ငယ်စဉ်ကတည်းက လျစ်လျူရှုခံရခြင်း၊ ပြင်းထန်သည့်သဘာ၀ ဘေးအန္တရာယ်များနှင့် ကြုံတွေ့ရခြင်း အပါအဝင် အကြမ်းဖက်မှု အမျိုးမျိုးကြုံတွေ့ခဲ့ရသည့် ကလေးငယ်များအနေဖြင့် အရွယ်ရောက်လျှင် စိတ်ပိုင်းဆိုင်ရာ ပြဿနာအမျိုးမျိုး ဖြစ်လာနိုင်ကြောင်း စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးများ၏ ပြောကြားချက်များအရ သိရသည်။ထို့ပြင် ခေတ်ကာလ၏ ပြောင်းလဲ တိုးတက်လာမှုများနှင့်အတူ ဂိမ်းစ်အမျိုးမျိုး ထွက်ပေါ်လာရာ အကြမ်းဖက်သည့် တိုက်ခိုက်မှုများပါဝင်သည့် ဂိမ်းစ်များလည်း ပေါ်ပေါက်လာလျက်ရှိပြီး ယင်းကဲ့သို့ ဂိမ်းစ်များ ကစားခြင်းနှင့် အကြမ်းဖက်မှုများ၊ တိုက်ခိုက်မှုများ ပါဝင်သည့် ဗီဒီယို ဇာတ်လမ်းများကို ကြည့်ရှုခြင်းသည် ကလေးများတွင် ကြမ်းတမ်းမှုများ အပါအဝင် အခြားသော စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုများကို ပိုမို တွေ့ရှိရကြောင်း နိုင်ငံတကာ သုတေသန ပြုလုပ်ချက်များအရ သိရသည်။“ကလေးတော်တော်များများက စိတ်ရောဂါ ဖြစ်နေတယ်ဆိုတာ မသိနိုင်ကြဘူး။ ဒီကလေးတွေ အရမ်းဆိုးတယ်ဆိုပြီး လူတွေမြင်ကြတယ်။ တကယ်တော့ သူတို့ဆီမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တစ်စုံတစ်ခု ရှိနေတာဖြစ် နိုင်တယ်။ နောက်ပြီး ကလေးတွေ အရမ်းငယ်တဲ့အခါမှာ အကြမ်းဖက်ခံရတာမျိုး၊ သဘာ၀ ဘေးအန္တရာယ် ကြုံတဲ့ဟာမျိုးတွေ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံခဲ့ရမယ်ဆိုရင် အဲဒါတွေက မသိစိတ်မှာ စွဲသွားတယ်။ အဲဒီစွဲသွားတဲ့ဟာက ဖိစီးနေတော့ ကြီးလာတော့ တခြားသူထက်စာရင် စိတ်ရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများတယ်။ ပြီးတော့ လူတွေနဲ့ ဆက်ဆံတဲ့အခါ လူ့လောကကို ရင်ဆိုင်တဲ့နေရာမှာ ကျန် တဲ့လူတွေလောက် ခံနိုင်ရည် မရှိတာတွေ ကြုံ တွေ့ရလာနိုင်တယ်။ သူ့ရဲ့ကိုယ်ရည်သွေးမှာ တခြားလူတွေလောက် သဟဇာတ မဖြစ်တာ လူတွေကို မယုံကြည်တာ၊ စိတ်ဒဏ်ရာရသွား ပြီး စိတ်လုံခြုံမှု မရှိတော့တာမျိုးပေါ့”ဟု စိတ် ကျန်းမာရေးဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာတင်ဦးက ပြောကြားသည်။“ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို ကြည့်မယ်ဆိုရင် ဒီကလေးက ဗိုက်ဆာလို့ငိုရင် အမေက နို့တိုက်လိုက်ရင် ကျေနပ်သွားမယ်။ အဲလိုမှမဟုတ်ပဲ ငိုနေတဲ့အချိန်မှာ တချို့ အမေတွေက မအားလို့ နို့မတိုက်နိုင်တာတွေ ရှိတယ်။ အဲတော့ ကလေးက ငိုနေပေမယ့် သူ့ဆန္ဒမပြည့်ဘူး။ အဲဒါတွေကလည်း သူ့စိတ်ထဲ စွဲသွားပြီး ကြီးလာလို့ အခက်အခဲတစ်ခု ရှိတယ်ဆိုရင် ကြိုးစားရင် အောင်မြင်နိုင်ပါလားဆိုတာ မယုံကြည်တော့ဘူး။ အကူအညီမဲ့တဲ့ ခံစားချက် ဝင်သွားတယ်။ ကြီးလာတော့ ကြိုးစားချင်စိတ် မရှိတော့ဘူး။ ဒါတွေက လူကြီးတွေအနေနဲ့ သတိမထားမိနိုင်တဲ့ ကလေးတွေရဲ့ ငယ်စဉ်ကစိတ်ဒဏ်ရာပေါ့”ဟု ဒေါက်တာတင်ဦးက ဆက်လက်ပြောကြားခဲ့သည်။ ထို့ပြင် လူလတ်ပိုင်းအရွယ်များတွင် စိတ်ပိုင်းဆိုင်ရာရောဂါ ခံစားနေရသူများသည် ကလေးဘဝတွင် ပဋိပက္ခဖြစ်ပွားမှုများ၊ သဘာ၀ ဘေးအန္တရာယ်များနှင့် လူမှုရေးနယ်ပယ်တွင် ပစ်ပယ်ခံရသူများ၊ မိသားစုနှင့် ဆရာ၊ ဆရာမများ အကြမ်းဖက်မှုများ ဆိုးရွားစွာ ဆက်ဆံခံခဲ့ရမှုများကြောင့် ဖြစ်နိုင်ကြောင်း၊ ကလေးဘဝတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရသူများသည် အသက် ၁၄ နှစ် မတိုင်မီတွင် စိတ်ကစဉ့်ကလျား ဖြစ်ပွားမှုများ စတင်ဖြစ်ပွားနိုင်ပြီး လူလတ်ပိုင်းအရွယ် ရောက်လာပါက အကြောင်းအမျိုးမျိုးသော စိတ်မကျန်းမာမှုများကို ခံစားရနိုင်ကြောင်းလည်း သိရသည်။လက်ရှိတွင် အသက် ၁၅ နှစ်မှ ၂၄ နှစ် ကြားရှိ လူငယ်များ၏ ရာခိုင်နှုန်း ၂၀ ခန့်မှာ တစ်နည်းနည်းဖြင့် စိတ်မကျန်းမာမှု တစ်ခုခု ခံစားနေကြရပြီး လူငယ်ပိုင်းတွင် ကြုံတွေ့နေရသည့် စိတ်ကျန်းမာရေး အခြေအနေများသည် အထူးသဖြင့် စိတ်ကျရောဂါနှင့် မသန်စွမ်းမှုများကို ဖြစ်စေနိုင်သည့်အပြင် မျိုးဆက်ပွား ကျန်းမာရေးကိုပင် ထိခိုက်နိုင်ကြောင်း၊ စိတ်ပျက်အားငယ်မှုကို ဖြစ်စေနိုင်ကြောင်းနှင့် ယင်းအခြေအနေများသည် အထီးကျန်မှုကို ခံစားရစေပြီး ထိလွယ် ရှလွယ်သည့် အန္တရာယ်ရှိသည့် အခြေအနေကိုပင် ဖြစ်စေနိုင်ကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ငယ်စဉ်ကတည်းက လျစ်လျူရှုခံရခြင်း၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့ရခြင်း အပါအဝင် အကြမ်းဖက်မှု အမျိုးမျိုးနှင့် ကြုံတွေ့ခဲ့ရသည့် ကလေးငယ်များ အရွယ်ရောက်ပါက စိတ်ပိုင်းဆိုင်ရာ ပြဿနာအမျိုးမျိုးဖြစ်လာနိုင်















