မဟာတံတိုင်းကြီး တဖြည်းဖြည်းပျောက်ကွယ်နေပြီဟု တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြ

မဟာတံတိုင်းကြီး တဖြည်းဖြည်းပျောက်ကွယ်နေပြီဟု တရုတ်နိုင်ငံပိုင် မီဒီယာတွင် ဖော်ပြ
Published 1 July 2015

တရုတ်နိုင်ငံတွင် မင်မင်းဆက်လက်ထက်က တည်ဆောက်ခဲ့သောမဟာတံတိုင်းကြီးသည် သဘာဝဘေးဒဏ်များနှင့် အိမ်ဆောက်ရန် အုတ်များခိုးယူခြင်း အစရှိသည့် မဆင်မခြင်လုပ်ရပ်များကြောင့် တံတိုင်းကြီး၏  ရာခိုင်နှုန်း ၃၀ ခန့်မှာ ပျောက်ကွယ်သွားပြီဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နေရာတစ်ခုဖြစ်သည့် တရုတ်မဟာတံတိုင်းကြီးသည် အရှေ့ဘက်ကမ်းရိုးတန်း ရှိ ရှန်ဟိုင်းကွမ်ကျားယန်ကွမ်ဒေသမှ ဂိုဘီကန္တာရအစွန်၌ရှိသည့် Jiayunguan ဒေသအထိ ရှည်လျားသည်။ သို့သော် ယိုယွင်းပျက် စီးလာသည့် မဟာတံတိုင်းကြီး၏ အရှည် သည် ယခင်က ကီလိုမီတာ၂၁၀၀၀ (၁၃၀၀၀ မိုင်) ရှိရာမှ ယခုအခါကီလိုမီတာ ၉၀၀၀ (မိုင် ပေါင်း ၅၆၀၀) သာ ကျန်တော့သည်ဟု သိရသည်။မဟာတံတိုင်းကြီးကို ဘီစီသုံးရာစုက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက်ပိုင်း ပြုပြင်ထိန်းသိမ်းပြီး ဆက်လက် ဆောက်လုပ်ခဲ့ရာ ၁၃၆၈ ခုနှစ်မှ ၁၆၄၄ခုနှစ် အထိအုပ်စိုးခဲ့သည့် မင်မင်းဆက်လက်ထက်ရောက်မှ တံတိုင်းကြီး၏အဓိကအပိုင်းကိုပြီးစီးသွားခြင်းဖြစ်သည်။ မင်မင်းဆက်အတွင်း တံတိုင်းကြီး၏ ကီလိုမီတာပေါင်း ၆၃၀၀ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။ထိုအရှည် ကီလိုမီတာ ၆၃၀၀ ထဲမှ ၁၉၆၂ ကီလိုမီတာသည် ရာစုနှစ်များကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားပြီဖြစ်သည်ဟု ပေကျင်းတိုင်းမ်စ်က ဖော်ပြခဲ့သည်။ တံတိုင်း၏အစိတ် အပိုင်းအချို့သည် ရာသီဥတုဒဏ်ကြောင့် ပျက်စီးခဲ့ခြင်းဖြစ်ပြီး တံတိုင်းပေါ်တွင် အပင်များပေါက်ခြင်းသည်လည်း ပျက်စီးမှုကို ပိုမို လျင်မြန်စေခဲ့သည်။                 တံတိုင်း၏ နေရာအများအပြားမှာ လည်း ပိုမိုယိုင်နဲ့လာပြီး နွေရာသီတွင် တိုက် ခက်မည့် မုန်တိုင်းတစ်ခုအတွင်းမှာပင် ပြို ကျသွားနိုင်သည့် အခြေအနေရှိကြောင်း တရုတ် မဟာတံတိုင်းအဖွဲ့အစည်းက ယမန် နှစ်တွင် ထုတ်ပြန်သည့် စစ်တမ်းထဲ၌ ဖော်ပြ ထားသည်။    ထို့အပြင် တံတိုင်းသို့ရောက်လာသော ခရီးသွားများနှင့် ဒေသခံပြည်သူတို့၏ လုပ် ရပ်များသည်လည်း ကမ္ဘာ့အရှည်လျားဆုံး လူလုပ်တံတိုင်းကြီးကို ပျက်စီးစေလျက်ရှိ သည်။ မြောက်ပိုင်းဟူပေပြည်နယ်၊ လူ လောင်စီရင်စုရှိ ဆင်းရဲသော ကျေးရွာများမှ ဒေသခံများသည် သူတို့၏အိမ်များ ဆောက်လုပ်ရန်အတွက် တံတိုင်းကြီးထံမှ ထူထဲသော မီးခိုးရောင်အုတ်ချပ်များကို လာရောက်ယူ ဆောင်နေကြသည်။   လူသိနည်းသော မဟာတံတိုင်းကြီး၏ အခြားအစိတ်အပိုင်းများသို့ သွားရောက် စူးစမ်းခြင်းသည် ပြီးခဲ့သည့်နှစ်များအတွင်း က ရေပန်းစားလာသည့် အားလပ်ချိန်လုပ် ဆောင်စရာတစ်ခုဖြစ်လာခဲ့သည်။ သို့ သော် ယင်းနေရာများသို့ ရောက်ရှိလာသည့် ခရီးသွားများသည် တံတိုင်း၏ ခံနိုင်ရည်ထက် ပိုမိုများပြားနေသောကြောင့် ဆိုးရွားစွာပျက်စီးစေခဲ့သည်။Ref:AFP 

Most Read

Most Recent