ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်
Published 4 July 2015
စောရည်နန္ဒာ

ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချထားပေးခဲ့ပြီး  Network Facilities နှင့် Application Service လိုင်စင်တို့ အများဆုံးပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိသည်။
 
မေလနှင့် ဇွန်လအတွင်း၌ ပြည်တွင်း ပြည်ပ နည်းပညာကုမ္ပဏီ ရှစ်ခုကို လိုင်စင်ချထားပြီး လိုင်စင်ရရှိသည့် နည်းပညာကုမ္ပဏီအများစုမှာ ပြည်တွင်းကုမ္ပဏီ ပိုမိုများသည်ဟု သိရသည်။
 
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် လိုင်စင်စတင်ချထားပေးသည့် ခြောက်လအတွင်း ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၃၄ ခုကို လိုင်စင်ချပေးခဲ့ပြီး နောက်ပိုင်းတွင် လိုင်စင်များကို ထုတ်ပးနိုင်ရန်အတွက် သက်ဆိုင်အလိုက် စိစစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။
 
“လာလျှောက်ထားတဲ့ ကုမ္ပဏီတွေ ၆၀ ကျော်လောက်ရှိတယ်။ လျှောက်ထားတဲ့  ကုမ္ပဏီတွေကို စိစစ်ပြီးတော့ လိုင်စင်တွေက ချထားပေးမှာပါ”ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်က ပြောကြားသည်။
 
ယခု ပြည်တွင်းပြည်ပနည်းပညာကုမ္ပဏီများကို ထုတ်ပေးထားသည့် လိုင်စင်အမျိုးအစားမှာ MPT ၊ တယ်လီနောနှင့် အူရီဒူး ကုမ္ပဏီတို့ကို  National wide Telecommunication လိုင်စင်အမျိုးအစား ထုတ်ပေးထားပြီး ကျန်ရှိသည့်ကုမ္ပဏီများကို Network Facilities Service class  လိုင်စင်၊  Network Service Class Individual(Application service Licence)  လိုင်စင်နှင့် National wide Telecommunication လိုင်စင်အမျိုးအစားတို့ ဖြစ်သည်။လက်ရှိတွင် ထပ်မံချထားပေးသည့် နည်းပညာကုမ္ပဏီ ခုနစ်ခုမှာ  Myanmar Cyber Co,Ltd, Kinetic Mynamar Technology Co.Ltd, Actice Business Consolidation Service, Be The Myanmar Co. Ltd, Yandarbon Fiber service, Eco Friendles Toewer Co.Ltd, Union Inter-net Co.Ltd, Myanmar Payment Union စသည့် ကုမ္ပဏီတို့ဖြစ်သည်။    

Most Read

Most Recent