စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် (KMA) ကုမ္ပဏီက သိမ်းယူထားသည့် တောင်ငူမြို့ နဂါးမောက်ကျေးရွာအုပ်စု စိုက်ပျိုးမြေများ ပြန်လည်စွန့်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရန် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်

စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် (KMA) ကုမ္ပဏီက သိမ်းယူထားသည့် တောင်ငူမြို့ နဂါးမောက်ကျေးရွာအုပ်စု စိုက်ပျိုးမြေများ ပြန်လည်စွန့်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရန် ဒေသခံတောင်သူများ ဆန္ဒထုတ်ဖော်
Published 5 December 2015
ဇော်ဝင်းချစ် (တောင်ငူ)

စီဘီဘဏ်ဥက္ကဋ္ဌ   ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင်ကုမ္ပဏီမှ သိမ်းယူထားသည့်  တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စုမှ  စိုက်ပျိုးမြေများအား အမြန်ဆုံးပြန်လည် စွန့်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက အသိမ်းဆည်းခံတောင်သူ ၈၀ ခန့်က ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်း သိရသည်။“အကြောင်းကတော့ ကောင်းမြန်မာအောင်ကုမ္ပဏီက ကျွန်တော်တို့လယ်ယာတွေကို သိမ်းဆည်းခဲ့လို့ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာပါ။ အခုလို ဆန္ဒထုတ်ဖော်ခွင့် ရဖို့လည်း ခွင့်ပြုမိန့်ကို   အကြိမ်ကြိမ် တင်ခဲ့ရပါတယ်။ ကျွန်တော်တို့ မိသားစုလိုက်ဆိုရင် ဧက ၈၀ လောက်ကို အသိမ်းခံထားရတယ်။ ကျွန်တော်တို့  အသိမ်းခံရတဲ့ လယ်တွေကို အမြန်ဆုံး ပြန်လိုချင်တယ်။ သူတို့က လုပ်ပိုင်ခွင့်ရတာ ဧက ၂၄၀၀ ဆိုပေမယ့် သူတို့လျာထားချက်အရ ဘုတ်တိုင် စိုက်ထားချက်အရဆိုရင် ဧက ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ်။ ဒါတောင်မှ ကွင်းအမှတ် (OSS_ 1) မှာပဲရှိတာ။ ကျွန်တော့်ကွင်းဆိုရင် (OSS_ 2) ကွင်းမှာရှိတာ။ အဲဒါတွေကိုလည်း ကျူးကျော် ဖျက်ဆီးခံရတယ်။ ကုမ္ပဏီနဲ့ ပတ်သက်ပြီး   နစ်နာမှုတွေကတော့ ပြောမနေနဲ့တော့။ ၂၀၀၉ ခုနှစ်ကတည်းက စပြီးတော့ နစ်နာခဲ့တာပဲ။ သီးပင်စားပင်တွေ ဖျက်ဆီးခံရ၊ ယာမြေတွေလည်း ဖျက်ဆီးခံရတယ်။ နောက်ပြီး အုပ်ချုပ်ရေးမှူးရုံးခေါ်ပြီး ဖိအားတွေပေး၊ ရဲစခန်းတွေကိုခေါ်ပြီး  ခံဝန်တွေထိုးခိုင်း၊ မြို့နယ်တရားရုံးမှာလည်း တရားစွဲခံရနဲ့ အခုလာမယ့် ဒီဇင်ဘာ ၇ ရက်မှာလည်း ရုံးချိန်းရှိတယ်။ အခုလက်ရှိကို ၁၂ ယောက် တရားစွဲခံထားရတယ်။ ကျွန်တော်ကိုယ်တိုင် အမှုသုံးမှုနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒုက္ခတွေခံရတာများလာတော့ မခံနိုင်တော့လို့ အခုလို ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အသိမ်းခံထားရတဲ့ေ မြေတွေအတွက် လျော်ကြေးဆိုတာလည်း မလိုချင်ဘူး။ မိသားစုနောင်ရေးအတွက် လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေတွေပဲ ပြန်လို ချင်ပါတယ်“   ဟု ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူ ကိုစောခါဖောက ပြောကြားသည်။ဆန္ဒထုတ်ဖော်ပွဲကို တောင်ငူ-သောက်ရေခပ် ရေအားလျှပ်စစ်လမ်း ခြောက်မိုင် ခြောက်ဖာလုံအနီး ထုံးဘိုရွာမှ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်ကစတင်ခဲ့ပြီး“ ကောင်းမြန်မာအောင်ကုမ္ပဏီ အလိုမရှိ”၊ “ လယ်သမား အကျိုးဆောင် အတုအယောင် အလိုမရှိ”၊ “ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းပေးရေး- ဒို့အရေး”၊ “ဒေသခံများ၏ မိဘဘိုးဘွား၊ ဓားမ ဦးချလုပ်ကိုင်လာခဲ့သော လယ်ယာမြေများကို မတရားကျူးကျော်သိမ်းဆည်းခဲ့သော ကောင်းမြန်မာအောင်ကုမ္ပဏီ ချက်ချင်းထွက်သွား ရေး- ဒို့အရေး” ဟူသော  ကြွေးကြာ်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး  နံနက် ၁၁ နာရီခန့်တွင် ဆန္ဒထုတ်ဖော်ပွဲ ပြီးဆုံးခဲ့သည်။ကောင်းမြန်မာအောင် ကုမ္ပဏီသည် နဂါးမောက်ကျေးရွာအုပ်စုရှိ စိုက်ပျိုးမြေဧက ၂၄၀၀ အား ၂၀၀၉ ခုနှစ်တွင် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနာမည်ဖြင့် လုပ်ပိုင်ခွင့် ရယူခဲ့သည်။ လုပ်ပိုင်ရယူသည့် စာချုပ်ပါစည်းကမ်းအရ မြေဧက ၂၄၀၀ အား လေးနှစ်အတွင်း အပြီးစိုက်ပျိုးရမည် ဖြစ်သော်လည်း လေးနှစ်အတွင်း  ဧက ၂၀၀ ကျော်သာ စိုက်ပျိုးနိုင်ခဲ့သဖြင့် ၂၀၁၂ လယ်ယာမြေဥပဒေအရ လုပ်ပိုင်ခွင့် ရယူထားသည့် မြေများအား ဒေသခံတောင် သူများထံသို့ ပြန်လည်ပေးအပ်ရန်၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်ကတစ်ကြိမ် ဆန္ဒထုတ်ဖော်ခံခဲ့ရပြီး ယခုဆန္ဒထုတ်ဖော်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့အတူ ကောင်းမြန်မာအောင်ကုမ္ပဏီကလည်း နဂါးမောက်ကျေးရွာ စိုက်ပျိုးမြေများတွင် ကျွန်းစိုက်ခင်း ထူထောင်ရန် ထောက်ခံကြောင်း ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက် နှင့် ၆ ရက်အထိ သုံးရက်ဆက်တိုက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။“အခုဟာက ကောင်းမြန်မာအောင်ကုမ္ပဏီကို လယ်သမားတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတော့ ခွင့်ပြုမိန့်ကျဖို့က သုံးကြိမ်တောင် သွားတင်ရတယ်။ သူတို့ကုမ္ပဏီ ထောက်ခံပွဲလုပ်ဖို့ကျတော့ ဘယ်လို ခွင့်ပြုလိုက်မှန်းတောင် မသိရဘဲနဲ့ သုံးရက်ဆက်တိုက် ဆန္ဒထုတ်ဖော် ခွင့်ပြုတယ်။ ပြီးတော့ သူတို့ထောက်ခံပွဲလုပ်တာက သူတို့မြေသိမ်းတာကို ဘယ်သူက ထောက်ခံလို့လဲ။ သူတို့ကုမ္ပဏီက လူတွေပဲ ပြန်ပြီး ထောက်ခံနေကြတာ။ တောင်သူဆန္ဒ ထုတ်ဖော်ဖို့ကျတော့   သုံးကြိမ်တင်ရတယ်။ ကုမ္ပဏီက ထောက်ခံပွဲလုပ်ဖို့ကျတော့  သုံးရက်ဆက်တိုက် ခွင့်ပြုတယ်ဆိုတော့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြည်သူ့ဘက်မှာ မရှိဘဲ ငွေရှိတဲ့သူတွေဘက်က ရပ်တည်နေတော့ ဆင်းရဲတဲ့ ပြည်သူတွေက ဘယ်သူ့ကို အားကိုး ရတော့မှာလဲ” ဟု နဂါးမောက်ကျေးရွာအုပ်စု မြေသိမ်းခံတောင်သူများ၏ မြေများပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနေသူကို စောဒိုထူးက ဆိုသည်။ဇော်ဝင်းချစ် (တောင်ငူ)န့်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရရန် ဒေသခံတောင်သူများ စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် (KMA) ကုမ္ပဏီက သိမ်းယူထားသည့် တောင်ငူမြို့ နဂါးမောက်ကျေးရွာအုပ်စု စိုက်ပျိုးမြေများ ဆန္ဒထုတ်ဖော်ကောင်းမြန်မာအောင်ကုမ္ပဏီမှ သိမ်းယူထားသောမြေများ ပြန်လည်စွန့်လွှတ်ပေးရန် ဆန္ဒထုတ်ဖော်နေသည့် လယ်သမားများအား တွေ့ရစဉ်စီဘီဘဏ်ဥက္ကဋ္ဌ   ဦးခင်မောင်အေး၏ ကောင်းမြန်မာအောင်ကုမ္ပဏီမှ သိမ်းယူထားသည့်  တောင်ငူမြို့နယ် နဂါးမောက်ကျေးရွာအုပ်စုမှ  စိုက်ပျိုးမြေများအား အမြန်ဆုံးပြန်လည် စွန့်လွှတ်ပေးရန်နှင့် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ရရှိရေးအတွက် ဒီဇင်ဘာ ၅ ရက် နံနက်ပိုင်းက အသိမ်းဆည်းခံတောင်သူ ၈၀ ခန့်က ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်း သိရသည်။“အကြောင်းကတော့ ကောင်းမြန်မာအောင်ကုမ္ပဏီက ကျွန်တော်တို့လယ်ယာတွေကို သိမ်းဆည်းခဲ့လို့ လယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ကျွန်တော်တို့ ဆန္ဒထုတ်ဖော်တာပါ။ အခုလို ဆန္ဒထုတ်ဖော်ခွင့် ရဖို့လည်း ခွင့်ပြုမိန့်ကို   အကြိမ်ကြိမ် တင်ခဲ့ရပါတယ်။ ကျွန်တော်တို့ မိသားစုလိုက်ဆိုရင် ဧက ၈၀ လောက်ကို အသိမ်းခံထားရတယ်။ ကျွန်တော်တို့  အသိမ်းခံရတဲ့ လယ်တွေကို အမြန်ဆုံး ပြန်လိုချင်တယ်။ သူတို့က လုပ်ပိုင်ခွင့်ရတာ ဧက ၂၄၀၀ ဆိုပေမယ့် သူတို့လျာထားချက်အရ ဘုတ်တိုင် စိုက်ထားချက်အရဆိုရင် ဧက ၄၀၀၀၊ ၅၀၀၀ လောက်ရှိတယ်။ ဒါတောင်မှ ကွင်းအမှတ် (OSS_ 1) မှာပဲရှိတာ။ ကျွန်တော့်ကွင်းဆိုရင် (OSS_ 2) ကွင်းမှာရှိတာ။ အဲဒါတွေကိုလည်း ကျူးကျော် ဖျက်ဆီးခံရတယ်။ ကုမ္ပဏီနဲ့ ပတ်သက်ပြီး   နစ်နာမှုတွေကတော့ ပြောမနေနဲ့တော့။ ၂၀၀၉ ခုနှစ်ကတည်းက စပြီးတော့ နစ်နာခဲ့တာပဲ။ သီးပင်စားပင်တွေ ဖျက်ဆီးခံရ၊ ယာမြေတွေလည်း ဖျက်ဆီးခံရတယ်။ နောက်ပြီး အုပ်ချုပ်ရေးမှူးရုံးခေါ်ပြီး ဖိအားတွေပေး၊ ရဲစခန်းတွေကိုခေါ်ပြီး  ခံဝန်တွေထိုးခိုင်း၊ မြို့နယ်တရားရုံးမှာလည်း တရားစွဲခံရနဲ့ အခုလာမယ့် ဒီဇင်ဘာ ၇ ရက်မှာလည်း ရုံးချိန်းရှိတယ်။ အခုလက်ရှိကို ၁၂ ယောက် တရားစွဲခံထားရတယ်။ ကျွန်တော်ကိုယ်တိုင် အမှုသုံးမှုနဲ့ ရင်ဆိုင်နေရတယ်။ ဒါကြောင့် ကျွန်တော်တို့ ဒုက္ခတွေခံရတာများလာတော့ မခံနိုင်တော့လို့ အခုလို ဆန္ဒထုတ်ဖော်ခဲ့တာပါ။ အသိမ်းခံထားရတဲ့ေ မြေတွေအတွက် လျော်ကြေးဆိုတာလည်း မလိုချင်ဘူး။ မိသားစုနောင်ရေးအတွက် လုပ်ကိုင်စားသောက်ဖို့ လယ်ယာမြေတွေပဲ ပြန်လို ချင်ပါတယ်“   ဟု ဆန္ဒထုတ်ဖော်ပွဲအား ဦးဆောင်သူ ကိုစောခါဖောက ပြောကြားသည်။ဆန္ဒထုတ်ဖော်ပွဲကို တောင်ငူ-သောက်ရေခပ် ရေအားလျှပ်စစ်လမ်း ခြောက်မိုင် ခြောက်ဖာလုံအနီး ထုံးဘိုရွာမှ နံနက် ၉ နာရီ မိနစ် ၄၀ ခန့်ကစတင်ခဲ့ပြီး“ ကောင်းမြန်မာအောင်ကုမ္ပဏီ အလိုမရှိ”၊ “ လယ်သမား အကျိုးဆောင် အတုအယောင် အလိုမရှိ”၊ “ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းပေးရေး- ဒို့အရေး”၊ “ဒေသခံများ၏ မိဘဘိုးဘွား၊ ဓားမ ဦးချလုပ်ကိုင်လာခဲ့သော လယ်ယာမြေများကို မတရားကျူးကျော်သိမ်းဆည်းခဲ့သော ကောင်းမြန်မာအောင်ကုမ္ပဏီ ချက်ချင်းထွက်သွား ရေး- ဒို့အရေး” ဟူသော  ကြွေးကြာ်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ပြီး  နံနက် ၁၁ နာရီခန့်တွင် ဆန္ဒထုတ်ဖော်ပွဲ ပြီးဆုံးခဲ့သည်။ကောင်းမြန်မာအောင် ကုမ္ပဏီသည် နဂါးမောက်ကျေးရွာအုပ်စုရှိ စိုက်ပျိုးမြေဧက ၂၄၀၀ အား ၂၀၀၉ ခုနှစ်တွင် စီဘီဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးနာမည်ဖြင့် လုပ်ပိုင်ခွင့် ရယူခဲ့သည်။ လုပ်ပိုင်ရယူသည့် စာချုပ်ပါစည်းကမ်းအရ မြေဧက ၂၄၀၀ အား လေးနှစ်အတွင်း အပြီးစိုက်ပျိုးရမည် ဖြစ်သော်လည်း လေးနှစ်အတွင်း  ဧက ၂၀၀ ကျော်သာ စိုက်ပျိုးနိုင်ခဲ့သဖြင့် ၂၀၁၂ လယ်ယာမြေဥပဒေအရ လုပ်ပိုင်ခွင့် ရယူထားသည့် မြေများအား ဒေသခံတောင် သူများထံသို့ ပြန်လည်ပေးအပ်ရန်၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁၈ ရက်ကတစ်ကြိမ် ဆန္ဒထုတ်ဖော်ခံခဲ့ရပြီး ယခုဆန္ဒထုတ်ဖော်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်သည်။ ထို့အတူ ကောင်းမြန်မာအောင်ကုမ္ပဏီကလည်း နဂါးမောက်ကျေးရွာ စိုက်ပျိုးမြေများတွင် ကျွန်းစိုက်ခင်း ထူထောင်ရန် ထောက်ခံကြောင်း ဒီဇင်ဘာ ၄ ရက် နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ပြီး ဒီဇင်ဘာ ၅ ရက် နှင့် ၆ ရက်အထိ သုံးရက်ဆက်တိုက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။“အခုဟာက ကောင်းမြန်မာအောင်ကုမ္ပဏီကို လယ်သမားတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတော့ ခွင့်ပြုမိန့်ကျဖို့က သုံးကြိမ်တောင် သွားတင်ရတယ်။ သူတို့ကုမ္ပဏီ ထောက်ခံပွဲလုပ်ဖို့ကျတော့ ဘယ်လို ခွင့်ပြုလိုက်မှန်းတောင် မသိရဘဲနဲ့ သုံးရက်ဆက်တိုက် ဆန္ဒထုတ်ဖော် ခွင့်ပြုတယ်။ ပြီးတော့ သူတို့ထောက်ခံပွဲလုပ်တာက သူတို့မြေသိမ်းတာကို ဘယ်သူက ထောက်ခံလို့လဲ။ သူတို့ကုမ္ပဏီက လူတွေပဲ ပြန်ပြီး ထောက်ခံနေကြတာ။ တောင်သူဆန္ဒ ထုတ်ဖော်ဖို့ကျတော့   သုံးကြိမ်တင်ရတယ်။ ကုမ္ပဏီက ထောက်ခံပွဲလုပ်ဖို့ကျတော့  သုံးရက်ဆက်တိုက် ခွင့်ပြုတယ်ဆိုတော့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက ပြည်သူ့ဘက်မှာ မရှိဘဲ ငွေရှိတဲ့သူတွေဘက်က ရပ်တည်နေတော့ ဆင်းရဲတဲ့ ပြည်သူတွေက ဘယ်သူ့ကို အားကိုး ရတော့မှာလဲ” ဟု နဂါးမောက်ကျေးရွာအုပ်စု မြေသိမ်းခံတောင်သူများ၏ မြေများပြန်လည်ရရှိရေး ကူညီဆောင်ရွက်ပေးနေသူကို စောဒိုထူးက ဆိုသည်။ဇော်ဝင်းချစ် (တောင်ငူ) 

Most Read

Most Recent