ပြီးခဲ့သည့်နှစ်တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၌ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အချိန်မီသွင်းသည့် ကုမ္ပဏီ ၉၅ ရာခိုင်နှုန်းနှင့် ၉၁ ရာခိုင်နှုန်း ရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် ဒုတိယ သုံးလပတ်တွင် ရာခိုင်နှုန်း ၅၀ အောက်သာ...

ပြီးခဲ့သည့်နှစ်တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၌ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အချိန်မီသွင်းသည့် ကုမ္ပဏီ ၉၅ ရာခိုင်နှုန်းနှင့် ၉၁ ရာခိုင်နှုန်း ရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် ဒုတိယ သုံးလပတ်တွင် ရာခိုင်နှုန်း ၅၀ အောက်သာ...
Published 15 January 2016
ဇော်ဝေ

ပြီးခဲ့သည့်နှစ်တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၌ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အချိန်မီသွင်းသည့် ကုမ္ပဏီ ၉၅ ရာခိုင်နှုန်းနှင့် ၉၁ ရာခိုင်နှုန်း ရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် ဒုတိယ သုံးလပတ်တွင် ရာခိုင်နှုန်း ၅၀ အောက်သာ တင်သွင်းမှုရှိ
ပြီးခဲ့သည့်နှစ်တွင် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၌ ဝင်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အချိန်မီသွင်းသည့် ကုမ္ပဏီ ၉၅ ရာခိုင်နှုန်းနှင့် ၉၁ ရာခိုင်နှုန်း အသီးသီးရှိခဲ့သော်လည်း လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်နှင့် ဒုတိယသုံးလပတ်တွင် ရာခိုင်နှုန်း ၅၀ အောက်သာ အခွန်ကြေညာလွှာ တင်သွင်းမှုရှိကြောင်း သိရသည်။
အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတွင် ဇန်နဝါရီ ၁၃ ရက်က အခွန်ထမ်းများနှင့် တွေ့ဆုံရှင်းလင်းပွဲတွင် အခွန်ထမ်း လိုက်နာမှုဆိုင်ရာ စိစစ်စစ်ဆေးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ပြောကြားသည်။
ဇွန် ၃၀ ရက်အမီ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အခွန်ကြေညာလွှာ အချိန်မီတင်သွင်းသည့် အခွန်ထမ်း အရေအတွက်မှာ ၉၅ ရာခိုင်နှုန်းရှိကြောင်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ပထမသုံးလပတ်တွင် ကြိုတင်ဝင်ငွေခွန် ပေးသွင်းခြင်းမရှိ အခွန်ထမ်း အရေအတွက်မှာ ၆၈ ရာခိုင်နှုန်း၊ ဒုတိယသုံးလပတ်တွင် ၆၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ ကုန်သွယ် လုပ်ငန်းခွန် အနေဖြင့် ပထမသုံးလပတ်နှင့် ဒုတိယ သုံးလပတ်အတွင်း လုံးဝပေးသွင်းခြင်း မရှိသည့် အခွန်ထမ်း အရေအတွက်  ၅၆ ရာခိုင်နှုန်း၊ ခြောက်လအတွင်း တစ်ကြိမ် ပေးသွင်းသည့် အခွန်ထမ်း အရေအတွက် ၁၁ ရာခိုင်နှုန်း၊ ခြောက်လအတွင်း အခွန်နှစ်ကြိမ်သာ ပေးသွင်းသည့် အခွန်ထမ်း အရေအတွက် ခြောက်ရာခိုင်နှုန်း၊ ခြောက်လအတွင်း အခွန်သုံးကြိမ် ပေးသွင်းသည့် အခွန်ထမ်း အရေအတွက် ခုနစ်ရာခိုင်နှုန်း၊ လေးကြိမ်ပေးသွင်းသည့် အခွန်ထမ်း အရေအတွက်မှာ ခြောက်ရာခိုင်နှုန်း၊ အခွန်ငါးကြိမ် ပေးသွင်းသည့် အခွန်ထမ်း အရေအတွက်မှာ ကိုးရာခိုင်နှုန်း၊ ခြောက်လအတွင်း ခြောက်ကြိမ် ပေးသွင်းသည့် အခွန်ထမ်း အရေအတွက်မှာ ငါးရာခိုင်နှုန်းသာရှိကြောင်း သိရသည်။
“အခွန်ထမ်းတွေရဲ့လိုက်နာမှုကို စိစစ်ရာမှာတော့ သတ်မှတ်ထားတဲ့ Risk Criteriaတွေနဲ့ တိုက်ဆိုင် စစ်ဆေးတာ ဖြစ်ပါတယ်။ ဒီမှာတော့ Risk Criteria က သတ်မှတ်ထားတာ အချက် ၂၀ လောက်ပဲ ရှိပါသေးတယ်။ တချို့နိုင်ငံတွေမှာ ဆိုရင်တော့ အချက် ၂၀၀ လောက်ရှိပါတယ်။ သတ်မှတ်ချက်တွေက ဘာလဲဆိုတော့ အခွန်တွေကို ပုံမှန်တင်သွင်းရဲ့လား၊ ဝင်ငွေကြေညာလွှာကို ပုံမှန်တင်သွင်းရဲ့လား ဆိုတာကတော့ အဓိကအချက်ပေါ့” ဟု လက်ထောက် ညွှန်ကြားရေးမှူးက ပြောကြားသည်။
“နောက်ထပ်ကတော့ အခွန်ထမ်းတွေ အနေနဲ့ ကိုယ်တိုင်အခွန် ကြေညာလွှာ တင်သွင်းတဲ့အခါမှာ ဒါရိုက်တာ အပြောင်းအလဲ ရှိလား။ Contact Person ဖုန်းနံပါတ် အပြောင်းအလဲရှိလား ဆိုတာတွေ ပါပါတယ်။ ပြောင်းလဲတာနဲ့ အကြောင်းကြားရမယ် ဆိုတာတွေပါတယ်။ တချို့အချက်တွေ အနေနဲ့ ကုမ္ပဏီတွေကို မေးခွန်းမေးတာတွေရှိတယ်။ မေးတဲ့အခါမှာ ဘယ်နေ့ ဘယ်ရက်မှာ ပြန်ဖြေပေးဖို့ပြောတယ်။ ဒါပေမဲ့ တချို့ကုမ္ပဏီတွေဆိုရင် အခုအချိန်အထိ မဖြေဘူး။ လိုက်နာမှုကို တိုင်းတာတဲ့အခါမှာ ဒီလိုမျိုး Criteria တွေနဲ့ တိုင်းတာဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
“လစဉ်အခွန် ကောက်ခံရရှိမှု အနေနဲ့ကတော့ အခုလက်ရှိ ဒီဇင်ဘာ အထိကို ၇၁၈ ဒသမ ၇၂၈ ဘီလျံ ရှိပါတယ်။ LTO ရုံး လျာထားချက်ရဲ့ ၆၂ ရာခိုင်နှုန်း ကောက်ခံရရှိတာ ဖြစ်ပါတယ်” ဟုလည်း ပြောကြားသည်။
ယခုကဲ့သို့ အခွန်ထမ်းဆောင်ရန် ပျက်ကွက်သူများကို သက်ဆိုင်ရာ အခွန်ဥပဒေနှင့်အညီ အရေးယူမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း တွေ့ဆုံပွဲတွင် ပြောကြားမှုများအရ သိရသည်။
 

Most Read

Most Recent