ဇာတ်သဘင်နှင့် ရုပ်ရှင်မင်းသားကြီး ဝင်းဗိုလ်သည် ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီ မိနစ် ၅၀ ကျော်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံကြီးတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။ မင်းသားကြီး ဝင်းဗိုလ်သည် ကွယ်လွန်ချိန်တွင် အသက် ၇၂ နှစ်ရှိပြီဖြစ်သည်။
မင်းသားကြီး ဝင်းဗိုလ်သည် အစာအိမ်တွင် အနာဖြစ်ခြင်းကြောင့် ခွဲစိတ်ကုသမှုများကို လွန်ခဲ့သည့် လအနည်းအငယ်ခန့်က ပြုလုပ်ခဲ့သည်။ ခွဲစိတ်ကုသမှုမှ ရောဂါသက်သာခဲ့ပြီးနောက် နှလုံးရောဂါ၊ သွေးတိုးရောဂါများကြောင့် ကျန်းမာရေး အခြေအနေ ပြန်လည်စိုးရိမ်ခဲ့ပြီး ဝိတိုရိယဆေးရုံတွင် ပြန်လည်တက်ရောက် ကုသနေစဉ်အတွင်း ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။ မင်းသားကြီး ဝင်းဗိုလ်အား ဇန်နဝါရီ ၁၃ ရက်တွင် ရေဝေးသုဿန်၌ သဂြိုလ်ရန် စီစဉ်ထားသည်ဟု သိရသည်။
အလကာၤကျော်စွာ ရွှေမန်းတင်မောင်၏ သားဖြစ်သူ ဦးဝင်းဗိုလ်သည် သစ္စာမေတ္တာ ရွှေမန်းသဘင်တွင် ပါဝင်ကပြခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ ထို့ပြင် ဦးဝင်းဗိုလ်သည် ရုပ်ရှင်မင်းသား အဖြစ်လည်း ဇာတ်ကားများ ရိုက်ကူးခဲ့သူဖြစ်သည်။
အလကာၤကျော်စွာ ရွှေမန်းတင်မောင်၏သား ဇာတ်သဘင်နှင့် ရုပ်ရှင်မင်းသားကြီး ဝင်းဗိုလ် ကွယ်လွန်









