လာမည့်ဆယ်နှစ်အတွင်း အေအိုင်ဒီအက်စ်ကာကွယ်ဆေးပေါ်လာမည်ဟု မျှော်လင့်ကြောင်း ဘီလ်ဂိတ်ပြောကြား

လာမည့်ဆယ်နှစ်အတွင်း အေအိုင်ဒီအက်စ်ကာကွယ်ဆေးပေါ်လာမည်ဟု မျှော်လင့်ကြောင်း ဘီလ်ဂိတ်ပြောကြား
Published 28 June 2015

အေအိုင်ဒီအက်စ် ကာကွယ်ဆေးသည် လာမည့် ဆယ်စုနှစ်အတွင်းပေါ်လာမည်ဟု မျှော်လင့်ကြောင်း ဘီလျံနာတစ်ဦးဖြစ်သည့် ပရဟိတဦးဆောင်ပုဂ္ဂိုလ် ဘီလ်ဂိတ်က ဇွန် ၂၆ ရက်တွင် ပြောကြားခဲ့သည်။ သို့သော် ရောဂါကုသဆေး ထွက်ပေါ်လာရေးမှာ အတော်အတန်ဝေးကွာနေသေးသည်။"ပထမဦးစားပေးကတော့ ရောဂါကာကွယ်ဆေးဖြစ်ပါတယ်။ ကာကွယ်ဆေးရှိရင် ဒီကူးစက်ရောဂါကို ကျွန်တော်တို့တား ဆီးနိုင်မှာပါ" ဟု မိုက်ခရိုဆော့ကုမ္ပဏီဥက္ကဋ္ဌက သူထောက်ပံ့ထားသော ပါရီမှ တေးဂီတဖျော်ဖြေပွဲတစ်ခု၏ ဘေးဆွယ်ကဏ္ဍတစ်ခုတွင် ပြောကြားခဲ့သည်။၁၉၈၁ ခုနှစ်မှစပြီး ကမ္ဘာတစ်ဝန်းတွင် အိပ်ချ်အိုင်ဗီဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၈ သန်းရှိခဲ့သည်။ ထိုဗိုင်းရပ်သည် ကိုယ်ခန္ဓာထဲရှိ ရောဂါခုခံသည့် ဆဲလ်များကို ပျက်စီးစေကာ တီဘီ၊ နမိုးနီးယားအစရှိသည့် အခြားရောဂါများကို ဝင်ရောက်စေသည်။ လက်ရှိတွင် အေအိုင်ဒီအက်စ်ကြောင့် သေဆုံးရသူ ၃၉ သန်းရှိပြီဖြစ်ပြီး အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်ကူး စက်ခံထားရသူ ၃၅ သန်းရှိနေသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။သူ၏ ဘီလ်နှင့် မီလင်ဒါဂိတ်ဖောင်ဒေးရှင်းသည် အေအိုင်ဒီအက်စ်ဆေးဝါး သုတေသနအတွက် ဒေါ်လာသန်း ၄၀၀ ကျော် အသုံးပြုထားပြီး ဆက်လက်၍လည်း ထောက်ပံ့သွားမည်ဖြစ်သည်ဟု ဂိတ်က ဂျာနယ်လစ်များကို ပြောကြားခဲ့သည်။လာမည့် ၁၅ နှစ်အတွင်း ကာကွယ်ဆေးများသည် ပိုလီယိုရောဂါဖြစ်ပွားမှုကို အမြစ်ဖြတ်နိုင်ကာ အိပ်ချ်အိုင်ဗီနှင့် ငှက်ဖျားပိုး ကူးစက်ပျံ့နှံ့ခြင်းကိုလည်း ရပ်တန့် စေနိုင်မည်ဟု မျှော်လင့်ကြောင်း ဂိတ်က ဆိုခဲ့သည်။ လက်ရှိ အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်ကူး စက်ခံထားရသူများကို ၁၉၉၀ ပြည်နှစ်က တီထွင်ခဲ့သည့် antiretroviral ဆေးဝါးများ ဖြင့် ကုသနေကြသည်။ ထိုဆေးဝါးသည် ရောဂါပိုးပျံ့နှံ့ခြင်းကို ထိန်းချုပ်နိုင်သည်။  အိပ်ချ်အိုင်ဗီဗိုင်းရပ်စ် ကူးစက်ခံရသူများသည် ဘဝတစ်လျှောက်လုံး ကုသမှုခံယူရ မည်ဖြစ်ပြီး အခြားသော ဘေးထွက်ဆိုးကျိုးများ၊ကျန်းမာရေးပြဿနာများနှင့် ရင်ဆိုင်ရမည်ဖြစ်သလို ဆေးဖိုးဝါးခမှာလည်း တရိပ်ရိပ်မြင့်တက်လာမည်ဖြစ်သည်။ဖေဖော်ဝါရီလက ဆေးဝါးအသစ်တစ်မျိုးကို မျောက်များတွင် စမ်းသပ်ခဲ့ရာ တိရစ္ဆာန်များတွင် ကူးစက်သည့် အိပ်ချ်အိုင်ဗီဗိုင်းရပ်စ်ကို အံသြစရာကောင်းလောက်အောင် ထိထိရောက်ရောက် တားဆီးနိုင်ခဲ့သည်ကို တွေ့ခဲ့ရသည်။Ref:AFP 

Most Read

Most Recent