ဂျပန်ကျည်ဆန်ရထားပေါ်တွင် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့ခဲ့ပြီးနောက် လူနှစ်ဦး သေဆုံး

ဂျပန်ကျည်ဆန်ရထားပေါ်တွင် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့ခဲ့ပြီးနောက် လူနှစ်ဦး သေဆုံး
Published 1 July 2015

ဂျပန်နိုင်ငံတွင် ဇွန် ၃၀ ရက်က မောင်းနှင်နေသော ရှင်ကန်ဆန်ကျည်ဆန် ရထားတစ်စင်းပေါ်၌ အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ်မီးရှို့ခဲ့ရာ ထိုအမျိုးသားအပါ အဝင်အခြားတစ်ဦးပါ သေဆုံးသွားခဲ့သည်ဟု သိရသည်။ ယင်းဖြစ်ရပ်သည် အစွန်း အထင်းမရှိသည့် ရှင်ကန်ဆန်ကျည်ဆန် ရထားကွန်ရက်သမိုင်းတွင် မကြုံစဖူးဖြစ်ရပ်တစ်ခု ဖြစ်လာသည်။ထိုအမျိုးသားသည် ရထားပေါ်တွင်သူ့ ကိုယ်ပေါ်သို့ မီးလောင်လွယ်သည့်အရည်များလောင်းချကာ မီးခြစ်ဖြင့် မီးရှို့လိုက်သည်ဟု သိရသည်။ ထိုဖြစ်ရပ်သည်တိုကျို မြို့၏အနောက်တောင်ဘက် ၄၅ မိုင်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးခိုးငွေ့များကို ရှူရှိုက်မိသည့် ခရီးသည် ၂၀ ခန့်ကို ဆေး ကုသမှုပေးနေရကြောင်း သိရသည်။     ရထားတွဲပေါ်ရှိ အိမ်သာတစ်ခုတွင်  ပေါက်ကွဲသံကို ကြားလိုက်ရပြီးနောက် အရေးပေါ် အချက်ပေးခေါင်းလောင်းသံ ထွက်ပေါ်လာ၍ ရထားကို ရပ်တန့်လိုက် သည်ဟု ယိုမီယူရီရှင်ဘွန်းသတင်းစာ၌ဖော် ပြခဲ့သည်။ ထို့နောက် ရထားမောင်းသူက အခင်းဖြစ်ပွားနေရာကို သွားရောက်ကြည့်ရှု ခဲ့ရာ မီးလောင်ခံနေရဆဲဖြစ်သည့် အမျိုးသား တစ်ဦးကို တွေ့ခဲ့ရသည်ဟု သိရသည်။ယခုရထားသည် ရှင်ကန်ဆန်ရထား လိုင်းထဲမှ အမြန်ဆုံး နိုဇိုမီကျည်ဆန်ရထား တစ်စင်းဖြစ်ပြီး တိုကျိုမှ အိုဆာကာသို့ ဦး တည်သွားနေခြင်းဖြစ်သည်။ တစ်နာရီအ မြန်နှုန်း ကီလိုမီတာ ၃၀၀ ဖြင့် သွားနေသည့် ထိုမီးရထားပေါ်တွင် ခရီးသည် ၁၀၀၀ ခန့် လိုက်ပါလာသည်ဟု သိရသည်။သေဆုံးသူနှစ်ဦးကို ပထမဆုံးရထား တွဲ၏ ကြမ်းပြင်ပေါ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့သူမှာ အသက် ၇၁ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်သည်ဟု သိရသည်။ အခြားတစ်ဦးမှာ အမျိုးသမီးဖြစ် ကာ မီးခိုးအမြောက်အမြား ရှူသွင်းမိထား သည်။ ဒဏ်ရာရသွားသူများအနက် တစ်ဦး သည်စိုးရိမ်ရသည့် အခြေအနေရှိပြီးဆိုးဆိုး  ရွားရွား ဒဏ်ရာရသွားသူအခြားသုံးဦးလည်း ရှိနေသေးသည်။                 မီးလောင်မှုသည် ဒေသစံတော်ချိန် နံ နက် ၁၁ နာရီခွဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ရုပ်သံသတင်းများထဲ၌ ရထားတံခါးအား လုံးကို ဖွင့်ထားပြီး ခရီးသည်များကိုထမ်းစင် များဖြင့် သယ်ထုတ်နေသည်ကိုတွေ့ရသည်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း ယခုဖြစ်စဉ်တွင် ကူညီပေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးခဲ့သည်ဟု သိရသည်။ယင်းဖြစ်ရပ်သည် လူမြင်ကွင်း၌ မိမိ ကိုယ်ကိုယ် အဆုံးစီရင်ခြင်း ဟုတ်မဟုတ် မရှင်းလင်းသေးပေ။ သို့သော် ကိုယ့်ကိုယ်ကိုယ် မီးရှို့ခြင်းသည် ဂျပန်တွင်အလွန်ရှားပါးသော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလကမူ တိုကျိုမြို့လယ်ရှိပန်းခြံတစ် ခုတွင် အမျိုးသားတစ်ဦးသည် ကိုယ့်ကိုယ် ကိုယ်မီးရှို့အဆုံးစီရင်သွားပြီး ၎င်းင်း၏လုပ် ရပ်သည် ဂျပန်အစိုးရက စစ်ရေးကဏ္ဍကို တိုးချဲ့ရန် စီစဉ်မှုအား ဆန္ဒပြခြင်း ဖြစ်ဖွယ် ရှိသည်။ ဂျပန်နိုင်ငံတစ်ဝန်းကို ဆက်သွယ် ထားသည့် ရှင်ကန်ဆန်ရထားကွန်ရက်သည် ခရီးသည် အများအပြားကို သယ်ယူပို့ဆောင် နေရသော်လည်း အချိန်အလွန်တိကျပြီး လုံခြုံစိတ်ချရမှုအပိုင်းတွင်လည်း ပြိုင်ဘက် ကင်းကာ နှစ် ၅၀ သက်တမ်းအတွင်း လူသေဆုံးမှု မရှိသေးပေ။ 
Ref:AFP

Most Read

Most Recent