တစ်နိုင်ငံလုံး အတိုင်းအတာအရ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ အဝေးသင်တက္ကသိုလ် သိပ္ပံအထူးပြု သင်တန်းများ၏ စာမေးပွဲအောင်စာရင်းများ ရာခိုင်နှုန်း ၉၀ ကျော် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ ထုတ်ပြန်ရန် ကျန်ရှိနေသေးသည့် အောင်စာရင်းများကို ဆက်လက် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်မှ သိရသည်။
အဝေးသင်တက္ကသိုလ် ပထမအသုတ် စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ ၃၀၇၂၈ ဦးအနက် စာမေးပွဲဝင်ရောက် ဖြေဆိုသူ ၂၅၇၇၆ ဦး၊ ဒုတိယအသုတ် စာမေးပွဲဖြေဆို ရန် စာရင်းရှိဦးရေ ၆၅၆၈၂ ဦးအနက် စာမေးပွဲဝင်ရောက် ဖြေဆိုသူ ၅၆၃၇၅ ဦး၊ တတိယအသုတ် စာမေးပွဲဖြေဆိုရန် စာရင်းရှိဦးရေ ၁၁၃၈၂၁ ဦးအနက် စာမေးပွဲဝင် ရောက်ဖြေဆိုသူ ၁၀၂၃၆၀ ရှိကြောင်း သိရသည်။ အဝေးသင်တက္ကသိုလ် ပထမအသုတ် သိပ္ပံအထူးပြု သင်တန်းများ အတွက် စာမေးပွဲ အောင်စာရင်းများကို ရာခိုင်နှုန်း ၉၀ ကျော် ထွက်ရှိခဲ့ပြီးဖြစ်ကာ ယခင်နှစ်ကနှင့် နှိုင်းယှဉ်ပါက အောင်ချက်ရာခိုင်နှုန်း ကျဆင်းကြောင်း သိရသည်။
“အောင်ချက် ရာခိုင်နှုန်းတွေကတော့ အားလုံးကို စာရင်းတော့ မချုပ်ရသေးပါဘူး။ ဒါပေမဲ့ အရင်နှစ်တွေကနဲ့ ယှဉ်ရင်တော့ လျော့သွားပါတယ်။ ဒါကလည်း ပညာအရည်အသွေး မြင့်မားရေးကို ဦးစားပေးတဲ့အတွက် ဖြစ်ပါတယ်” ဟု ရန်ကုန်အဝေးသင် တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အဝေးသင် တက္ကသိုလ်မှ ရရှိသည့် စာရင်းများအရ ၂၀၁၄ ခုနှစ် ပညာသင်နှစ်တွင် ပထမနှစ်၌ ဖြေဆိုရန် စာရင်းရှိ ဦးရေ ၆၃၉၁၇ ဦးအနက် ၅၁၉၄၈ ဦးစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၁ ရှိခဲ့သည်။
ဒုတိယနှစ်၌ ဖြေဆိုရန် စာရင်းရှိဦးရေ ၅၂၀၄၅ ဦးအနက် ၄၆၀၉၅ ဦး ဖြေဆိုခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၇၃ ဒသမ ၅၀ ရှိ ခဲ့သည်။ အလားတူ တတိယနှစ်၌ ဖြေဆိုရန် စာရင်းရှိဦးရေ ၄၃၃၀၂ ဦးရှိသည့်အနက် ၃၉၆၈၃ ဦး စာမေးပွဲဝင်ရောက် ဖြေဆိုခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၀၃ ရာခိုင်နှုန်း ရှိခဲ့သည်။ စတုတ္ထနှစ်၌ စာရင်းရှိ ဦးရေ ၂၈၂၄ ဦးအနက် ၂၆၄၇ ဦး စာမေးပွဲဝင်ရောက် ဖြေဆိုခဲ့ပြီး အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၁၉ ရာခိုင်နှုန်းရှိခဲ့သည်။
“အောင်စာရင်း တွေကတော့ ဘာသာရပ် အချို့အတွက် ထွက်လာပါပြီ။ အောင်ချက်တွေက ရာခိုင်နှုန်း တော်တော်နည်းပါတယ်။ အချို့ဘာသာရပ်တွေဆိုရင် အောင်တဲ့သူ ထက်ဝက်လောက်ပဲ ရှိပါတယ်။ ၁၀ ရက်လောက် အနီးကပ် သင်တန်းတက်ရပြီး ဖြေရတာ ဆိုတော့လည်း စိတ်ပျက်စရာပါ။ တစ်နှစ်နဲ့တစ်နှစ် ကုန်ကျစရိတ်ထက် အချိန်ကုန်တာက ပိုနှမြောဖို့ ကောင်းပါတယ်။ အလုပ်တစ်ဖက်နဲ့ ကျောင်းတက်ရတာဆိုတော့ ပိုဆိုးတာပေါ့” ဟု ဒဂုံတက္ကသိုလ် စာစစ်ဌာနမှ အဝေးသင်စာမေးပွဲ၊ ရုက္ခဗေဒဘာသာရပ်၊ တတိယနှစ်စာမေးပွဲ ကျရှုံးသူ ကျောင်းသား တစ်ဦးက ဆိုသည်။
အဝေးသင် တက္ကသိုလ် သိပ္ပံအထူးပြု သင်တန်းများ၏ စာမေးပွဲများကို၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၅ ရက်မှ အောက်တိုဘာ ၁၀ ရက်အထိ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ အလားတူ အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် စာမေးပွဲများကို အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ လည်းကောင်း၊ အဝေးသင် တက္ကသိုလ်၊ တတိယအသုတ် ဝိဇ္ဇာဘာသာရပ် သင်တန်းများအတွက် စာမေးပွဲများကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်မှ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်အထိ လည်းကောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အဝေးသင် တက္ကသိုလ်ဌာနခွဲ စာစစ်ဌာနများတွင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
အဝေးသင်တက္ကသိုလ် သိပ္ပံအထူးပြု သင်တန်းများ၏ စာမေးပွဲ အောင်စာရင်းများ ရာခိုင်နှုန်း ၉၀ ကျော် ထွက်ရှိပြီး အောင်ချက် ရာခိုင်နှုန်း ယခင်နှစ်ကထက် ကျဆင်း









