မြန်မာ့ကမ်းလွန်ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံးနှင့် ကမ္ဘာ့အဆင့်ကြီးမားသည့်ဓာတ်ငွေ့သိုက်ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ် (၁) သဘာဝဓာတ်ငွေ့လုပ်ကွက်ကိုMPRL E&P က ရာခိုင်နှုန်း ၂၀၊

မြန်မာ့ကမ်းလွန်ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံးနှင့် ကမ္ဘာ့အဆင့်ကြီးမားသည့်ဓာတ်ငွေ့သိုက်ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ် (၁) သဘာဝဓာတ်ငွေ့လုပ်ကွက်ကိုMPRL E&P က ရာခိုင်နှုန်း ၂၀၊
Published 5 January 2016
ဖြိုးဝေ

မြန်မာ့ကမ်းလွန်ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံးနှင့် ကမ္ဘာ့အဆင့်ကြီးမားသည့်ဓာတ်ငွေ့သိုက်ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ် (၁) သဘာဝဓာတ်ငွေ့လုပ်ကွက်ကိုMPRL E&P က ရာခိုင်နှုန်း ၂၀၊Woodside က ရာခိုင်နှုန်း ၄၀ နှင့် Total E&P မှ ရာခိုင်နှုန်း ၄၀ ဖြင့် လုပ်ကိုင်နေကြောင်း ထုတ်ပြန်
 
မြန်မာ့ကမ်းလွန် ရေနက်ပိုင်းသမိုင်းတွင် အကြီးဆုံး ရှာဖွေတွေ့ရှိမှုနှင့် ကမ္ဘာ့အဆင့် ကြီးမားသည့် ဓာတ်ငွေ့သိုက် ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ်(၁) သဘာဝဓာတ်ငွေ့ လုပ်ကွက်ကို MPRL E&Pက ရာခိုင်နှုန်း ၂၀၊ Woodside က ရာခိုင်နှုန်း ၄၀နှင့် Total E&P က ရာခိုင်နှုန်း ၄၀ ဖြင့် အကျိုးတူ လုပ်ကိုင်နေကြောင်း MPRL E&P က သတင်း ထုတ်ပြန်လိုက်သည်။
"မြန်မာအမျိုးသားတွေ ဦးဆောင်တဲ့ ရေနံကုမ္ပဏီ ဖြစ်တဲ့အနေနဲ့ ငွေကြေးနဲ့ နည်းပညာ အခက်အခဲတွေ ကြားကနေ ရခိုင်ကမ်းလွန် တောင်ဘက်ပိုင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ တည်ရှိနိုင်မှုကို ရှာဖွေတွေ့ရှိခဲ့ပြီး နိုင်ငံတကာ ကုမ္ပဏီကြီးတွေရဲ့ စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ အခုတွေ့ရှိမှုက ကမ္ဘာ့အဆင့် ကြီးမားတဲ့ ဓာတ်ငွေ့သိုက် တွေ့ရှိမှု ဖြစ်လာနိုင်ပါတယ်။ ဒီတွေ့ရှိမှုက ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေအပြင် မြေအောက်သယံဇာတများရဲ့ အဓိကပိုင်ရှင်ဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ မြန်မာပြည်သူပြည်သားတွေကို အကျိုးဖြစ်ထွန်းစေမယ့် အောင်မြင်မှုလို့ ကျွန်တော် ယုံကြည်ပါတယ်"ဟု MPRL E&P ၏ အမှုဆောင် အရာရှိချုပ် ဦးမိုးမြင့်က ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MPRL E&P အနေနှင့် မြန်မာ့ကမ်းလွန် ရေနက်ပိုင်း သမိုင်းတွင် အကြီးဆုံး ရှာဖွေတွေ့ရှိမှုနှင့် ကမ္ဘာ့အဆင့် ကြီးမားသည့် ဓာတ်ငွေ့သိုက် ဖြစ်လာနိုင်သည့် ရွှေရည်ထွန်း တွင်းအမှတ် ၁ သဘာဝဓာတ်ငွေ့ လုပ်ကွက်တည်ရှိရာ လုပ်ကွက်အမှတ် A-6 ကို ၂၀၀၇ ခုနှစ်တွင် တစ်ဖွဲ့တည်း ရာနှုန်းပြည့်အဖြစ် လုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီး ပြည်သာတွေ့ရှိမှုအဖြစ် အမည်ပေးခဲ့သည့် ပထမ အစရှာဖွေတွေ့ရှိခဲ့မှုကြောင့် Woodside နှင့် Total E&P က ရာခိုင်နှုန်း ၄၀ စီဖြင့် ပါဝင်လာခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်း၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေ တူးဖော် ထုတ်လုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော MPRL ကုမ္ပဏီသည် ရခိုင်ကမ်းလွန် လုပ်ကွက်အမှတ် A-6 တွင်  Woodside Energy (Myanmar) Pte.Ltd နှင့် Total E&P Myanmar တို့နှင့်ပူးပေါင်း၍ "ရွှေရည်ထွန်း" တွင်းအမှတ်(၁)ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၂၇ ရက်မှ စတင်တူးဖော်ခဲ့ရာ လက်ရှိအချိန်အထိ အနက် ၅၃၀၆ မီတာအထိ တူးဖော်နိုင်ခဲ့ကြောင်း သိရသည်။
ရွှေရည်ထွန်းအမှတ် (၁) တွင်းသည် ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက် ငွေဆောင်ကမ်းခြေမှ မိုင် ၃၀ခန့် အကွာ ကမ်းလွန်ပင်လယ်တွင် ရေအနက် ၂၀၃၃ မီတာ နေရာ၌ တည်ရှိပြီး ၎င်းမှ ပင်လယ်ကြမ်းပြင် အောက်အနက် မီတာ ၅၀၀၀ ခန့်ရှိ  Saungt အမည်ရ လွှာတွန့်ခုံး (Anticline Structure) အတွင်း ဘူမိသက်တမ်း (Pliocene) သက်တမ်းရှိ သဲကျောက်လွှာများအထိ တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က သဲကြော စမ်းသပ်တိုင်းတာခြင်း (Wire Line Log) ဆောင်ရွက်ခဲ့ရာ အနက် ၄၂၉၇ မီတာ၊ အနက် ၄၃၅၆ မီတာနှင့် အနက်မီတာ ၄၄၀၀ ရှိ သဲကြောသုံးခုအတွင်း သဘာဝဓာတ်ငွေ့များ ခိုအောင်းဖြစ်တည်နေကြောင်း တိုင်းတာ တွေ့ရှိခဲ့သည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
အဆိုပါ တိုင်းတာတွေ့ရှိမှုများအရ ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ မြန်မာ့ကမ်းလွန် လုပ်ကွက်များအတွင်း ဒေသမြောက်ဖျားပိုင်း ရွှေသဘာဝဓာတ်ငွေ့ သိုက်မှစ၍ ဘင်္ဂလား ပင်လယ်အော် ကမ်းလွန်အလယ်ပိုင်းနှင့် တောင်ပိုင်း လုပ်ကွက်များအထိ သဘာဝဓာတ်ငွေ့ ခိုအောင်း ဖြစ်တည်မှု ရှိနိုင်ကြောင်း သိရသည်။ စမ်းသပ်တိုင်းတာမှုများအပြီး ရှေ့လုပ်ငန်းစဉ်များအဖြစ် အကဲဖြတ်တွင်းများ တူးဖော်ခြင်းနှင့် အသေးစိတ် တိုင်းတာခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပြီး ရရှိလာသည့် အချက်အလက်များအရ စီးပွားဖြစ် ထုတ်လုပ်နိုင်မှု အခြေအနေကို ဆက်လက် ဖော်ထုတ် အတည်ပြုသွားမည် ဖြစ်ကြောင်း  သိရသည်။
MPRL E&P မှာ ဦးမိုးမြင့် ပိုင်ဆိုင်လုပ်ကိုင်သော ကုမ္ပဏီဖြစ်ပြီး ဦးမိုးမြင့်မှာ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးလည်း ဖြစ်သည်။              

Most Read

Most Recent