ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသူ ၂၆ ဦးအား တောင်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူအား စစ်ဆေး

ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသူ ၂၆ ဦးအား တောင်ပိုင်းခရိုင် တရားရုံး၌ ရုံးထုတ်ပြီး လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသူအား စစ်ဆေး
Published 26 November 2015
အောင်ကျော်ထက်

ဒလမြို့နယ် ဓနိတောကျေးရွာတွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုဖြစ်စဉ်မှ ဖမ်းဆီးထားသည့် ဓနိတောရွာသား ၂၆ ဦးအား တောင်ပိုင်းခရိုင် တရားရုံး၌ နိုဝင်ဘာ ၂၅ ရက်ကရုံး ထုတ်ခဲ့ပြီး လူသတ်မှုဖြင့် စွဲချက်တင်ခံထားရသည့် တရားခံအောင်ကျော်ညွန့်အား စစ်ဆေးခဲ့ကြောင်း သိရသည်။“ဒီနေ့က လူသတ်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ တရားခံကိုအောင်ကျော်ညွန့် ကိုစစ်ဆေးပါတယ်။ နောက်အပတ်မှာတော့ နောက်ထပ် စစ်ဆေးမှာပါ” ဟု ဓနိတောရွာသားများဘက် မှ လိုက်ပါဆောင်ရွက်ပေးသည့် ရှေ့နေတစ်ဦးက ပြောကြားသည်။ပြီးခဲ့သည့် ရုံးချိန်း၌ ယင်းတရားစွဲဆိုခံထားရသည့် ရွာသား ၂၆ ဦးထဲမှာ ရွာသား ၁၂ ဦးမှာ တစ်ဦးလျှင် ငွေကျပ်သိန်း ၂၀ ဖြင့် အာမခံရရှိခဲ့ကြောင်း သိရသည်။အာမခံရခဲ့သည့် ရွာသား ၁၂ ဦးတွင် ပုဒ်မ-၄၂၇ဖြင့် တရားစွဲခံထားရသည့် ရွာသား ၁၁ ဦးနှင့် ပုဒ်မ-၄၂၇/၃၂၃ ဖြင့် တရားစွဲခံထားရသည့် ရွာသားတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ကျန်ရှိသည့် ရွာသား ၁၄ ဦးအနက်မှ ပြစ်မှုပုဒ်မ -၃၀၂ ဖြင့် တစ်ဦး၊ ပြစ်မှုပုဒ်မ - ၃၀၂/၁၁၄ ဖြင့် ရှစ်ဦး၊ ပြစ်မှုပုဒ်မ- ၃၂၆/ ၄၂၇ ဖြင့် ငါးဦးတို့ဖြစ်ကြောင်း သိရသည်။ယင်းနေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေတစ်ဦး စစ်ဆေးခဲ့ပြီး ရုံးချိန်းအားပြန်လည် ချိန်းဆိုလိုက်ကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်မှာ ဧပြီ ၂၇ ရက်က ဒလမြို့နယ်၊ ခနောင်/ရှမ်းကျေးရွာအုပ်စု၊ ဓနိတောကျေးရွာတွင် နေထိုင်သည့် ဦးကျော်တင့် ပိုင်ဆိုင်သည့် မြေရှိရေကန်တွင် လာရောက်ရေခပ်သည့် အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးအား ဦးကျော်တင့်၏ မိသားစုများမှ ဆဲဆိုခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဓနိတောကျေးရွာနေ ပြည်သူများမှ စုံစမ်းသိရှိရသည်။အသက် ၁၅ နှစ်အရွယ် မိန်းကလေးအား ဦးကျော်တင့်၏ မိသားစုများမှ ဆဲဆိုခဲ့သဖြင့် ဓနိတောကျေးရွာ အတွင်းတွင်နေထိုင်သည့် ရွာသူရွာသားများမှ ဦးကျော်တင့်၏ နေအိမ်သို့ သွားရောက် ပြန်လည်ဆဲဆိုခဲ့ကြောင်း သိ ရသည်။ထိုသို့ပြန်လည်ဆဲဆိုရာမှ လူစုလူဝေး ဖြစ်ပွားခဲ့ပြီး ကျေးရွာအုပ်စုရေးမှူးနှင့် အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူများ၊ ဘုန်းကြီးကျောင်းမှ ဆရာတော်များမှ ဝိုင်းဝန်းဖြန်ဖြေခဲ့ရာ ည ၉ နာရီအချိန်တွင် လူစုပြန်လည်ခွဲသွား ကာ နေအိမ်သို့အသီးသီးပြန်သည့် အချိန်တွင် ဦးကျော်တင့်၏ နေအိမ်ဘက်မှ အုတ်ခဲနှင့် ပစ်ခဲ့သဖြင့် ရွာသားများမှ တုတ်၊ ဓားလက်နက် များကိုင်ဆောင်ကာ ဦးကျော်တင့်တို့ မိသားစု များအား ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ယင်းသို့ ရွာသားများမှ ပြန်လည် တိုက်ခိုက်ခဲ့ရာ ဦးကျော်တင့်၏ ညီဖြစ်သူမှာ သေဆုံးခဲ့ပြီး ၎င်းင်း၏မိခင်နှင့် ညီမဖြစ်သူတို့မှာ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent