အိမ်ထောင်ရှိလျက်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းသူအား သက်ဆိုင်ရာ ရဲစခန်းက သားမယားပြုကျင့်မှုဖြင့် အမှုဖွင့်

အိမ်ထောင်ရှိလျက်နှင့် ၁၄ နှစ်အရွယ် မိန်းကလေးကို ခိုးယူပေါင်းသင်းသူအား သက်ဆိုင်ရာ ရဲစခန်းက သားမယားပြုကျင့်မှုဖြင့် အမှုဖွင့်
Published 5 February 2016

ရွှေပြည်သာ မြို့နယ်၌ ၁၄ နှစ်အရွယ် မိန်းကလေးကို အိမ်ထောင်ရှိလျက်နှင့် ခိုးယူပေါင်းသင်းခဲ့သူအား သက်ဆိုင်ရာ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေ ရဲစခန်းတွင် သားမယား ပြုကျင့်မှုဖြင့် အမှုဖွင့်ထားပြီး ဖေဖော်ဝါရီ ၅ ရက်က စုံစမ်းသိရသည်။ဇန်နဝါရီ  ၂၄ ရက် ညနေ ၅ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ်ကွက်နေ ဒေါ်......(၃၄ နှစ်) သည် နေအိမ်တွင် ရှိနေစဉ် သမီးဖြစ်သူ မ.......(၁၄ နှစ်) သည် စက်ဘီးစီးမည်ဟုပြောပြီး အောင်သုခလမ်းဘက်သို့ ထွက်သွားရာ နေအိမ်သို့ပြန်လည် ရောက်ရှိလာခြင်း မရှိသဖြင့် မိခင်ဖြစ်သူက လိုက်လံရှာဖွေခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ရှာဖွေရာ တစ်ရပ်ကွက်တည်းနေ ဝင်းနိုင် (ခ) ကုလား (၁၇ နှစ်) ၏ဇနီးဖြစ်သူထံသို့ သွားရောက်မေးမြန်းရာ ဝင်းနိုင်မှာလည်း နေအိမ်တွင် မရှိကြောင်း၊ ဝင်းနိုင်၏ အစ်မဖြစ်သူနေအိမ်သို့ သွားရောက်ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ပေ။ ယင်းနောက် သမီးဖြစ်သူအား ဆက်လက်ရှာဖွေနေခဲ့ပြီး ဖေဖော်ဝါရီ  ၄ ရက်တွင် မရမ်းကုန်းမြို့နယ်၊ သမိုင်း (၈) လမ်း၊ ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခုအနီးတွင် ဝင်းနိုင်နှင့်အတူ သမီးဖြစ်သူ မ...... အားတွေ့ရှိခဲ့ပြီး သမီးဖြစ်သူအား မေးမြန်းခဲ့ကြောင်း သိရသည်။မေးမြန်းရာ စက်ဘီးစီးထွက်လာသည့်နေ့တွင် လွန်ခဲ့သည့် သုံးရက်လောက်က ရည်းစားဖြစ်ခဲ့ဖူးသည့် ဝင်းနိုင်က ၎င်း၏သူငယ်ချင်း နေအိမ်ရှိသည့် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ ထန်ထောင့်ကျေးရွာသို့ ခေါ်ဆောင်သွားခဲ့ပြီး ယင်းနေအိမ်၌ သားမယားအဖြစ် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သိရသဖြင့် မိခင်ဖြစ်သူက ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်ကို လှော်ကားနယ်မြေ ရဲစခန်းက (ပ)၅၀/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ကာ ကျူးလွန်သူအား ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent