ဂျီဟတ်တို့၏ တိုက်ခိုက်မှုပေါင်းစုံအတွင်း လူဒါဇင်နှင့်ချီလျက် သေဆုံးခဲ့

ဂျီဟတ်တို့၏ တိုက်ခိုက်မှုပေါင်းစုံအတွင်း လူဒါဇင်နှင့်ချီလျက် သေဆုံးခဲ့
Published 28 June 2015

ဇွန် ၂၆ ရက်တွင် ဂျီဟတ်တို့၏ တိုက်ခိုက်မှု ပေါင်းစုံအတွင်း လူဒါဇင်နှင့်ချီလျက် သေဆုံးခဲ့ကြောင်း သိရသည်။ တူနီးရှားနိုင်ငံ ကမ်းခြေအပန်းဖြေစခန်းတစ်ခုတွင် သေ နတ်သမားတစ်ဦးက ဒါဇင်နှင့်ချီလျက်ရှိသော လူများကို ပစ်ခတ်ခဲ့သည်။ အသေခံ ဗုံးခွဲသမားတစ်ဦးက ကူဝိတ်ရှိ ဗလီတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ ပြင်သစ်တွင် တစ်ကိုယ်တော် လူသတ်သမားတစ်ဦးသည် ဖြတ်ထားသော ဦးခေါင်းတစ်ခုကို စက်ရုံတစ်ခု၏ ဂိတ်ဝ၌ ချိတ်ထားခဲ့သည်။အဆိုပါ သတ်ဖြတ်မှုများကို တစ်စုတစ်စည်းတည်း စီစဉ်ခဲ့ခြင်း ဖြစ်ပုံမရသော်လည်း IS အဖွဲ့က တူနီးရှားနှင့်ကူဝိတ်တို့၌ ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများသည် ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် အီရတ်နှင့် ဆီးရီးယားတွင် နယ်မြေများကို သိမ်းယူလျက် IS နိုင်ငံတော် ထူထောင်ခဲ့သည့် ပထမဆုံးနှစ်ပတ်လည်နေ့ မတိုင်မီ ရက်အနည်း အလို၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။လူတစ်ဦးသည် တူနီးရှားနိုင်ငံ မြေထဲပင်လယ် အပန်းဖြေစခန်းဖြစ်သော ပို့အယ်လ်ကန်တာအူယီတွင် ကမ်းခြေ၌ဆောင်းသည့် ထီးတစ်လက်အတွင်း ဝှက်ထားသည့်  သေ နတ်ကို ဆွဲထုတ်ကာ ပစ်ခတ်ခဲ့ခြင်းကြောင့် လူ ၃၈ ဦး သေဆုံးခဲ့သည်။ သေဆုံးသူအများစုမှာ ဗြိတိန်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသည်များဖြစ်ပြီး ဂျာမနီ၊ ဘယ်ဂျီယံနှင့် ပြင်သစ်တို့မှ ကမ္ဘာလှည့်ခရီးသည်များလည်း ပါဝင်သည်။ IS အဖွဲ့က အဆိုပါသေနတ်သမားကို အဘူယာဟွာအယ်ကွေရဝမ်နီဟု အမည်ဖော်ပြခဲ့ပြီး သူသည် IS အဖွဲ့မှ စစ်သားဖြစ်ကာ ဂျီဟတ်အုပ်စု၏ ရန်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ပြောကြားခဲ့သည်။ကူဝိတ်တွင် ဖြစ်ပွားသည့် ရှားရှားပါးပါး တိုက်ခိုက်ခံရမှု တစ်ခုဖြစ်သော ရှီအိုက် ဗလီတစ်ခု၌ အသေခံ ဗုံးဖောက်ခွဲမှု တစ်ခုကို လည်း IS က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် လူပေါင်း ၂၇ ဦး သေဆုံးခဲ့သည်။ ပြင်သစ်နိုင်ငံရှိ တိုက်ခိုက်ခံရရာ နေရာ၌လည်း အစ္စလာမ္မစ်တို့၏ အလံများကို တွေ့ရှိရသည်ဟု ဆိုသည်။ယင်းတိုက်ခိုက်မှုများသည် မွတ်စလင်များအနေဖြင့် အရုဏ်တက်မှ နေဝင်ချိန်အထိ ဥပုသ်စောင့်သော ရာမဒန်ဥပုသ်လ၏ ဒုတိယမြောက်သောကြာနေ့တွင် ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။ ဇွန် ၂၃ ရက်တွင် IS အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဘူမိုဟာမက်အယ် အက်နာနီက မွတ်စလင်များအား ရာမဒန်ကာလအတွင်း ဂျီဟတ်များနှင့် ပူးပေါင်းရန် နှင့် အာဇာနည်များဖြစ်လာရန် နှိုးဆော်ခဲ့သည်။"ဘုရားနှင့် ပိုနီးလာအောင်လုပ်ဖို့ အကောင်းဆုံးအပြုအမူတွေကတော့ ဂျီဟတ် ဖြစ်လာတာပါပဲ။ ဂျီဟတ်ဖြစ်အောင် မြန်မြန်လုပ်ကြပါ။ ဒီမြင့်မြတ်တဲ့လအတွင်း သေချာ အောင်ဆောင်ရွက်ကြပါ။ ဒီလအတွင်း အာဇာနည်ဖြစ်ကြောင်း ပြကြပါ။ ဒါတွေက သင်တို့ရဲ့ လက်နက်တွေဖြစ်ပြီး ဒါဟာ ရာမဒန်ပါပဲ"ဟု အက်နာနီက အွန်လိုင်းတွင် တင်ခဲ့ သော အသံဖိုင်တစ်ခု၌  ပြောကြားထားသည်။အစ္စလာမ္မစ်တို့ သွေးထွက်သံယို တိုက်ခိုက်သည့်နေ့သည် အရုဏ်တက်အချိန်၌ ဆိုမာလီယာတွင် အယ်ကေးဒါးအဖွဲ့နှင့် ဆက်နွှယ်နေသော ရှာဘတ်စစ်သွေးကြွများက အာဖရိကသမဂ္ဂ အခြေစိုက်စခန်းတစ်ခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခြင်းနှင့် စတင်ခဲ့သည်။ မြို့တော် မိုဂါဒစ်ရှူးမှ အနောက်မြောက်ဘက် မိုင် ၆၀ အကွာတွင် ရှိသော လေဂိုရွာ၌ လူပေါင်း ၅၀ ခန့် သတ်ဖြတ်ခံရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။ ယင်းတို့အနက်အချို့သည် ခေါင်းဖြတ်ခံခဲ့ရပြီး ရှာဘတ်တို့က အနက်ရောင် အစ္စလာမ္မစ်အလံကို အခြေစိုက်စခန်း၌ လွှင့်ထူခဲ့သေးသည်ဟု ဆိုသည်။ပြင်သစ်နိုင်ငံတွင် အစွန်းရောက်ဝါဒီ အနည်းဆုံးတစ်ဦးပါရှိသည့်ကားသည် စက်ရုံတစ်ခုအတွင်းသို့ အတင်းဝင်ရောက်ခဲ့သည်။ အဆိုပါစက်ရုံကို အမေရိကန်ကုမ္ပ ဏီဖြစ်သော Air Products က ပိုင်ဆိုင်ပြီး ပြင်သစ်၏ ဒုတိယမြို့တော် လီယွန်တွင်ရှိသည်။             Ref:AFP

Most Read

Most Recent