၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံအချင်းချင်း၊ အပြည်ပြည်ဆိုင်ရာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေ ဒေါ်လာ ၄၈၀ ဒသမ ၃၃၈ သန်းဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးလုပ်ငန်း စီမံချက်ပေါင်း ၁၁၅ ခုကို ဆောင်ရွက်နိုင်ခဲ့ကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာအရ သိရသည်။ဝန်ကြီးဌာနအလိုက် ထောက်ပံ့ငွေ အသုံးပြု၍ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက စီမံချက်ပေါင်း ၁၉ ခု အသုံးပြုငွေ ပမာဏ ဒေါ်လာ ၇၂ ဒသမ ၂၀၈ သန်း၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက စီမံချက် လုပ်ငန်းပေါင်း ၁၄ ခု အသုံးပြုငွေ ပမာဏ ဒေါ်လာ ၅၉ ဒသမ ၆ သန်းရှိပြီး ကျန်းမာရေးဝန်ကြီးဌာနက စီမံချက်များ အသုံးပြုငွေ ပမာဏ ဒေါ်လာ ၅၉ ဒသမ ၀၇၂ သန်းရှိကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက စီမံချက် သုံးခု အသုံးပြုငွေ ဒေါ်လာ ၄၃ ဒသမ ၁၁၈ သန်း၊ ပညာရေး ဝန်ကြီးဌာနက စီမံချက်နှစ်ခု အသုံးပြုငွေ ပမာဏ ဒေါ်လာ ၄၀ ဒသမ ၈၅၈ သန်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီမံချက် ၁၀ ခု အသုံးငွေ ဒေါ်လာ ၄၀ ဒသမ ၇၆၈ သန်း၊ ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက မြန်မာ့မီးရထား ကွန်ရက်အတွင်း ရထားပြေးဆွဲမှုကို ဗဟိုမှ ထိန်းချုပ်သည့် စနစ်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ကိရိယာများ တပ်ဆင်ခြင်း စီမံချက် အသုံးပြုငွေ ဒေါ်လာ ၃၃ ဒသမ ၂ သန်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနက အသုံးပြုငွေ ဒေါ်လာ ၃၁ ဒသမ ၅၅၆ သန်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက စီမံချက်ကိုးခု အသုံးပြုငွေ ဒေါ်လာ ၂၆ ဒသမ ၅၆၂ သန်း၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက စီမံချက် ၁၄ ခု အသုံးပြုငွေ ဒေါ်လာ ၂၀ ဒသမ ၈၂၀ သန်းရှိကြောင်း သိရသည်။ယင်းအပြင် သမ္မတရုံး(၅)၊ စက်မှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ သတ္တုတွင်းဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မန္တလေးမြို့တော်စည်ပင်၊ ဘဏ္ဍာရေး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နယ်စပ်ရေးရာ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ပြန်ကြားရေး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး၊ ပြည်ထောင်စုရာထူးဝန် အဖွဲ့တို့မှ စီမံချက်အလိုက် အသုံးပြုခဲ့ကြခြင်းဖြစ်သည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံအချင်းချင်း၊ အပြည်ပြည်ဆိုင်ရာနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများ၏ ထောက်ပံ့ငွေ ဒေါ်လာ ၄၈၀ ဒသမ ၃၃၈ သန်းဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းစီမံချက် ၁၁၅ ခု ဆောင်ရွက်ခဲ့










