ရေပူဆရာတော်၏ အမှုကိစ္စအား တရားရုံးမှ ဆုံးဖြတ်ချက် မချသေးဘဲ သတင်းစာ၊ဂျာနယ်များတွင် လျှောက်ဖွရေးသားနိုင်သလားဟု မိုးကုတ်မြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥက္ကာက ဖေဖော်ဝါရီ ၃ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် တရားသူကြီးအား မေးခွန်းထုတ်ခဲ့သည်။သစ်မှုနှင့်ပတ်သက်၍ ရေပူဆရာတော်အား ဖေဖော်ဝါရီ ၃ ရက်က ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ တရားလိုပြသက်သေများဖြစ်သည့် စည်ပင်သာယာရေးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းလတ်နှင့် မြို့နယ် သစ်တောဌာနမှ တောအုပ် ဦးကိုကိုကြီးတို့ကို နှစ်ဖက်ရှေ့နေများက အပြန်အလှန် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥက္ကာအား ရုံးတော်မှ ဆက်လက်စစ်ဆေးရာ စစ်ဆေးနေစဉ် ရေပူဆရာတော်နှင့် အရပ်သားလေးဦးတို့ကို မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပြန်လည်ပို့ဆောင်ရန် အချိန်နီးကပ်လာသဖြင့် စစ်ဆေးမှုမပြီးခင် ရပ်နားခဲ့ကြောင်း သိရသည်။စစ်ဆေးမှု ရပ်နားခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဥက္ကာက“ဆရာတော်အမှုကို တရားရုံးက ဆုံးဖြတ်ချက်မချသေးခင် ဖေ့ဘုတ်နဲ့ သတင်းစာ၊ ဂျာနယ်တွေက လျှောက်ဖွရေးသားနေတာဟာ လုပ်လို့ရလား” ဟု မြို့နယ်တရားသူကြီးကို မေးမြန်းခဲ့ရာ ရေပူဆရာတော်မှ ယင်းကိစ္စသည် တရားသူကြီးနှင့် မသက်ဆိုင်ဘဲ မီဒီယာများကိုသာ မေးမြန်းရန် ပြောကြားခဲ့သည်။“ဒီနေ့ စစ်ဆေးမှုမှာ ဦးဥက္ကာကို စစ်ဆေးနေချိန် တစ်ဝက်တစ်ပျက်နဲ့ စစ်ဆေးမှုကို ရပ်နားခဲ့တဲ့အတွက် နောက်လာမယ့် ရုံးချိန်းမှာ ဦးဥက္ကာကို ဆက်လက် စစ်ဆေးသွားဖို့ ရှိတယ်။ ကျောက်မျက်မှု ရုံးပြောင်းလျှောက်တာနဲ့ သာသနာညှိုးနွမ်းစေမှု ချေဖျက်ဖို့ပေးဖို့ လျှောက်ထားမှုကိုလည်း တိုင်းတရားလွှတ်တော်က ပယ်ချလိုက်တဲ့အတွက် ကျောက်မျက်မှုကို ပြင်ဦးလွင်ခရိုင်တရားရုံးမှာပဲ ဆက်စစ်သွားမယ်။ သာသနာညှိုးနွမ်းမှုကိုလည်း မြို့နယ်ရုံးမှာ ဆက်စစ်သွားမယ်”ဟု ရေပူဆရာတော်၏ အကျိုးတော်ဆောင်ရှေ့နေ ဒေါ်မြနီလာစိုးက ပြောကြားသည်။မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့ရှိ ရေပူကျောင်းဆရာတော်သည် ကျောင်းဝင်းအတွင်းရှိ ရှေးဟောင်းစေတီဘုရားများကို ရှင်းလင်း၍ ဓာတ်ပေါင်းစုစေတီတစ်ဆူ တည်ထားကိုးကွယ်ရန် မြေညှိရှင်းလင်းခြင်းတို့ ဆောင်ရွက်ရာမှ တရားမဝင် ကျောက်မျက်တူးဖော်သည်ဟုဆိုကာ ကျောက်မျက်ဌာနမှ အမှုဖွင့်တရားစွဲဆိုခဲ့ပြီး သာသနာညှိုးနွမ်းစေသည်ဟုဆိုကာ စေတီဟောင်းများ၏ အလှူရှင်ဟုဆိုသူ ဦးဖေစိန်မှ တရားစွဲဆိုခဲ့ကြောင်း၊ ယင်းအမှုနှစ်ခုအပြင် ဆရာတော်၏ ကျောင်းဝင်းအတွင်း ကျောင်းဆောက်လုပ်ရန် ဝယ်ယူစုဆောင်းထားသည့် သစ်များနှင့် ပတ်သက်၍ သစ်တောဌာနမှ သစ်တောဥပဒေပုဒ်မဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါအမှုသုံးခုဖြင့် ဇွန် ၉ ရက် ညပိုင်းက ဆရာတော်အား လူဝတ်လဲစေ၍ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး စေတီများဖြိုဖျက်မှုနှင့် ပတ်သက် ၍ (ပ)၆၄/၂၀၁၅ ပြစ်မှုပုဒ်မ၂၉၅ ဖြင့်လည်းကောင်း၊ မြေစာများအား ရေပိုက်များဖြင့် ထိုးပတ်မှုကို (ပ) ၆၃/၂၀၁၅ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေပုဒ်မ ၄၁ (က) (ခ)အရ လည်းကောင်း၊ သစ်စုပုံထားခြင်းနှင့် ပတ်သက်၍ သစ်တောပုဒ်မ ၄၂(ခ)ဖြင့် အမှုဖွင့်အရေးယူထားရှိရာ ဆရာတော်အနေဖြင့် တရားရင်ဆိုင်ခဲ့ရသည်မှာ ခုနစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း၊ စေတီဟောင်းများ ရှင်းလင်းရာတွင် အသုံးပြုသည့် စက်ယန္တရားမောင်းသူ အရပ်သားလေးဦးမှာလည်း ဆရာတော်နှင့်အတူ သာသနာညှိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှုတို့ဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။ရေပူကျောင်းဆရာတော်ကို ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးကုတ်မြို့နယ်တရားရုံး တွင် ပထမအကြိမ် ရုံးထုတ်မှု ပြုလုပ်ခဲ့ရာ ဒုတိယအကြိမ် ရုံးထုတ်မှုကို ဇူလိုင် ၇ ရက်က ပြင်ဦးလွင်ခရိုင် တရားရုံးသို့ စတင်ပြောင်းရွှေ့ ရုံးထုတ်ခဲ့ပြီး ယင်းနောက် ကျောက်မျက်ဥပဒေ နှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် တရားရုံးတွင် လည်းကောင်း၊ သစ်စုပုံထားခြင်း နှင့် သာသနာညှိုးနွမ်းစေမှုတို့ကို ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် လည်းကောင်း နှစ်ရုံးခွဲကာ ရုံးထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။စွဲဆိုထားသည့် ပုဒ်မသုံးခုအနက် ကျောက်မျက်မှုနှင့်ပတ်သက်၍ လာမည့် ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံး၌ ဆက်လက်ရုံးထုတ်သွားမည်ဖြစ်ပြီး သစ်မှုနှင့် သာသနာညှိုးနွမ်းစေမှုအတွက် ပြင်ဦးလွင်မြို့ နယ် တရားရုံးတွင် ဖေဖော်ဝါရီ ၁၀ ရက်တွင် ထပ်မံရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ယခင်က ရေပူကျောင်းဆရာတော်ကို မိုးကုတ်မြို့တောင် ကချင်ရပ်ရှိ အချုပ်ထောင်တွင် ထားရှိရာမှ ဇူလိုင် ၂ရက်တွင် ပြင်ဦးလွင်သို့ ပြောင်းရွှေ့ခဲ့ပြီး ဇူလိုင် ၇ ရက်မှ စတင်၍ ယနေ့အချိန်ထိ မန္တလေးအိုးဘို အကျဉ်းထောင်သို့ ပြောင်းရွှေ့ထားရှိကြောင်း သိရသည်။
ရေပူဆရာတော်၏ အမှုကိစ္စအား တရားရုံးမှ ဆုံးဖြတ်ချက် မချသေးဘဲ သတင်းစာ၊ ဂျာနယ်များတွင် ရေးသားနိုင်သလားဟု မိုးကုတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဥက္ကာ မေးခွန်းထုတ်ခဲ့ရာ မီဒီယာများကိုသာ မေးမြန်းရန် တရားသူကြီး ဖြေကြား















