ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာဝဓာတ်ငွေ့ စသည့်ကုန်စည်များကို ဈေးကွက်ပေါက်ဈေး အပေါ်မူတည်၍ လည်းကောင်း၊ အရက်တစ်လီတာချင်း၊ စီးကရက် တစ်လိပ်ချင်း အလိုက်လည်းကောင်း အခွန်ကောက်ခံမည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ...

ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာဝဓာတ်ငွေ့ စသည့်ကုန်စည်များကို ဈေးကွက်ပေါက်ဈေး အပေါ်မူတည်၍ လည်းကောင်း၊ အရက်တစ်လီတာချင်း၊ စီးကရက် တစ်လိပ်ချင်း အလိုက်လည်းကောင်း အခွန်ကောက်ခံမည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ...
Published 29 December 2015
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာဝဓာတ်ငွေ့ စသည့်ကုန်စည်များကို ဈေးကွက်ပေါက်ဈေး အပေါ်မူတည်၍ လည်းကောင်း၊ အရက်တစ်လီတာချင်း၊ စီးကရက် တစ်လိပ်ချင်း အလိုက်လည်းကောင်း အခွန်ကောက်ခံမည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြု
ပြည်ထောင်စု အစိုးရအဖွဲ့က တင်သွင်းသည့် ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာ၀ ဓာတ်ငွေ့စသည့် ကုန်စည်များကို ဈေးကွက်ပေါက်ဈေးအပေါ် မူတည်၍ လည်းကောင်း၊ အရက်တစ်လီတာချင်း၊ စီးကရက် တစ်လိပ်ချင်း အလိုက်လည်းကောင်း အခွန်ကောက်ခံမည့် အထူးကုန်စည်ခွန် ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် ဒီဇင်ဘာ ၂၉ ရက်က တစ်ပိုဒ်ချင်းစီအလိုက် ဆွေးနွေးအတည်ပြုခဲ့သည်။
အဆိုပါ ဥပဒေကြမ်းကို ဒီဇင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ၁၈ ရက်တွင် ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ရာ ဒဂုံမြို့သစ် မြောက်ပိုင်းမှ ဒေါ်တင်နွယ်ဦးက ပြင်ဆင်ချက်ရှစ်ချက်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်က သုံးချက်နှင့် ဒေါက်တာခင်ရွှေက ပြင်ဆင်ချက် နှစ်ချက်တို့  တင်ပြဆွေးနွေးခဲ့ကြပြီး ဒေါ်ခင်စန်းလှိုင်နှင့် ဒေါက်တာခင်ရွှေတို့၏ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူညီချက် ရရှိသဖြင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထား မှတ်ချက်အတိုင်း ထားရှိရန် ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
အထူးကုန်စည်ခွန် ဥပဒေကြမ်းတွင် အခန်း(၁၃)ခန်း၊ အပိုဒ်ခွဲငယ်ပေါင်း ၇၂ ခုနှင့် ဇယားရှစ်ခု ပါဝင်ကာ ဒီဇင်ဘာ ၂၉ ရက် ပြည်ထောင်စု လွှတ်တော်တွင် အခန်း(၈) အပိုဒ် ၁၈ ထိသာ ဆွေးနွေးအတည်ပြုခဲ့ပြီး ကျန်အပိုဒ်များ၊ အခွန်သတ်မှတ်နှုန်း ဇယားများနှင့် ဥပဒေကြမ်း တစ်ခုလုံးကို ယနေ့(ဒီဇင်ဘာ ၃၀ ရက်) တွင် ဆက်လက်ဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။
လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေကြမ်းပါ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များ ခေါင်းစဉ်အောက်ရှိ ဘာသာရေး၊ ကုသိုလ်ရေး သက်သက်အတွက် အသုံးပြုရန် တင်သွင်းလာသော ပြည်တွင်း၌ ထုတ်လုပ်သော အထူးကုန်စည်များကို ပယ်ဖျက် အတည်ပြုခဲ့သည်။
ထို့အတူ အခွန်ကင်းလွတ်ခွင့်ပေးခြင်း သို့မဟုတ် သက်သာခွင့်ပေးခြင်း ပြုနိုင်သည့် ကုန်စည်များတွင် “ပြည်ထောင်စု အစိုးရက နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး အဖွဲ့အစည်းများ အသုံးပြုနိုင်ရန် တင်သွင်းလာသော သို့မဟုတ် ပြည်တွင်း၌ ထုတ်လုပ်သော ကျွန်း၊ သစ်မာ သစ်လုံးနှင့် အခြေခံအဆင့်သာ ခွဲစိတ်ထားသော သစ်ခွဲသားများ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ မြ၊ စိန်နှင့်အခြား အဖိုးတန် ကျောက်မျက်ရတနာ အရိုင်းထည်များ၊ အချောထည်များနှင့် လက်ဝတ်ရတနာ များမှအပ အထူးကုန်စည်များ” ဟု ပြင်ဆင်အတည်ပြုခဲ့သည်။
အလားတူ အခန်း(၈) ပြန်လည် စည်းကြပ်ခြင်းနှင့် မှားယွင်းချက်ကို ပြင်ဆင်ခြင်း ခေါင်းစဉ်အောက်ရှိ ပုဒ်မ ၁၈ ပုဒ်မခွဲ(ခ) ကို “အခွန်အယူခံခုံအဖွဲ့ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အခွန် ဦးစီးဌာနမှူး သို့မဟုတ် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး ဌာနမှူး သို့မဟုတ် အလယ်အလတ် အခွန်ထမ်းများဆိုင်ရာ အခွန်ရုံးဌာနမှူးသည် မိမိဆောင်ရွက်သည့် အယူခံမှုဆိုင်ရာ အမိန့်တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ မှတ်တမ်းမှ ပေါ်လွင်ထင်ရှားသည့် မှားယွင်းချက် တစ်ခုခုကို တွေ့ရှိလျှင်ဖြစ်စေ၊ အယူခံသူက တင်ပြလျှင်ဖြစ်စေ အယူခံအမိန့် ချမှတ်သည့်နေ့မှ သုံးနှစ်အတွင်း ပြင်ဆင်နိုင်သည်” ဟု ပြင်ဆင် အတည်ပြုခဲ့သည်။
အထူးကုန်စည်ခွန် ဥပဒေကြမ်းတွင် အထူးကုန်စည်များဖြစ်သော ကျွန်း၊ သစ်မာ၊ ကျောက်စိမ်း၊ ပတ္တမြား၊ နီလာ၊ သဘာဝဓာတ် ငွေ့ စသည့် ကုန်စည်များကို ဈေးကွက်ပေါက်ဈေးအပေါ် မူတည်၍ လည်းကောင်း၊ အရက် တစ်လီတာချင်း၊ စီးကရက် တစ်လိပ်ချင်းအလိုက် အခွန်ကောက်ခံရန် ထည့်သွင်းထားသည်။
 

Most Read

Most Recent