ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်း ရည်ရွယ်ချက်များတွင် ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ် ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန်နှင့် ဥပဒေနှင့် မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန်ဟု လွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေစဉ် ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များတွင် ဖမ်းဆီးချုပ်နှောင်မှုကာလ လျော့ကျရန်နှင့် ဥပဒေနှင့် မညီသည့် ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်ရန် အချက်များ ထည့်သွင်းသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြင်ဆင်ဖြည့်စွက်ထားကြောင်း သိရသည်။ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် အဆိုပါ ဥပဒေကြမ်း၏ အခန်း ၂ တွင် ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ် ကာလအတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များတွင် မလိုလားအပ်သော ဖမ်းဆီးချုပ်နှောင်သည့်ကာလ လျော့ကျစေရန်နှင့် ဥပဒေနှင့် မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန်အတွက် ရည်ရွယ်ကာ ပြင်ဆင်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ဥပဒေဆိုင်ရာ အထောက်အကူပေးသူသည် ရဲစခန်း (သို့) အခြားတစ်နေရာတွင် ထိန်းသိမ်းဖမ်းဆီးခြင်း ခံရသူ၏ မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်းနှင့် လိုအပ်ပါက ယင်းဥပဒေနှင့်အညီ ဥပဒေဆိုင်ရာ အထောက်အကူ ပေးနိုင်ရန် ဆောင်ရွက်ရမည်ဟု ပြင်ဆင်ထားကြောင်း သိရသည်။ထို့ပြင် အချုပ်စခန်း၊ အကျဉ်းထောင် (သို့) စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် သက်မွေးပညာသင် စခန်းများသို့ ရထိုက်သည့် သက်သာခွင့် အရပ်ရပ်အတွက် ဥပဒေဆိုင်ရာ အထောက်အကူ ပေးရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းထားသည်။ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့၏ သက်တမ်းသည် ငါးနှစ်ဖြစ်ကြောင်း၊ ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေးမှုများကို အများပြည်သူများအတွင်း ပျံ့နှံ့ရန် စီမံချက်ရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်ရန် ဥပဒေကြမ်းတွင် ထည့်သွင်းထားကြောင်း သိရသည်။ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သည် ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ဆုံးဖြတ်ပါက တရားစွဲ မတင်မီနှင့် တရားစွဲပြီးနောက် မူလရုံးတွင်ဖြစ်စေ၊ အထက်ရုံး အဆင့်ဆင့်တွင်ဖြစ်စေ စွပ်စွဲခံရသူ၊ ပြစ်မှုကျူးလွန်ခံရခြင်းကြောင့် နစ်နာသူနှင့် ပြစ်မှုနှင့် သက်ဆိုင်သော သက်သေများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးရန် ဥပဒေဆိုင်ရာ အထောက်အကူပေးသူ တစ်ဦးဦးအား တာဝန်ပေး ခန့်အပ်ရမည်ဖြစ်ကြောင်း၊ စွပ်စွဲခံရသူ တစ်ဦးထက် ပိုပါက လိုအပ်လျှင် ဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့သို့ ခန့်အပ် တာဝန်ပေးနိုင်သည်ဟု ဥပဒေကြမ်း ကော်မတီက ပြင်ဆင်ဖြည့်စွက်မှုများဖြင့် အတည်ပြုထားသည်။ဥပဒေဆိုင်ရာ အထောက်အကူပေးသူသည် ပြစ်ဒဏ်ချမှတ်ခံရသော တရားခံနှင့် ပတ်သက်ပြီး အယူခံမှု၊ ပြင်ဆင်မှုနှင့် အထွေထွေ လျှောက်ထားမှုတွင် လိုအပ်သော ဥပဒေဆိုင်ရာ အထောက်အကူပေးရမည်။ အချုပ်စခန်း၊ အကျဉ်းထောင် သို့မဟုတ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ရေးနှင့် သက်မွေးပညာသင် စခန်းများသို့ အပို့ခံရသူများ ရထိုက်သည့် သက်သာခွင့် အရပ်ရပ်အတွက် ဥပဒေဆိုင်ရာ အထောက်အကူ ပေးရမည်ဟု ဥပဒေကြမ်းတွင် ပြင်ဆင်ဖြည့်စွက်ထားကြောင်း သိရသည်။
ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကြမ်းတွင် ပြစ်မှုဆိုင်ရာ စုံစမ်းထောက်လှမ်းမှုနှင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်စဉ်အတွင်း ရဲအချုပ်နှင့် အကျဉ်းထောင်များ၌ ဥပဒေနှင့် မညီသော ဖမ်းဆီးချုပ်နှောင်မှုများ ပပျောက်စေရန်ဟု လွှတ်တော်ဥပဒေကြမ်းကော်မတီ ပြင်ဆင်















