နှစ် ၈၀၀ ပြည့် ဧကရာဇ် ကူဗလိုင်ခန်

နှစ် ၈၀၀ ပြည့် ဧကရာဇ် ကူဗလိုင်ခန်
Published 24 September 2015
မောင်ကြွယ်စိုး

ဧကရာဇ် ကူဗလိုင်ခန် မွေးနေ့ဟာ ၂၀၁၅ စက်တင်ဘာ ၂၃ မှာ နှစ် ၈၀၀ ပြည့်ပြီ ဖြစ်ပါတယ်။ နှစ် ၈၀၀ ပြည့် မွေးနေ့ကို မွန်ဂိုလီးယားနိုင်ငံ အူလန်ဘာတောမှာ ကျင်းပခဲ့ပါတယ်။ တရုတ်နိုင်ငံကတော့ ယွမ်မင်းဆက်ရဲ့ နွေရာသီ အိမ်တော်မှာ ကူဗလိုင်ခန် ကျောက်ရုပ် ဖွင့်လှစ်ခဲ့ပါတယ်။ နွေရာသီ စံအိမ်တော်ကို ၁၂၇၁ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။မွန်ဂို ကူဗလိုင်ခန်ဟာ ဧကရာဇ်တစ်ဦးဖြစ်ပြီး သူ့ဇာတိအရပ်နဲ့ သူသိမ်းပိုက်ခဲ့တဲ့ တရုတ်နိုင်ငံတို့က ကူဗလိုင်ခန်ကို မိမိတို့ရဲ့ ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ ကြပါတယ်။ ဂျင်ဂျစ်ခန်ရဲ့မြေး ကူဗလိုင်ခန် လက်ထက်မှာ မွန်ဂိုအင်အား ပိုမိုကြီးထွားလာခဲ့သလို နယ်မြေချဲ့ထွင်မှုတွေ ပိုမို လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူ့ပိုင်နက် ဘယ်လောက် ကြီးမားတယ်ဆိုတာ သူသိမ်းပိုက်ခဲ့တဲ့ အရှေ့ဖျား ဥရောပနဲ့ ကိုရီးယားကျွန်းဆွယ်အထိပါဝင်ခဲ့တာက သက်သေ ပြနေပါတယ်။ယွမ်မင်းဆက်ဟာ တရုတ်နိုင်ငံမှာ ထီးနန်းစိုးစံတာ နှစ် ၁၀၀ မပြည့် ခဲ့ဖူးပါဘူး။ မွန်ဂိုရဲ့ သိမ်းပိုက်မှုအောက် ကျရောက်ပြီးတဲ့နောက် နှစ်ပေါင်း အတန်ကြာမှ တရုတ်နိုင်ငံဟာ မွန်ဂိုလက်မှ လွတ်မြောက်ခဲ့ပါတယ်။၂၀ ရာစုမှာ ပထဝီ နိူင်ငံရေး ငလျင်လှုပ်ခတ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ချင်မင်းဆက် ကျဆုံးမှု၊ ဆိုဗီယက် ပြည်ထောင်စု ပေါ်ထွန်းလာမှုတွေနဲ့အတူ မွန်ဂိုလီးယား နိုင်ငံကလည်း တရုတ် လက်အောက်ကနေ ရုန်းထွက်ပြီး လွတ်လပ်တဲ့ နိုင်ငံတစ်ခု ဖြစ်လာပါတယ်။ ဒီလို ဖြစ်လာရတာကလည်း မော်စကိုရဲ့ သြဇာ မကင်းပါဘူး။မွန်ဂိုမျိုးနွယ်ဖြစ်တဲ့ ကူဗလိုင်ခန်ဟာ တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရပါတယ်။ ဒါကြောင့် ကူဗလိုင်ခန်က မိမိကိုယ်မိမိ တရုတ် ဧကရာဇ်အဖြစ် ခံယူပြီးသကာလ ယွမ်မင်းဆက်ကို တည်ထောင်ရခြင်း ဖြစ်တယ်လို့ မွန်ဂိုသမိုင်းနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ပညာရှင်လည်းဖြစ် စာရေးဆရာလည်းဖြစ်တဲ့ ဂျွန်မင်းက မှတ်ချက်ချခဲ့ပါတယ်။ခေတ်သစ် တရုတ်သမိုင်းကို ငဲ့စောင်းကြည့်ရင် တရုတ်ပြည်ရဲ့ နယ်နိမိတ်ဟာ အင်မတန်မှ ကျယ်ပြန့်တာ တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ မွန်ဂိုလီးယား မပါဝင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒါသမိုင်းရဲ့ လှောင်ပြောင်ချက် တစ်ခု ဖြစ်နေရတာကတော့ ကူဗလိုင်ခန်ဟာ တရုတ်မဟုတ်ဘဲ မွန်ဂိုဖြစ်နေလို့ပါပဲလို့လည်း ဂျွန်မင်းက ထောက်ပြခဲ့ပါတယ်။တရုတ်တွေကတော့ မိမိတို့ဟာ ကမ္ဘာရဲ့ရှေးအကျဆုံး ယဉ်ကျေးမှု အမွေအနှစ်တွေ အမြောက်အမြား ရှိတယ်။ ဒါ့အပြင် စစ်ရေးကို ဘယ်လောက် အင်အားကြီးတယ်ဆိုတာ ပြောချင်တာကြောင့် မွန်ဂိုတွေရဲ့ ကျူးကျော်မှုတွေကို တရုတ်ကပဲ လုပ်ဆောင်တာမျိုးအထိ ပြောဆိုလေ့ ရှိခဲ့ပါတယ်။ခေတ်သစ် မွန်ဂိုလီးယားမှာ လူဦးရေက သုံးသန်းပဲ ရှိပါတယ်။ လူအများစုဟာ မွန်ဂိုမျိုးနွယ်စုတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ခန့်က မွန်ဂိုတွေလို စစ်ရေးအရ ကြီးမားပြီး နယ်ပယ် ချဲ့ထွင်မှုတွေ မပြုလုပ် နိုင်တော့ပါဘူး။ နယ်ပယ်ချဲ့ထွင်ဖို့ထက် လူဦးရေ နည်းပါးနေတာကြောင့် လူဦးရေ အဆမတန်များတဲ့ တရုတ်နိုင်ငံကို ထိတ်လန့်နေပါတယ်။လူဦးရေ ကွာခြားမှုတင် မကဘဲ နိုင်ငံရဲ့ ပထဝီ နိုင်ငံရေးမှာလည်း ချည့်နဲ့နေပါတယ်။ စီးပွားရေး အရလည်း တရုတ်နိုင်ငံအပေါ် မှီခိုနေရပါတယ်။ မွန်ဂိုလီးယား နိုင်ငံဟာ သီးသန့် ရပ်တည်နိုင်ဖို့ဆိုတာ မလွယ်လှဘူးလို့ အူလန်ဘာတောမြို့ရှိ နိုင်ငံတကာ လေ့လာရေး အင်စတီကျူမှ ဒီရူရာတူက သုံးသပ်ခဲ့ပါတယ်။ မွန်ဂိုလီးယား နိုင်ငံရဲ့ လက်ရှိ အခြေအနေဟာ နိုင်ငံရေး ဝေါဟာရနဲ့ ဆုံးမယ်ဆိုရင် အင်မတန်မှ အရေးပါနေပါတယ်။မွန်ဂိုလီးယားမှာရှိတဲ့ နိုင်ငံရေး သမားတွေဟာ အထက်ဖော်ပြပါ အချက်တွေကို အလေးအနက်ထား စဉ်းစားမိကြဖို့ လိုနေပါတယ်။ မာကိုပိုလိုရဲ့ ခရီးစဉ်မှာ အီတလီလူမျိုး မာကိုပိုလိုဟာ ကူဗလိုင်ခန်နဲ့ တွေ့ဆုံခဲ့ပုံကို ဖော်ပြထားတာကြောင့် ပဝေသဏီ ကာလက သမိုင်းဟာ ဂုဏ်ရောင်ပြောင်ခဲ့တာ ငြင်းမရဘူး။ ဂျင်ဂျစ်ခန်ဟာ မွန်ဂိုမျိုးနွယ်စစ်စစ် ဖြစ်တယ်လို့ ဘိုင်ဂါလီ အမည်ရှိတဲ့ ဧည့်လမ်းညွှန်က ပြောကြားပါတယ်။ တရုတ်ဘက်ခြမ်း မှာရှိတဲ့ အတွင်းမွန်ဂိုလီးယားမှာ ကူဗလိုင်ခန်ရဲ့ အဘိုး ဂျင်ဂျစ်ခန်အုတ်ဂူ ရှိပါတယ်။ဒါပေမဲ့ ပြည်ပက သမိုင်းပညာရှင်တွေကတော့ ဂျင်ဂျစ်ခန်ရဲ့အုတ်ဂူ ဟုတ်မဟုတ်ဆိုတာ မစစ်ထားရသေးဘူးလို့ ပြောထားတာ ရှိပါတယ်။ မွန်ဂိုမျိုးနွယ်ဖြစ်သူ အစိုးရ ဆန့်ကျင်ရေးသမားဟာ ဒါဟာ တရုတ်နိုင်ငံမှာထောင်ဒဏ် အနှစ် ၂၀ ကျခံ နေရပါတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ သူလွတ်မြောက် လာပါတယ်။ တရုတ်တွေဟာ မွန်ဂိုတွေကို နှိမ့်ချဆက်ဆံမှုတွေ ပြုလုပ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။မွန်ဂိုများသည် မဟာနိုင်ငံ တစ်ခုမှာ ကြီးပြင်းရှင်သန်ခဲ့ကြသော ရှေးဟောင်းမျိုးနွယ်စုတစ်ခု ဖြစ်သည်မှာ မငြင်းနိုင်ကြောင်း ဟာဒါက အမေရိကန် အခြေစိုက် တောင်ပိုင်း မွန်ဂိုတို့ရဲ့ လူ့အခွင့်အရေး သတင်းဌာနမှ ထုတ်ပြန်တဲ့ အွန်လိုင်းမှာ ရေးသားခဲ့ပါတယ်။တရုတ် အစိုးရက မွန်ဂိုလီးယားနိုင်ငံသားများကို တားဆီးအောင် လုပ်ဆောင်နေတာဟာ နိုင်ငံရေး အာဂျင်ဒါတစ်ခု ဖြစ်ပါတယ်။ သဘောကတော့ မွန်ဂိုတွေ အနေနဲ့ အမျိုးသားရေးဆိုင်ရာ မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ပျက်အောင် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ဆိုတဲ့ စိတ်ကူးစိတ်သန်းတွေ ပပျောက်အောင် လုပ်ဆောင်နေတာလို့ ဟာဒါက ရေးသားခဲ့ပါတယ်။ပေကျင်းကတော့ လူနည်းစုအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ မပြုလုပ်တဲ့အပြင် လူနေမှုဘ၀ အဆင့်အတန်း မြင့်မားလာစေဖို့အတွက် စီးပွားရေး အကူအညီတွေ ပေးနေကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ပိုင်နက်ထဲရှိ အတွင်းပိုင်း မွန်ဂိုလီးယား နေထိုင်တဲ့ မွန်ဂိုတွေဟာ အပြောကျယ်တဲ့ စားကျက်မြေတွေကို ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက သိမ်းပိုက်နေတာကို ခံနေရပါတယ်။ တူမူရ်မျိုးနွယ်ဝင် တစ်ဦးဆိုလျှင် ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သွားခဲ့ပါတယ်။အတွင်းမွန်ဂိုလီးယားမှာ တူမှုရ်တွေ ရှိပါတယ်။သူတို့ဟာ သူတို့ပိုင်တဲ့ စားကျက်မြေတွေကို တရုတ်အစိုးရက မသိမ်းပိုက်နိုင်အောင် မွန်ဂိုလီးယားရှိ တက်ကြွလှုပ်ရှားသူတွေနဲ့ ပူးပေါင်းပြီး ကမ္ဘာကသိအောင် ကြိုးပမ်းနေကြပါတယ်။တရုတ်နဲ့ မွန်ဂိုလီးယားဟာ နိုင်ငံရေးအရ ဘယ်လိုမှ ပေါင်းစည်း မရနိုင်ပါဘူး။ ယဉ်ကျေးမှု အရလည်း ဂျင်ဂျစ်ခန်က မွန်ဂိုဖြစ်ပြီး မွန်ဂိုလီးယား ပြင်ပရောက်နေတဲ့ မွန်ဂိုတွေကလည်း ဂျင်ဂျစ်ခန်အတွက် ဂုဏ်ယူနေကြမှာပါ။ သူတို့ဟာ ဂျင်ဂျစ်ခန်ရဲ့ မျိုးဆက်တွေ ဆိုတာကိုလည်း ပြောဖို့အသင့် ရှိနေကြပါတယ်လို့  အူလန်ဘာတောရှိ မွန်ကာဆာယာချူကွန်ဒေါ့ချ်က ပြောကြား လိုက်ပါတယ်။သူက တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်ပြီး အစ္စလာမ္မစ် ဝါဒီတွေရဲ့ အသတ်ခံရတဲ့ ချာလီအီဘဒူ မဂ္ဂဇင်းက “ ကျွန်ုပ်ချာလီဖြစ်သည် ” ဆိုတဲ့ စာသားကို ကိုးကားပြီး ကျွနု်ပ်သည် တူမှုရ်ဖြစ်သည်လို့ ပြောကြားခဲ့ပါတယ်။

Most Read

Most Recent