ဒီဇင်ဘာ ဒုတိယပတ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင်ကျွမ်းမှု (၅၆) ကြိမ်ဖြစ်ပွား၊ ပေါ့ဆမှုကြောင့် လောင်သောမီးမှာ အများဆုံးဖြစ်နေ

ဒီဇင်ဘာ ဒုတိယပတ်အတွင်း နိုင်ငံတစ်ဝန်း မီးလောင်ကျွမ်းမှု (၅၆) ကြိမ်ဖြစ်ပွား၊ ပေါ့ဆမှုကြောင့် လောင်သောမီးမှာ အများဆုံးဖြစ်နေ
Published 23 December 2015
အောင်ထက်ခိုင်

ယခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၁၄ ရက်အထိ နိုင်ငံတစ်ဝန်းလုံး၌ မီးလောင်ကျွမ်းမှု ဖြစ်စဉ် (၅၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သိရသည်။မီးလောင်မှုများအနက် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်စဉ် ရှစ်ကြိမ်၊ ပေါ့ဆမှုကြောင့် လောင်သောမီးမှာ (၂၁) ကြိမ်၊ လျှပ်စစ်ကြောင့် လောင်သောမီးမှာ ရှစ်ကြိမ်၊ မသမာသူ ရှို့မီး ကိုးကြိမ် ပါဝင်ခဲ့ကြောင်း သိရသည်။မီးလောင်ကျွမ်းမှုများကြောင့် တစ်နိုင်ငံလုံးရှိ အိမ်ခြေအဆောက်အအုံ ၃၂ လုံး၊ စက်ရုံ/အလုပ်ရုံတစ်ရုံ မီးလောင်ကျွမ်းခဲ့ပြီး နှစ်ဦးသေဆုံးခဲ့ကာ ၄၂ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရပြီး မီးလောင်မှုများကြောင့် ကျပ်သန်းပေါင်း ၄၈ သန်းကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။မီးလောင်မှုများအနက် မီးဖိုမီးကြောင့် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတွင် တစ်ကြိမ်စီနှင့် မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတွင် နှစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။လျှပ်စစ်ကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်မှာ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ကြိမ်စီ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နှစ်ကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။လူတို့ ပေါ့ဆမှုကြောင့် လောင်သော မီးလောင်မှု ဖြစ်စဉ်များမှာ နေပြည်တော်၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ကြိမ်စီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် နှစ်ကြိမ်စီ၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် လေးကြိမ်စီ ဖြစ်ပွားခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ တစ်ဝန်းလုံး ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာ ဒုတိယအပတ်အထိ မီးလောင်မှု ၁၅၉၀ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးလောင်မှုများကြောင့် နိုင်ငံတစ်ဝန်းလုံး ၅၇ ဦး သေဆုံးကာ ၁၃၂ ဦး မီးလောင်ဒဏ်ရာ ရရှိပြီး ၉၁၂၄ ဦး မီးဘေးဒုက္ခ ရောက်ခဲ့ကြောင်း သိရသည်။