အသက်မပြည့် ဆွံ့အနားမကြား မိန်းကလေးအား အဓမ္မပြုကျင့်မှုအပေါ် ခင်ဦးမြို့နယ်တရားရုံး၏ အမှုစီရင်ချက်ကို ကျေနပ်မှုမရှိခြင်းနှင့် တရားရုံးအမိန့်ကို မထီလေးစားပြုနေသူအား အရေးယူပေးရန်

အသက်မပြည့် ဆွံ့အနားမကြား မိန်းကလေးအား အဓမ္မပြုကျင့်မှုအပေါ် ခင်ဦးမြို့နယ်တရားရုံး၏ အမှုစီရင်ချက်ကို ကျေနပ်မှုမရှိခြင်းနှင့် တရားရုံးအမိန့်ကို မထီလေးစားပြုနေသူအား အရေးယူပေးရန်
Published 28 December 2015

အသက်မပြည့် ဆွံ့အနားမကြား မိန်းကလေးအား အဓမ္မပြုကျင့်မှုအပေါ် ခင်ဦးမြို့နယ်တရားရုံး၏ အမှုစီရင်ချက်ကို ကျေနပ်မှုမရှိခြင်းနှင့် တရားရုံးအမိန့်ကို မထီလေးစားပြုနေသူအား အရေးယူပေးရန် ဒေသခံများ တရားရုံးရှေ့ဆန္ဒပြ
 
အသက်မပြည့်သေးသည့် ဆွံ့အ၊ နားမကြား မိန်းကလေးငယ်အား တစ်ရွာတည်း နေထိုင်သူက အဓမ္မပြုကျင့်မှုအပေါ် ခင်ဦးမြို့နယ် တရားရုံး၏ တရားစီရင်ချက်အား မကျေနပ်သော ဒေသခံရာဂဏန်းခန့်က ဒီဇင်ဘာ ၂၈ ရက်တွင် မြို့နယ် တရားရုံးရှေ့၌ ဆန္ဒထုတ် ဖော်မှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ခင်ဦးမြို့နယ်၊ မုံတော(မ) ကျေးရွာတွင် လွန်ခဲ့သောသုံးနှစ်ခန့်က ဖြစ်ပွားခဲ့သော ယင်းအမှုသည် လက်ရှိအချိန်ထိ ပြီးပြတ်ခြင်း မရှိသေးကြောင်းနှင့် ကာယကံရှင်မိသားစု အတွက် အလွန်အမင်း နစ်နာမှု ဖြစ်ပေါ်နေကြောင်း ယင်းအပြင် အဓမ္မပြုကျင့်ခဲ့သူမှ တရားရုံး၏အမိန့်အား မထီလေးစား ပြုမှုနေခြင်းကြောင့် ပြင်းပြင်းထန်ထန် အရေးယူပေးရေးအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင့် ဒေသခံများက ပြောကြားသည်။ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် မုံတောမြောက်ကျေးရွာတွင် ၂၀၁၂ ခုနှစ် ဇူလိုင်လအတွင်းက တစ်ရွာတည်း နေထိုင်သူက အသက်မပြည့်သေးသည့် ၁၆ နှစ်အရွယ်ရှိ ဆွံ့အနားမကြားသူ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ကြောင်း၊ ယင်းသို့ အဓမ္မပြုကျင့်ခဲ့ခြင်းကြောင့် ခင်ဦးမြို့နယ်ရဲစခန်းသို့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၆ ဖြင့် စတင်အမှုဖွင့်ခဲ့ကြောင်း၊ သို့သော် မြို့နယ်တရားရုံး၌ တရားစွဲဆိုချိန်တွင် ပုဒ်မ ၄၁၇ ဖြင့် အမှုအားစစ်ဆေးခဲ့ပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင် ကျူးလွန်သူအား မြို့နယ်တရားရုံးမှ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့ပြီး နစ်နာခဲ့သူအား အဆိုပါကျူးလွန်သူ ပိုင်ဆိုင်သည့် မြေကွက်ကို ပေးလျော်စေခဲ့ကြောင်း၊ လက်ရှိအချိန်တွင် အဆိုပါကျူးလွန်ခဲ့သူမှ ထောင်မှ ပြန်လည် လွတ်မြောက်လာပြီးနောက် နစ်နာသူအား ပေးလျော်ထားသည့် မြေကွက်အတွင်းသို့ ကျူးကျော်နေထိုင်မှုများ ပြုလုပ်နေခြင်းကြောင့် တရားရုံးသို့ တိုင်ကြားထားကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။ဓကျွန်မသမီးလေးအတွက် တရားရုံးကနေ နစ်နာကြေးအနေနဲ့ ငွေကျပ်သိန်းသုံးဆယ်နဲ့ မြေကွက်တစ်ကွက်ကို ကျူးလွန်ခဲ့တဲ့ ကျော်နိုင်ဆီကနေ နစ်နာကြေးအနေနဲ့ ပေးခဲ့ပါတယ်။ အဲဒါကလည်း တရားရုံးက ဆုံးဖြတ်ပြီးတော့ ပေးထားတာ ဖြစ်ပါတယ်။ အခုထောင်ဒဏ် တစ်နှစ်ကျပြီး ပြန်လွတ်လာတဲ့ ကျော်နိုင်က ကျွန်မတို့သမီးလေးအတွက် နစ်နာကြေးအဖြစ် ပေးထားတဲ့ မြေကွက်အတွင်းကို တဲဆောက်ပြီး ပြန်လည် နေထိုင်နေပါတယ်။ အဲဒါကိုလည်း တရားရုံးကို အမှုဖွင့်တိုင်ကြားထားပါတယ်။ ဒီနေ့ ဆန္ဒထုတ်ဖော်ရတာကလည်း ကျွန်မရဲ့ဆွံ့အ နားမကြားတဲ့ သမီးလေးအတွက်ပါ။ တရာရုံးရဲ့ ဆုံးဖြတ်ချက်ချအရ ကျွန်မတို့သမီးလေးကို ပေးထားတဲ့ မြေကွက်ကို ပြန်ရချင်ပါတယ်ဓဟု မိန်းကလေးငယ်၏ မိခင်ဖြစ်သူက ဆိုသည်။ဓဒီနေ့ ဆန္ဒပြရတာက ကျွန်မတို့မိသားစု ဒုက္ခရောက်နေတဲ့အတွက် ဆန္ဒထုတ်ဖော်ရတာပါ။ ခင်ဦးမြို့နယ် တရားရုံးအပါအဝင် တစ်နိုင်ငံလုံးမှာရှိတဲ့ တရားရုံးတွေအနေနဲ့ ဒီလိုမျိုးအဓမ္မပြုကျင့်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူပေးဖို့အတွက် တောင်းဆိုပါတယ်။ ကျွန်မတို့အမျိုးသမီးတွေအပေါ်မှာ ဒီနေ့အချိန်အထိ အနှိမ်ခံရမှုတွေ ခွဲခြားဆက်ဆံခံရမှုတွေက ရှိနေဆဲဖြစ်ပါတယ်။ ကျွန်မတို့ အမျိုးသမီးတွေအပေါ် အဓမ္မပြုကျင့်ခံရတဲ့ အပေါ်မှာ သက်ဆိုင်ရာ တရားရုံးတွေအနေနဲ့ ပြင်းပြင်းထန်ထန် အရေးယူပေးဖို့အတွက် တောင်းဆိုပါတယ်ဓဟု ဆွံ့အ၊ နားမကြားသူ မိန်းကလေးငယ်၏ ညီမဖြစ်သူက ဆိုသည်။ဆွံ့အနားမကြားသူ မိန်းကလေးငယ်အား အဓမ္မပြုကျင့်ခံရခြင်းအပေါ်တွင် မြို့ နယ်တရားရုံး၏ အမှုစီရင်ဆုံးဖြတ်ချက် အပေါ် ဒေသခံများမှ ကျေနပ်မှုမရှိခြင်းကြောင့် ဒီဇင်ဘာ ၂၈ ရက် နံနက် ၁၀ နာရီအချိန်က ခင်ဦးမြို့အတွင်း လှည့်လည် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ပြီး အမျိုးသမီးများအပေါ်အကြမ်းဖက် အဓမ္မပြုကျင့်သူများအား အလိုမရှိ၊ အမျိုးသမီးများအပေါ် အကြမ်းဖက် အဓမ္မပြုကျင့်သူများအား ပြင်းပြင်းထန်ထန် အရေးယူပေး တို့အရေး၊ ခင်ဦးမြို့နယ်တရားရုံး၏ အမိန့်ကို မထီလေးစား လုပ်နေသူ ဦးကျော်နိုင်အား ချက်ချင်းအရေးယူပေး တို့အရေး၊ အမျိုးသမီးထု အခွင့်အရေး အပြည့်အဝရရှိရေး တို့အရေး၊ တရားဥပဒေစိုးမိုးရေး တို့အရေး အစရှိသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး မြို့နယ်တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော် ဟောပြောမှုများ ပြုလုပ်ခဲ့သည်။ဓဒီကနေ့ သူတို့ ဆန္ဒထုတ်ဖော်တဲ့ကိစ္စက ၂၀၁၂ ခုနှစ်က ဆုံးဖြတ်ခဲ့တဲ့အမှုဖြစ်ပါတယ်။ ပုဒ်မ ၄၁၇ နဲ့ စွဲခဲ့တာဖြစ်တယ်။ အဲဒီတုန်းက အမိန့်ချမှတ်ခဲ့တဲ့ တရားသူကြီးက ဒေါ်မြင့်ချစ်ကျော်ပါ။ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၁၇ နဲ့ ထောင်ဒဏ်တစ်နှစ် ချမှတ်ခဲ့တာပါ။ သူ့ရဲ့ဥပဒေပုဒ်မအရ ပြောရရင် ပုဒ်မ ၄၁၇ နဲ့ ထောင်တစ်နှစ် ချမှတ်ခဲ့တာက အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ချမှတ်ခဲ့တာပါ။ တရားရုံးအနေနဲ့ ကတော့ ဥပဒေနဲ့အညီ အမိန့်ချမှတ်ခဲ့တာပါ။ ဥပဒေနဲ့အညီ အမိန့်ချခဲ့တဲ့အပြင် ကလေးမလေးရဲ့အနေအထားကိုကြည့်ပြီး တရားရုံးက အမြင့်ဆုံးပြစ်ဒဏ်ကို ချမှတ်ခဲ့တာပါ။ ဒီကနေ့ သူတို့ဆန္ဒဖော်ထုတ်ကြတာက ဦးကျော်နိုင်နဲ့ ပတ်သက်ပြီးတော့ အဓိက ဆန္ဒဖော်ထုတ်ကြတာပါ။ တရားရုံးအနေနဲ့ ပုဒ်မ ၄၁၇ နဲ့ စွဲတယ်၊ နောက်ပြီး တရားမမှုဆိုပြီး နစ်နာကြေးအနေနဲ့ ကျပ်သိန်းတစ်ရာ တောင်းတယ်။ တရားရုံး အနေနဲ့ကတော့ နစ်နာကြေးဆိုပြီး ကျပ်သိန်းသုံးဆယ် ချပေးလိုက်တယ်။ အဲဒီလိုချပေးလိုက်တဲ့ တရားသူကြီးကတော့ ဒေါ်ချိုချိုပါ။ တရားခံကို ငွေကျပ်သိန်းသုံးဆယ် ပေးလျော်ခိုင်းတဲ့အခါမှ မလျော်နိုင်လို့ တရာခံပိုင်တဲ့ မြေကွက်နဲ့ အိမ်ကို လေလံကပ်ပြီး ရောင်းချပေးခဲ့ တယ်။ တရားနိုင်ကိုလည်း အရောင်းသက်သေခံ လက်မှတ်တွေ ထုတ်ပေးပြီးပါပြီ။ အခုအချိန်မှာက တရားနိုင်ရရှိထားတဲ့ မြေကွက်အတွင်းမှာ ဦးကျော်နိုင်က ကျူးကျော်ပြီး အိမ်ထပ်ဆောက်တယ်ဆိုပြီး တိုင်ကြားလာတယ်။ အဲဒီလို တိုင်ကြားထားတာကို တရားရုံးအနေနဲ့ ပုဒ်မ ၄၄၇ နဲ့ ထပ်ပြီးတော့ တရားစွဲထားပါတယ်။ အခု ဆန္ဒဖော်ထုတ်တာကလည်း အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒဖော်ထုတ်တာ လို့သုံးသပ်ပါတယ်ဓဟု လက်ရှိ ခင်ဦးမြို့နယ် တရားသူကြီး ဒေါ်မေစိမ့်စမ်းက ဆိုသည်။ဓဒီကလေးမလေးက စကားလည်း မပြောတတ်ဘူး နားလည်းမကြားဘူး။ ဒီလို ကလေးမလေးကို လူမဆန်စွာ ယုတ်မာရက်စက်တဲ့ အမျိုးသားတွေက အတင်းအဓမ္မပြု ကျင့်ခဲ့မှုအပေါ်ကို ကျွန်တော်တို့က တရားရုံးကို ဆန္ဒထုတ်ဖော်ရခြင်းဖြစ်တယ်။ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးဆိုပြီးတော့ ပြောနေတယ်။ တကယ်တမ်းမှဆိုရင် တရားဥပဒေရဲ့အထက်မှာ အုပ်ချုပ်ရေးပိုင်းက ဝင်ရောက်စွက်ဖက်မှုတွေက ရှိနေတယ်။ ဒါကြောင့် ဒီဆွံ့၊ အနားမကြားမိန်းကလေးရဲ့ အမှုနဲ့ ပတ်သက်ပြီး ခင်ဦးမြို့နယ်တရားရုံး အနေနဲ့ ပြန်လည်ဖော်ထုတ် အရေးယူပေးဖို့ အတွက် တောင်းဆိုပါတယ်ဓဟု ဆန္ဒထုတ်ဖော်မှုတွင် ဦးဆောင်သူတစ်ဦးဖြစ်သူ ဦးတင်အုန်းကျော်က ပြောကြားသည်။