တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းကြီးနှစ်ခုဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတတ် (UMEHL) နှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) တို့သည် နိုင်ငံပိုင်လုပ်ငန်းများသာ ရရှိသည့် အခွန်ကင်းလွတ်ခွင့်များအပြင် ၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်အထိ အခွန်ကင်းလွတ်ခွင့် ရရှိထားသော်လည်း နိုင်ငံ့အတွက် ပြန်လည်ထည့်ဝင်မှုအပိုင်းတွင် အခြားသော နိုင်ငံပိုင်လုပ်ငန်းများကဲ့သို့ ဖြစ်မနေ၍ ထိုလုပ်ငန်းနှစ်ခု၏ နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းမှုနှင့် ပံ့ပိုးမှုများအပါအဝင် အကျိုးခံစားခွင့်များ တရားဝင်ထုတ်ဖော်ပေးရန် အရပ်ဘက်အဖွဲ့အစည်း ၅၂၀ ခန့်ဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံ EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရေးလုပ်ဆောင်မှု သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့ဝင် MATA က ဇန်နဝါရီ ၂၀ ရက်တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ (MATA) မြန်မာနိုင်ငံ၏ ပထမအကြိမ် (EITI) အစီရင်ခံစာတွင် ပါဝင်သည့် လုပ်ငန်းကဏ္ဍများနှင့် ပတ်သက်၍ အကြံပြုချက်များနှင့် လုပ်ငန်းစဉ်များအကြောင်း ပြောကြားသည့် EITI နှင့် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေး အနာဂတ်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်ပိုင်လုပ်ငန်းနှစ်ခုနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။“ဦးပိုင်ရဲ့ အခန်းကဏ္ဍမှာဆိုရင် နိုင်ငံပိုင် ကုမ္ပဏီလိုလို၊ ပုဂ္ဂလိကပိုင် ကုမ္ပဏီလိုလို တင်ပြထားတယ်။ နိုင်ငံပိုင်လုပ်ငန်းတွေရတဲ့ အခွင့်အရေးပိုင်းဆိုင်ရာတွေမှာတော့ နိုင်ငံပိုင်လုပ်ငန်းတွေထက်တောင် ပိုပြီးတော့ အခွင့်အရေးယူတာတွေ အများကြီးရှိပါတယ်။ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပြန်ပြီးတော့ ကြည့်လိုက်တော့ ဦးပိုင်ကုမ္ပဏီကြီး ရဲ့ စာရင်းစစ်တာကအစ တပ်မတော်စာရင်းစစ်ချုပ်ရုံးက စာရင်းစစ်တာတို့စတဲ့ နိုင်ငံတော်ရဲ့ အရင်းအမြစ်တွေကို သုံးတာဖြစ်နေတယ်။ သူတို့ရဲ့ နိုင်ငံတော်အတွက် ပြန်လည်ထည့်ဝင်မှု ကျတော့ အခြားနိုင်ငံပိုင်လုပ်ငန်းစုကြီးတွေလို ဖြစ်မနေတာ တွေ့ရတယ်။ အဲဒါက အမြင်သာဆုံး ကွဲလွဲချက်ဖြစ်ပါတယ်” ဟု MATA မှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲသိမ်းဦးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။တပ်မတော်ပိုင် လုပ်ငန်းနှစ်ခုအနေနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများနှင့် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်နေပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အရေးပါသည့် အခြေအနေတွင် ရှိနေသည်။ ထို့ကြောင့် ထိုလုပ်ငန်းကြီးနှစ်ခုအနေနှင့် EITI အစီရင်ခံစာ လုပ်ငန်းစဉ်တွင် ငွေကြေးပမာဏ မည်မျှပင်ဖြစ်စေ အစိုးရပိုင်စီးပွားရေးလုပ်ငန်းများကဲ့သို့ မှတ်ယူဆွေးနွေးရန် သင့် မသင့်ကို ဆွေးနွေးရန် အကြံပြုတိုက်တွန်းသည်ဟု MATA ၏ ထုတ်ပြန်ချက်က ဆိုသည်။“ဖားကန့်မှာဆိုရင်လည်း ဦးပိုင်က ပိုင်တာတွေရှိတယ်။ ဒါပေမဲ့ ဘာတွေ့ရလဲဆိုတော့ သူတို့က လက်လွှဲပြန်ရောင်းတာမျိုး ဖြစ်နေတယ်။ သတ္တုတွင်းဥပဒေအရ လက်လွှဲပြန်ရောင်းလို့ မရဘူး။ ပြဿနာတော်တော်ရှိတယ်။ လက်လွှဲပေးလို့ မရဘူး၊ အဲဒီအတွက် ကျွန်မတို့က သတ္တုတွင်းဝန်ကြီးဌာနကို မေးခိုင်းတယ်။ ခက်တာက သတ္တုတွင်းဝန်ကြီးဌာန ကိုယ်တိုင်က မမေးရဲဘူး။ ဒီဟာက စစ်တပ်က ပိုင်တဲ့ဟာဆိုပြီး ဥပဒေ နဲ့မညီ လက်လွှဲပေးနေတာကို သိသိကြီးနဲ့ မမေးရဲဘူးပေါ့။ ဖားကန့်မှာဆိုရင် ကုမ္ပဏီ ၈၅၀ လောက် ရှိတယ်။ ဥပဒေစိုးမိုးမှု မရှိဘူး။ လုပ်ချင်တိုင်း လုပ်နေတယ်။ ဖြစ်ချင်တိုင်း ဖြစ်နေတယ်။ သတ္တုတွင်းဒုဝန်ကြီး ပြောသွားတာ ရှိတယ်။ လူတွေသေတာတောင်မှပဲ ပစ္စလက္ခတ် ကိုယ်ချင်းစာစိတ်မရှိ ဖြေသွားတာက ကျွန်မတို့ တိုင်းပြည်အတွက် အင်မတန်မှပဲ စိုးရိမ်စရာကောင်းတယ်။ တပ်မတော်ပိုင် လုပ်ငန်းနှစ်ခုကို တပ်မတော်စာရင်းစစ်ချုပ်ရုံးက စာရင်းစစ်တယ်။ သူတို့က ၂၀၁၃-၂၀၁၄ အထိ အခွန်ကင်းလွတ်ခွင့် ရထားပြီးတော့ ၂၀၁၄-၂၀၁၅ မှ အခွန်စဆောင်တယ်။ ဘယ်လောက်ထိ ဆိုးရွားလည်းဆိုရင် လက်ပံတောင်းတောင် စီမံကိန်းမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစီရင်ခံစာအပြီးမှာ စာချုပ်ပြင်ဆင် ချုပ်ဆိုတယ်။ စာချုပ်ပြင်ဆင်ချုပ်ပြီဆိုတာနဲ့ Signature Bonus တွေရတယ်။ ၂၀၁၃ မှာ ပြင်ဆင်ချုပ်ဆိုတဲ့အတွက် လက်ပံတောင်းတောင် စီမံကိန်းထုတ်လုပ်နိုင်မှု မရှိသေးပေမယ့် Signature Bonus ကတော့ စဝင်နေပြီ။ ဒါကို သတ္တုတွင်းဝန်ကြီးဌာနက ဘာဖြေသလဲဆိုတော့ အခုနှစ်မှ ဝင်မယ်၊ မဝင်သေးပါဘူးဖြေတယ်။ အဲဒီလိုမျိုးအခြေအနေတွေ တွေ့ရတယ်”ဟု MATA မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မိုးမိုးထွန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။တပ်မတော်ပိုင် လုပ်ငန်းကြီး နှစ်ခုအနေနှင့် အစိုးရနှင့် ဘဏ္ဍာရေးဆိုင်ရာ ပတ်သက်ဆက်နွှယ်နေမှုနှင့် လက်ရှိကျင့်သုံးနေသည့် စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများရှိ အကျိုးခံစားခွင့်ရှိသည့် ပိုင်ဆိုင်မှုအခြေအနေများ၊ နိုင်ငံတော် ဘတ်ဂျက်သို့ ပေးသွင်းမှုနှင့် ပံ့ပိုးမှုများ၊ လူမှုဝန်ဆောင်မှုများ၊ အများပြည်သူအတွက် အခြေခံအဆောက်အအုံများ၊ လောင်စာဆီအတွက် ပံ့ပိုးမှုများနှင့် နိုင်ငံတော်ကြေးမြီ ပေးဆပ်မှုများစသည့် တစ်ဝက်တစ်ပျက် ဘဏ္ဍာရေး အသုံးစရိတ်များ၊ နိုင်ငံအတွင်း လုပ်ကိုင်နေသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီများနှင့် ချေးငွေ၊ ချေးငွေဆိုင်ရာ အာမခံပေးငွေတို့နှင့် ပတ်သက်သည့် ငွေပေးငွေယူကိစ္စရပ်များစသည့် အချက်များကိုလည်း တရားဝင်ထုတ်ဖော်ပေးရန် လိုအပ်မည်ဖြစ်ကြောင်းဟု MATA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်ပိုင် UMEHL နှင့် MEC တို့သည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အထိ အခွန်ကင်းလွတ်ခွင့် ရရှိထားပြီး နိုင်ငံအတွက် ပြန်လည်ထည့်ဝင်မှုအပိုင်းတွင် အခြားနိုင်ငံပိုင် လုပ်ငန်းများကဲ့သို့ဖြစ်မနေ၍ ထိုလုပ်ငန်းနှစ်ခု၏ နိုင်ငံတော်ဘတ်ဂျက်သို့ ပေးသွင်းမှုနှင့် ပံံ့ပိုးမှုများအ















