အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့တို့၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည်ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ထိုးရန် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် လူပုဂ္ဂိုလ်များကို ဖိတ်ကြားထားရာ လက်မှတ်ထိုးပွဲသို့ ၎င်းတို့ ရောက်နိုင်ခြင်း ရှိ မရှိ အောက်တိုဘာ ၁၂ရက်တွင် အပြည့်အစုံ သိရမည်ဖြစ်ကြောင်း သတင်းရရှိသည်။
NCA လက်မှတ်ထိုးပွဲသို့ သက်သေအဖြစ် တက်ရောက်မည့်သူများ သတ်မှတ်ခြင်းကို အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်သေအဖြစ်ပါဝင်ရန် နှစ်ဖက်သဘောတူထားသူ အားလုံးနီးပါးကို အောက်တိုဘာ ၉ ရက်တွင် ဖိတ်ကြားပြီးဖြစ်ကြောင်း အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ အလုပ်အဖွဲ့ Myanmar Peace Centerမှ သိရသည်။
ဒေါ်အောင်ဆန်းစုကြည်အား NCA လက်မှတ်ထိုးပွဲသို့ သက်သေအဖြစ် ပါဝင်ရန် ဖိတ်ကြားထားမှုနှင့် ပတ်သက်၍ Myanmar Peace Center မှ ဦးလှမောင်ရွှေက “ဒီနေ့ ညနေပိုင်းမှာ သွားရောက်ဖိတ်ကြားနေပါပြီ။ NLD က စီအီးစီတစ်ဦး သူတို့ဘက်က တက်မယ်လို့ ဆုံးဖြတ်တဲ့သူ ဖြစ်မှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ နာမည်နဲ့ဖိတ်တာ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုတော့ စီအီးစီတစ်ဦး တက်ရောက်ပေးဖို့ဆိုတာ ကျွန်တော်တို့ ဖိတ်ထားတာရှိတယ်။ အခု သက်သေလက်မှတ်ရေးထိုးဖို့ လူအားလုံးနီးပါးလောက် ဖိတ်ပြီးပါပြီ။ ဒါပေမဲ့ အကြောင်းပြန်ကြားချက်တွေကိုတော့ ပြန်စုရမှာပေါ့။ ၁၂ ရက်ကျရင်တော့ ကျွန်တော်တို့ အတည်ပြုနိုင်တဲ့ အနေအထားရှိတယ်” ဟု အောက်တိုဘာ ၉ ရက် ညပိုင်းက ပြောကြားသည်။
NCA လက်မှတ်ရေးထိုးမည့်နေ့ရက်နှင့် ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သို့ ရွေးကောက်ပွဲအောင်နိုင်ရေး ခရီးသွားရောက်မည့်နေ့ရက်သည် နီးကပ်နေပြီး ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့ အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သွားရောက်မည်ဟု NLD သတင်းပြန်ကြားရေးတာဝန်ရှိသူ ဦးကြည်တိုးက စက်တင်ဘာ ၂၀ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များနှင့် ပတ်သက်ပြီး ရေးသားဖော်ပြထားသည်။
NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က “ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်သွားဖို့ ရှိပါတယ်။ အဲဒီဟာနဲ့ တိုက်နေတဲ့ သဘောတော့ရှိတယ်။ ရခိုင်ပြည်ခရီးစဉ်ကိုတော့ မဖျက်ဘူး။ ဖျက်လို့မရပါဘူး” ဟုပြောကြားခဲ့ပြီး NCA လက်မှတ်ထိုးပွဲသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခြင်း ရှိ မရှိ အတည်ပြုပြောကြားခဲ့ခြင်း မရှိပေ။
လက်မှတ်ထိုးပွဲသို့ NCA လက်မှတ်ရေးထိုးမှုတွင် လတ်တလော ပါဝင်ခြင်းမရှိသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုလည်း ဖိတ်ကြားထားရာ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) အဖွဲ့ တက်ရောက်နိုင်မည့် အခြေအနေရှိကြောင်း သိရသည်။ “ဝ” က လာမယ်။ သူတို့က လွန်ခဲ့တဲ့ သုံးလေးရက်ကတည်းက လာမယ်တဲ့။ တစ်ရက် နှစ်ရက်နေမှ သေချာသိရမယ်။ အခြားကတော့ မပြောတတ်သေးဘူး။ ဖိတ်စာကတော့ ခုနကပဲ ပို့နေတယ်။ အားလုံး ခုနစ်ဖွဲ့ပေါ့။ လက်မှတ်ထိုးဖို့ကျန်နေတဲ့ ခုနစ်ဖွဲ့ပေါ့။ တိုင်းရင်းသားတွေဘက်ကလည်း ဖိတ်တယ်။ အစိုးရကလည်း ဖိတ်တယ်” ဟု Myanmar Peace Center မှ ဦးအောင်နိုင်ဦးက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NCA လက်မှတ်ရေးထိုးရာ၌ သက်သေအဖြစ် ပါဝင်ရန် ဖိတ်ကြားထားသူများ တက်ရောက်နိုင်ခြင်း ရှိ မရှိ အောက်တိုဘာ ၁၂ ရက်တွင် သိရမည်















