ဇန်နဝါရီ တတိယပတ် ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်ဝန်းကျင် ရှိနေကြောင်း စုံစမ်းသိရသည်။ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်း သည် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်များတွင် နှစ်ရက်အတွင်း ၁၂ ကျပ်ဝန်းကျင် (၁၃၀၄ ကျပ်ဝန်းကျင်) မြင့်တက်ခဲ့သည်။ ဇန်နဝါရီ ၁၄ ရက်တွင် ထပ်မံမြင့်တက်ခြင်းမရှိဘဲ တစ်ဒေါ်လာလျှင် ကျပ် ၁၃၀၀ ဝန်းကျင်ရှိပြီး ၁၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်ဝန်းကျင်ရှိခဲ့သည်။ဇန်နဝါရီ ၁၅ ရက်တွင် ဖြစ်ပေါ်နေသော နိုင်ငံခြားငွေလဲနှုန်းများမှာ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းတွင် တစ်ဒေါ်လာလျှင် ၁၂၉၉ ကျပ်သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာလဲနှုန်းမှာ ရောင်းဈေး ၁၂၉၉ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ၁၂၉၅ ကျပ်ဝန်းကျင်၊ စင်ကာပူတစ်ဒေါ်လာလျှင် ရောင်းဈေး ကျပ် ၉၁၀ ဝန်းကျင်၊ ဝယ်ဈေး ၉၀၂ ကျပ်ဝန်းကျင် ယူရိုလဲနှုန်းမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၄၁၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၄၀၅ ကျပ် ဝန်းတွင် ရှိနေသည်။ဗဟိုဘဏ်၏ သတ်မှတ်ရည်ညွှန်းငွေလဲနှုန်းသည် ဇန်နဝါရီဒုတိယပတ် ၇ ရက် တစ်ဒေါ်လာလဲနှုန်း ၁၃၀၃ ကျပ်၊ ဇန်နဝါရီ ၈ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်းမှာ ၁၃၀၂ ကျပ်၊ ၁၁ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်းကျပ် ၁၃၀၀၊ ၁၂ ရက်နှင့် ၁၃ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၉၈ ကျပ်သို့ လျှော့ချသတ်မှတ်ထားပြီး ၁၄ ရက်နှင့် ၁၅ ရက်တွင် တစ်ဒေါ်လာသတ်မှတ်နှုန်း ၁၂၉၉ ကျပ် သတ်မှတ်ထားသည်။ဇန်နဝါရီ ၁၅ ရက် နိုင်ငံခြားငွေကြေး လေလံတွင် ဗဟိုဘဏ်မှ တစ်ဒေါ်လာ ၁၂၉၉ ကျပ်ဖြင့် အမေရိကန်ဒေါ်လာတစ်သန်းကို ရောင်းချခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၃၀၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၈၇ ကျပ်ဝန်းကျင်တွင် ရှိနေသည်။တရားဝင် ငွေလဲလှယ်ရေးလုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်းတွင် လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ နေ့စဉ်သတ်မှတ်ပေးနေသည့် ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းနှင့် ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးကွက်မှာ ကွာဟချက် များနေခြင်းကြောင့်ဟု ဆိုကာ ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို ၂၀၁၅ ခုနှစ် ဇူလိုင် ၁၃ ရက် တစ်ဒေါ်လာသတ်မှတ် နှုန်းကျပ် ၁၂၀၀ မှ စ၍သတ်မှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် သတ်မှတ်ဒေါ်လာလဲနှုန်းသည် ၁၂၉၉ ကျပ်ရှိနေသည်။















