၂၀၁၅ ခုနှစ် ဒီဇင်ဘာ အတွင်းက ကမာရွတ်မြို့နယ်ရှိ ထမင်းဆိုင်တွင် ဓားဖြင့် ဝင်ခုတ်မှု ကျူးလွန်သူ ကြေးစားလူမိုက်များအား ဖမ်းဆီးအရေးယူခဲ့ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ပြီးခဲ့သည့် ဒီဇင်ဘာ ၂၃ ရက်က ည ၇ နာရီခန့်တွင် ကမာရွတ်မြို့နယ်ရှိ ထွန်းသစ် ထမင်းဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာထိုက် (၄၂)နှစ်သည် ၎င်း၏ အမျိုးသားနှင့်အတူ ထမင်းစားနေစဉ် ဆိုင်အတွင်းသို့ အမျိုးသားနှစ်ဦး ဝင်လာပြီး ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ယင်းသို့ ဓားဖြင့် အခုတ်ခံရသဖြင့် ခင်ပွန်းဖြစ်သူတွင် ဝဲလက်မ၊ လက်ဖဝါး ပြတ်ရှဒဏ်ရာ၊ ကျောကုန်း ညိုမည်းဒဏ်ရာများ ရရှိကြောင်း၊ အမျိုးသားနှစ်ဦးမှာ သတ်မည်ဟု ခြိမ်းခြောက်သဖြင့် ဒေါ်ဥမ္မာထိုက်မှ ဆိုင်နောက်ဖေးသို့ ထွက်ပြေးအော်ဟစ် အကူအညီ တောင်းခံခဲ့ရာ ပတ်ဝန်းကျင်မှလူများ ရောက်ရှိလာစဉ် ဓားဖြင့်ခုတ်သူ နှစ်ဦးမှာ ဆိုင်ကယ်ဖြင့် အသင့်စောင့်ဆိုင်းနေသော အမျိုးသားတစ်ဦးနှင့်အတူ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်အား ကမာရွတ်မြို့မ ရဲစခန်းသို့ တိုင်ကြားခဲ့သဖြင့် (ပ)၅၂၂/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၂၆/၅၀၆/၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ရာ ဓားဖြင့်ခုတ်ရာတွင် ပါဝင်သူ နှစ်ဦးဖြစ်သည့် လှိုင်သာယာမြို့နယ်နေ လှမျိုးသူ(ခ)မျိုးသူ(ခ)ပြောင်ကြီး (၃၁)နှစ် နှင့်ရဲလင်းထိုက် (ခ) ကိုရဲ (၁၉)နှစ်ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းတို့မှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းသို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသဖြင့် လေးမျက်နှာ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ရွာသာကုန်းကျေးရွာတွင် ဆိုင်ကယ်တစ်စီး၊ ငွေကျပ်ငါးသိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသူ နှစ်ဦးအား ဆက်လက်စစ်ဆေးရာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က လှိုင်သာယာမြို့နေ တင်မျိုးသိန်း(ခ) တင်မျိုးနိုင်(ခ) ကျားလက်ဝါး၊ စိုးထိုက်၊ အညာလေးတို့နှင့် တွေ့ဆုံစဉ် တင်မျိုးသိန်းက ထမင်းဆိုင်ပိုင်ရှင် ဒေါ်ဥမ္မာထိုက်၏ ခင်ပွန်းအား လက်နှင့်ကျောကုန်းတို့ကို ဓားဖြင့်ခုတ်ပေးပါက ငွေကျပ် ၁၀ သိန်း ပေးမည်ဟု ပြောကြောင်း၊ အဆိုပါ နေရာအား ၎င်းတို့ လိုက်ပြပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တင်မျိုးသိန်းက ကင်ဒိုဓား တစ်ချောင်းစီပေး၍ ခုတ်ခိုင်းကြောင်း၊ ရဲလင်းထိုက်(ခ)ကိုရဲကို ဆိုင်ကယ် အသင့်စောင့်ခိုင်းခဲ့ကြောင်း သိရသည်။ထို့နောက် လှမျိုးသူ၊ တင်မျိုးသိန်း၊ စိုးထိုက်၊ ဘင်ကြီး၊ အညာသားနှင့် အမည်မသိ တစ်ဦးတို့မှာ အငှားယာဉ်ဖြင့် ကမာရွတ်မြို့နယ်ရှိ ထမင်းဆိုင်သို့ သွားရောက်ခဲ့ပြီး ထမင်းဆိုင် အတွင်းသို့ လှမျိုးသူနှင့် စိုးထိုက်တို့နှစ်ဦးမှာ ဓားဖြင့်ဝင်ခုတ်ခဲ့ပြီး အသင့်စောင့်နေသည့် ရဲလင်းထိုက်(ခ)ကိုရဲ၏ ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ ထို့နောက် ထွက်ပြေးသည့် နေရာသို့ တင်မျိုးသိန်းက ငွေကျပ် ၁၀ သိန်း လာရောက်ပေးခဲ့ကြောင်း သိရသည်။ယင်းသို့ ကျူးလွန်သူတို့အား ရဲတပ်ဖွဲ့မှာ စုံစမ်းဖမ်းဆီးရာ ဖေဖော်ဝါရီ ၂ ရက်တွင် တင်မျိုးသိန်း(ခ) တင်မျိုးနိုင်(ခ) ကျားလက်ဝါးနှင့် စိုးထိုက်တို့နှစ်ဦးအား ထပ်မံဖမ်းဆီး ရမိခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသူများအား ဖမ်းဆီးရမိရေး ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်းက ကမာရွတ်မြို့နယ်ရှိ ထမင်းဆိုင် တစ်ဆိုင်တွင် ဓားဖြင့်ဝင်ခုတ်မှု ကျူးလွန်ခဲ့သူ ကြေးစား လူမိုက်များအား ဖမ်းဆီး အရေးယူ