Yangon Rock Festival ဖျော်ဖြေပွဲလက်မှတ်များကို ကြိုတင်လက်မှတ် ကျပ် ၁၄၀၀၀ နှင့် ပွဲနေ့ ကျပ် ၁၅၀၀၀ ဟု သတ်မှတ်

Yangon Rock Festival ဖျော်ဖြေပွဲလက်မှတ်များကို ကြိုတင်လက်မှတ် ကျပ် ၁၄၀၀၀ နှင့် ပွဲနေ့ ကျပ် ၁၅၀၀၀ ဟု သတ်မှတ်
Published 6 October 2015

ရော့ခ်အဆိုရှင် အများအပြားပါဝင်မည့် Yangon Rock Festival ဖျော်ဖြေပွဲလက်မှတ်များကို ကြိုတင်လက်မှတ် ကျပ် ၁၄၀၀၀ နှင့် ပွဲနေ့တွင် ကျပ် ၁၅၀၀၀ ဟု သတ်မှတ်ကာ ရောင်းချလျက်ရှိကြောင်း သတင်းရရှိသည်။ 
အဆိုပါ ဖျော်ဖြေပွဲလက်မှတ်များကို အထူးဈေးနှုန်းအဖြစ် ကျပ် ၁၂၀၀၀ နှင့် အောက်တိုဘာ ၃ ရက်မှ ၇ ရက်အထိ သတ်မှတ်ရောင်းချရန်လည်း စီစဉ်ထားသည်ဟု သိရသည်။ Yangon Rock Festival ကို ရန်ကုန်မြို့ ပြည်သူ့ ရင်ပြင်၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် အင်ပါယာတီးဝိုင်းနှင့် အဆိုတော် ဇော်ဝင်းထွဋ်၊ Big Bag ၊ Wanted ၊  Idiots ၊ Reason ၊ ဝေလတို့ ပါဝင်ရန် စီစဉ်ထားကာ အခြားရော့ခ်အဆိုရှင်များနှင့် လူငယ်ရော့ခ်ဂီတ မျိုးဆက်သစ်အဆိုရှင်များလည်း ပါဝင်ရန် စီစဉ်ထားသည်ဟုသိရသည်။ အဆိုပါ ဖျော်ဖြေပွဲကို အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ရန်စီစဉ်ထားခြင်း ဖြစ်သည်။ 
 
“Yangon Rock Festival ကို အောက်တိုဘာ ၂၄ ရက်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ဒီပွဲက ရော့ခ်ပရိသတ်တွေအတွက် စီစဉ်တဲ့ပွဲပါ။ ရော့ခ်အဆိုရှင်အများအပြား ပါဝင်အောင် စီစဉ်နေပါတယ်။ လောလောဆယ်ကတော့ အင်ပါယာနဲ့ ကိုညီထွဋ်ပါမယ်။ S.I.R အဖွဲ့သားတွေ ပါမယ်။ ကိုဝေလလည်း ပါဝင်ပါမယ်။ နောက်ထပ်ပါဝင်မယ့် အဆိုတော်စာရင်းကိုလည်း ထပ်ပြီး ထုတ်ပြန်ကြေညာပေးသွားပါမယ်။ လူငယ်ရော့ခ်မျိုးဆက်သစ် အဆိုရှင်တွေပါဝင်နိုင်ဖို့လည်း စီစဉ်နေပါတယ်။ လက်မှတ်ဈေးနှုန်းကတော့ ကြိုတင်လက်မှတ် ၁၄၀၀၀၊ ပွဲနေ့ ၁၅၀၀၀ သတ်မှတ်ရောင်းချပါမယ်။ အထူးဈေးနှုန်းအနေနဲ့ အောက်တိုဘာ ၃ ရက်ကနေ ၇ ရက် ကို ၁၂၀၀၀ သတ်မှတ်ထားပါတယ်” ဟု Yangon Rock Festival မှတာဝန်ရှိသူတစ်ဦးက ဆိုသည်။ 
 
ပွင့်လင်းရာသီကာလတွင် ရန်ကုန်မြို့၌ ဖျော်ဖြေပွဲများပြုလုပ်ရန် စီစဉ်ထားရာတွင် ရော့ခ်ဂီတပရိသတ်များအတွက် Yangon Rock Festival ကို စီစဉ်ခြင်းဖြစ်သည်။

Most Read

Most Recent