တာဝါတိုင် တည်ဆောက်ခြင်းနှင့် Fiber နှင့် Network လုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းများအတွက် ကုမ္ပဏီ ၆၀ ကျော်ကို လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို စတင်လုပ်ကိုင်လျက်ရှိကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုးဦးစီးဌာနမှ သိရသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းလိုင်စင်များကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလပိုင်းမှ စတင်ကာလိုင်စင်များ ချထားပေးခဲ့ပြီး လက်ရှိအချိန်ထိ ကုမ္ပဏီ ၆၅ ခုကို လိုင်စင်ချထားပေးခဲ့ကြောင်း သိရသည်။
“ကုမ္ပဏီ ၆၀ ကျော်ကိုတော့ လိုင်စင်ချထားပေးပြီးပါပြီ။ လျှောက်ထားတဲ့ လိုင်စင်အမျိုးအစားပေါ် မူတည်ပြီးတော့ အချိန်က ကြာမှာပါ။ သုံးလ သို့မဟုတ် တစ်လလည်း ဖြစ်နိုင်တယ်။ တချို့ကုမ္ပဏီတွေဆိုရင် လိုင်စင်လျှောက်ထားပြီး လုပ်ကိုင်နေတဲ့ ကုမ္ပဏီအချို့လည်းရှိတယ်။
တချို့ကုမ္ပဏီတွေကျတော့ service ပေးတာမဟုတ်ဘဲ ဆက်သွယ်ရေးနဲ့ ပေါင်းလုပ်တဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ လိုင်စင်ကြေးကတော့ ကိုယ်လျှောက်ထားတဲ့ လိုင်စင်အမျိုးအစားပေါ် မူတည်ပြီး ပေးဆောင်ရပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက် နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှု ဦးသန်းထွန်းအောင်က ပြောကြားသည်။
လက်ရှိတွင် လာရောက်လျှောက်ထားသည့် ပြည်တွင်းပြည်ပ အိုင်တီကုမ္ပဏီများစွာရှိပြီး ယင်းကုမ္ပဏီများကို စိစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။ လိုင်စင်ရရှိသွားသည့် ကုမ္ပဏီများကို သတ်မှတ်ထားသည့် အချိန်ကာလအတွင်း၌ ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး လိုင်စင်လျှောက်ထားရမည့် အချိန်ကာလကိုမူ သတ်မှတ်ထားခြင်းမရှိဘဲ ကြိုက်သည့်အချိန်တွင် လာရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။ ထို့ပြင် လိုင်စင်ကြေးများကို မိမိတို့လျှောက်ထားသည့် လိုင်စင်အမျိုးအစားပေါ် မူတည်ပေးဆောင်ရကြောင်း သိရသည်။
တာဝါတိုင်၊ Fiber နှင့် Network လုပ်ငန်းများအပါအဝင် အခြားလုပ်ငန်းများအတွက် ကုမ္ပဏီ ၆၀ ကျော်ကို လုပ်ငန်းလိုင်စင်ချထား















