ကချင်ပြည်နယ်တွင် လုပ်ငန်းရှင်များက ဒေသခံများ၏ ဥယျာဉ်ခြံမြေများကို မြေလွတ်မြေရိုင်း ဖြစ်သည်ဟု နိုင်ငံတော်အား လိမ်လည်ကာ အကျိုးတူလုပ်ကွက်အဖြစ် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ လုပ်ကိုင်မှု အများအပြား ရှိနေကြောင်း ကချင်ပြည်နယ် ဆွမ်ပရာဘွမ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ်က ပြောကြားသည်။
ဒီဇင်ဘာ ၇ ရက်က ပြည်သူ့လွှတ်တော်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆွေးနွေးစဉ် ဦးခမိုင်မုန်ကွမ်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“သယံဇာတ တူးဖော်ထုတ်လုပ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းရှင်များ အနေဖြင့် စည်းကမ်းမဲ့ ဆောင်ရွက်ခြင်းမှာ သယံဇာတ ထွက်ရှိသော နယ်မြေဒေသများတွင် ဖြစ်ပေါ်လျက်ရှိပြီး အထူးသဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့တွင် ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရပါတယ်။ လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတော်ကို လိမ်လည်၍ ဒေသခံများ၏ ဥယျာဉ်ခြံမြေများကို မြေလွတ်မြေရိုင်း ဖြစ်သည်ဟု လိမ်လည်ဖော်ပြ၍ အကျိုးတူ လုပ်ကွက်အဖြစ် ရယူတဲ့ အနိုင်ကျင့်တဲ့ ကဏ္ဍတွေ အများအပြားရှိသည်ကို ကြုံတွေ့လျက်ရှိပြီး စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်၍ မြေစာများကို နီးစပ်ရာတွင် စုပုံမှုကြောင့် မြင့်မားတဲ့ မြေစာပုံကြီးများ ဖြစ်လာတဲ့အတွက် မြေစာပုံကြီး ပြိုကျကာ ဒေသခံများ အသက်ဆုံးရှုံးသလို ရေလမ်းပိတ်ဆို့မှုကြောင့် ဒေသခံပြည်သူများ၏ ဥယျာဉ်ခြံမြေများ ရာချီ၍ ရေနစ်မြုပ် ဆုံးရှုံးသလို ဖားကန့်မြို့မှာလည်း ရေကြီးမှုကြောင့် ဒေသခံ တိုင်းရင်းသားများမှာ နှစ်စဉ် အသက်အန္တရာယ် ရင်ဆိုင် ကြုံတွေ့လျက် ရှိသည်ကိုတွေ့ရပါသည်”ဟု ဦးခမိုင်မုန် ကွမ်က ပြောကြားသည်။
ထို့ကြောင့် ဥယျာဉ်ခြံမြေများ ပိုင်ရှင်နှင့် လုပ်ကွက်ရ လုပ်ငန်းရှင်များ ပဋိပက္ခ မဖြစ်စေရေးအတွက် နိုင်ငံတော် အစိုးရအနေဖြင့် လိမ်လည်၍ လုပ်ကွက် ရယူထားသော လုပ်ငန်းရှင်များ၏ လုပ်ကွက်များကို ပြန်လည် ရုပ်သိမ်းပေးရန်အတွက်လည်း ဦးခမိုင်မုန်ကွမ်က ဒေသခံများကိုယ်စား အစိုးရသို့ ပြောကြားသည်။
ထို့အပြင် စကန္တရားကြီးများ အသုံးပြုနေသည့် ကုမ္ပဏီများကို မြေစာ စွန့်ပစ်နိုင်ရန်အတွက် ကျောက်စိမ်းထွက်ရှိမှု နည်းပါး၍ ဒေသခံများ အသုံးမပြုသော မြေနေရာများကို သတ်မှတ်ပေးပြီး စနစ်တကျ စွန့်ပစ်နိုင်ရေး ဆောင်ရွက်ပေးရန်အတွက်လည်း ဦးခမိုင်မုန်ကွမ်က တိုက်တွန်း ပြောကြားခဲ့သည်။
ထို့အပြင် ဒေသခံ တိုင်းရင်းသားများအတွက် အလုပ်အကိုင် ရရှိရေးအတွက် ဖော်ထုတ်လုပ်ကွက်များ လျှောက်ယူခွင့်ပေးရန်နှင့် ချောင်းရေထဲမှ မြေစာပုံများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ ပူးပေါင်း၍ အခြားရေလမ်းများ ရှာဖွေ၍ဖြစ်စေ ရေနစ်မြုပ်မှု မရှိစေရေးအတွက် ဒေသခံ တိုင်းရင်းသား ပြည်သူများကို ဝိုင်းဝန်း ကူညီပေးရန် လွှတ်တော်မှတစ်ဆင့် နိုင်ငံတော်အစိုးရအား ပြည်သူများ၏ ကိုယ်စား တင်ပြတောင်းခံကြောင်း ဆွမ်ပရာဘွမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခမိုင်မုန်ကွမ်က ပြောကြားသည်။
ကချင်ပြည်နယ်တွင် လုပ်ငန်းရှင်များက ဒေသခံများ၏ ဥယျာဉ်ခြံမြေများကို မြေလွတ်မြေရိုင်းဟု နိုင်ငံတော်သို့ လိမ်လည်တင်ပြ၍ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများ လုပ်ဆောင်မှု အများအပြား ရှိနေပြီး ပြန်လည်သိမ်းယူပေးရန် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ပြောကြား















