစွဲဆိုမှုများ ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်တရားရုံးနှစ်ရုံးက ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲထားသည့် တကသ ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်အား ၂၀၁၄ ခုနှစ်က ဆန္ဒပြမှုဖြင့် ကမာရွတ်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲ















