လိမ်လည်မှုများဖြင့် တရားရင်ဆိုင်နေရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်ကို ဇန်နဝါရီ ၇ ရက်က လသာမြို့နယ် တရားရုံး၌ ဆက်လက် ရုံးထုတ်ခဲ့ကြောင်း သိရသည်။
ယင်းနေ့ရုံးချိန်းတွင် သုံးဦးမြောက် တရားလိုပြသက်သေ ဖြစ်သော ဒေါ်သိမ့်သက်သက်မင်းအား ဦးကျော်မြင့်၏ ရှေ့နေမှ အပြန်အလှန် မေးခွန်းများ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရသည်။
ထို့နောက် တရားသူကြီးမှ ဇန်နဝါရီ ၁၂ ရက်သို့ ရုံးချိန်းပြန်ချိန်းပေးခဲ့ပြီး ယင်းနေ့တွင် တရားလိုပြသက်သေအား ဦးကျော်မြင့်၏ ရှေ့နေ မပြီးပြတ်သေးသည့် အပြန်အလှန်မေးခွန်းများကို ဆက်လက် စစ်ဆေးမေးမြန်း သွားမည်ဖြစ်ကြောင်း သိရသည်။
“ဒီနေ့ တရားလိုပြသက်သေ ဒေါ်သိမ့်သက်သက်မင်းကို ဦးကျော်မြင့်ရဲ့ ရှေ့နေက အပြန်အလှန် မေးခွန်းတွေ စစ်ဆေးမေးမြန်းခဲ့တယ်။ ဒါပေမဲ့ မေးမြန်းမှုက မပြီးပြတ်ခဲ့ဘူး။ ဒါကြောင့် တရားသူကြီးက ဇန်နဝါရီ ၁၂ ရက်ကို ရုံးချိန်း ပြန်ချိန်းပေးခဲ့ပြီးတော့ အဲဒီနေ့မှာ ဒေါ်သိမ့်သက်သက်မင်းကိုပဲ ဦးကျော်မြင့်ရဲ့ရှေ့နေက အပြန်အလှန် မေးခွန်းတွေ ဆက်လက် စစ်ဆေးမေးမြန်းသွားမှာပါ” ဟု တရားလို၏ ရှေ့နေ ဒေါ်ဆွေဆွေငြိမ်းက ဇန်နဝါရီ ၇ ရက် ရုံးချိန်းအပြီးတွင် ပြောကြားသည်။
ကျောက်တံတားမြို့နယ် အမှတ်(၄) ရပ်ကွက်၊ ပန်းဆိုးတန်း အလယ်ဘလောက် အမှတ် ၁၈၁/ ၁၈၇၊ မြေအကျယ် ၁၀၀ x ၆၀ ပေပေါ်၌ မြေပိုင်ရှင်ဖြစ်သူ ဦး...... နှင့် Father Land ဆောက်လုပ်ရေးကုမ္ပဏီမှ ခေတ်မီ လေးခန်းတွဲ ၁၂ ထပ်ခွဲတိုက်အား နှစ်နှစ်အတွင်း ဆောက်လုပ်ပေးရန် စာချုပ် ချုပ်ဆို အပ်နှံခဲ့ကြောင်း သိရသည်။
သို့သော် မြေရှင်သဘောတူညီသည့် ပုံစံအတိုင်း မဟုတ်ဘဲ ဦးကျော်မြင့်မှ ၎င်းစိတ်ကြိုက် ဒီဇိုင်းရေးဆွဲကာ မြေရှင်လက်မှတ် အတုများဖြင့် စည်ပင်မှ ခွင့်ပြုချက်ရယူ ဆောက်လုပ်ခဲ့ကြောင်း၊ အဆိုပါ ၁၂ ထပ်တိုက်မှာ ၂၀၁၂ ခုနှစ်တွင် လူနေထိုင်ခွင့် ရမည်ဖြစ်သော်လည်း လေးနှစ်ကျော်ကြာမြင့်သည့်တိုင်အောင် ပြီးစီးအောင် ဆောက်လုပ်ပေးခြင်း မရှိသဖြင့် အရေးယူပေးရန်အတွက် မြေပိုင်ရှင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ တရားရင်ဆိုင်နေရခြင်းဖြစ်ကြောင်း သိရသည်။
လိမ်လည်မှုဖြင့် တရားစွဲခံထားရသော Father Land ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်၏ လသာမြို့နယ် တရားရုံးချိန်းတွင် တရားလိုပြသက်သေအား ဦးကျော်မြင့်၏ ရှေ့နေက အပြန်အလှန်မေးခွန်းများ မေးမြန်း















