တရုတ်ခွေးသားစားပွဲတော်ကို ဆန္ဒပြသူများ အတင်းအဓမ္မ လူစုခွဲခံရ

တရုတ်ခွေးသားစားပွဲတော်ကို ဆန္ဒပြသူများ အတင်းအဓမ္မ လူစုခွဲခံရ
Published 22 June 2015

တရုတ်နှစ်ပတ်လည် ခွေးသားစားပွဲတော်ကို ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများကို ဇွန် ၂၂ ရက်တွင် အမည်မသိ လူတစ်စုက အတင်းအဓမ္မ လူစုခွဲပစ်ခဲ့ကြောင်း သိရသည်။ ခွေးထောင်ပေါင်းများစွာကို သတ်ဖြတ်ကာ စားသောက်သည့် အဆိုပါပွဲတော်ကို ကန့်ကွက်ရန်အတွက် တက်ကြွလှုပ်ရှားသူများသည် အစိုးရရုံးတစ်ရုံး အပြင်ဘက်၌ စုဝေးဆန္ဒပြရန် ကြိုးပမ်းစဉ် ယင်းကဲ့သို့ လူစုခွဲခံရခြင်းဖြစ်သည်။ယွိလင်းမြို့ အစိုးရရုံးချုပ် အပြင်ဘက်တွင် တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူ ၁၀ ဦးခန့်သည် ပိုစတာစာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒပြစဉ် လူပေါင်း ၂၀ ခန့် ပါဝင်သော လူအုပ်ကြီး ရောက်လာပြီး ၎င်းတို့အား အတင်းအဓမ္မ လူစုခွဲခဲ့ခြင်းဖြစ်သည်။(Photo:AFP)
ယွိလင်းမြို့တွင် တိရစ္ဆာန်အခွင့်အရေး တက်ကြွလှုပ်ရှားသူများကြောင့် မဖွယ်မရာ လုပ်ရပ်အဖြစ် ယူဆသူ ပေါများလာခြင်းကို အာခံလျက် ခွေးသားစားခြင်းနှင့် ပတ်သက်သော နွေရာသီပွဲတော်ကို နှစ်စဉ်ကျင်းပလေ့ရှိသည်။တက်ကြွလှုပ်ရှားသူများသည် “တရားမဝင် ခွေးသားကုန်သွယ်မှုကို နှိမ်နင်းပါ” ဟူ၍ လည်းကောင်း “တရားမဝင် ခွေးတင်ပို့မှုကို အပြစ်ပေးပါ” ဟူ၍ လည်းကောင်း ရေးသားထားသည့် စာတန်းများကို ကိုင်ဆောင်ကာ ဆန္ဒပြစဉ် အမည်မသိလူများ ရောက်လာပြီး ၎င်းတို့၏ စာတန်းများကို လုယူဆုတ်ဖြဲ ခဲ့ကြသည်။ခွေးသားစားသုံးခြင်းကို တားမြစ်သည့် မည်သည့်ဥပဒေမှ မရှိသောကြောင့် ကျန်းမာရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ အခြေခံအရ တည်ဆဲဥပဒေများကို ချဲ့ထွင်ရန်အတွက် ဒေသခံအစိုးရ အာဏာပိုင်များကို မေတ္တာရပ်ခံရန် တက်ကြွလှုပ်ရှားသူများက ယခုကဲ့သို့ ကြိုးပမ်းခဲ့ကြခြင်း ဖြစ်သည်။(Photo:AFP)
ဟောင်ကောင်အခြေစိုက် ရန်ပုံငွေအဖွဲ့ တစ်ဖွဲ့ဖြစ်သော Animals Asia က ယခုလအတွင်း ထုတ်ပြန်ခဲ့သည့် စုံစမ်းစစ်ဆေးမှု တစ်ရပ်အရ အသားစားရန် သတ်ဖြတ်ခံရသည့် ခွေးအများစုသည် ခွေးလေခွေးလွင့်များနှင့် ခိုးယူခြင်းခံရသော အိမ်မွေးခွေးများဖြစ်ကြောင်း သိရသည်။ သို့သော် တရုတ်နိုင်ငံ ဒေသအများစု၌ ခွေးသားစားခြင်းသည် ပြုနေကျကိစ္စတစ်ရပ် မဟုတ်ကြောင်း သိရသည်။ယွိလင်းမြို့ အခြားဒေသတစ်ခုတွင် ခွေးသားရောင်းသူများသည် ယာဉ်နောက်တွဲများပေါ်တွင် ခွေးများတင်လျက် ပြောင်ပြောင်တင်းတင်း ရောင်းချနေပြီး ရာပေါင်းများစွာသော လူများက ဈေးတစ်ခု၌ ဝိုင်းအုံဝယ်ယူနေသည်ကို တွေ့ရှိရသည်။Ref:AFP

Most Read

Most Recent