ကျူးကျော်နေအိမ်များအား (ဇန်နဝါရီလ ၂၅ ရက်) အတွင်း အပြီးဖယ်ရှား ရှင်းလင်းပေးရန် သက်ဆိုင်ရာမှ အသိပေး အကြောင်းကြားထားခဲ့သည့် မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင်ကျေးရွာအုပ်စု၊ မြဲမြံအောင် စိုက်ခင်းရပ်တွင်းရှိ ကျူးကျော်နေအိမ်များကို ယနေ့ (ဇန်နဝါရီ ၂၆ ရက်) နံနက် ၇ နာရီခန့်တွင် လူအင်အားနှင့် ဘူဒိုဇာများ အသုံးပြုကာ စတင်ဖျက်နေပြီဖြစ်ကြောင်း သိရှိရသည်။















