မော်လမြိုင်မြို့ စမ်းကြီးရပ်တွင် အသက်လေးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်ပြီး (၁၉) ကြိမ်မြောက် ရုံးချိန်းတွင် မြို့နယ်တရားသူကြီး အစားထိုး ရောက်ရှိခြင်း မရှိသည့်အတွက် လာမည့် ဇန်နဝါရီ ၁၃ ရက်သို့ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း သိရသည်။
ယခင် မော်လမြိုင်မြို့နယ် တရားသူကြီး ဦးသန်းအောင်မှာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က မြစ်ကြီးနားမြို့သို့ ပြောင်းရွှေ့သွားပြီးနောက် မြို့နယ်တရားသူကြီး အသစ်မှာ လာရောက်ခြင်း မရှိခြင်းကြောင့် လက်ထောက် တရားသူကြီး တစ်ဦးမှ ဇန်နဝါရီ ၁၃ ရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆိုလိုက်ကြောင်း အဆိုပါလေးနှစ်အရွယ် မိန်းကလေး၏ အုပ်ထိန်းသူဖြစ်သူ ဦးငွေဘော်က The Daily Eleven သတင်းစာသို့ပြောကြားသည်။
“ဒီနေ့ရုံးချိန်းမှာ မြို့နယ်တရာသူကြီး အသစ်က မလာသေးလို့တဲ့ လက်ထောက် တရားသူကြီး တစ်ယောက်က ဇန်နဝါရီ ၁၃ ရက်ကို ရုံးချိန်းထပ်ချိန်းတယ်။ အရင်မြို့နယ် တရားသူကြီး ဦးသန်းအောင် ကိုင်ခဲ့တဲ့အမှု တွဲတွေကို တစ်ယောက်ပြီးတစ်ယောက် ဒီလိုပဲ ရုံးချိန်းတွေပေးသွားတာ တွေ့ရပါတယ်” ဟု ဦးငွေဘော်က ပြောကြားသည်။
မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် စမ်းကြီးရပ်နေ အသက်လေးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှု ပြစ်မှုကြီးအမှတ်-၃၁၄၇၊ ပြစ်မှုပုဒ်မ ၃၇၆/၅၁၁ ဖြင့် မော်လမြိုင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုခံထားရသူ ဦးမျိုးမြင့် အသက် (၇၀) နှစ်မှာ ဇူလိုင် ၂၉ ရက် ရုံးချိန်းက ပြစ်မှုကျင့်ထုံး ပုဒ်မ-၄၉၇(၁) အရ အကျဉ်းထောင် ဆေးရုံတာဝန်ခံ ဆရာဝန်ကြီး၏ ထောက်ခံချက်နှင့် ငွေကျပ်သိန်း ၅၀ တန်ခံဝန် နှစ်ဦးဖြင့် ပြင်ပတွင် လွတ်လပ်စွာ ဆေးဝါးကုသမှု ခံယူနိုင်ရေးအတွက် အချုပ်လွတ်ထုချေခွင့် အာမခံရခဲ့သူဖြစ်ပြီး၊ လာမည့် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁၃ ရက်တွင် ၂၀ ကြိမ်မြောက် ရုံးချိန်းအဖြစ် တရားလိုရှေ့နေမှ နောက်တိုးလိုပြ သက်သေ လျှောက်ထားမှုအပေါ် နှစ်ဖက်လျှောက်လဲချက် ပေးမည်ဖြစ်သည်။
မော်လမြိုင်မြို့ စမ်းကြီးရပ်တွင် လေးနှစ်အရွယ် မိန်းကလေးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှုနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၃ ရက်သို့ ရုံးချိန်းထပ်မံ ချိန်းဆို