သီလဝါအထူးစီးပွားရေးဇုန်၌ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြန်မာ-ဂျပန်-ထိုင်း MoU ရေးထိုးထားရာ လက်ရှိတွင် စီမံကိန်းဖြစ်နိုင်ခြေကို လေ့လာလျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်

သီလဝါအထူးစီးပွားရေးဇုန်၌ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် မြန်မာ-ဂျပန်-ထိုင်း MoU ရေးထိုးထားရာ လက်ရှိတွင် စီမံကိန်းဖြစ်နိုင်ခြေကို လေ့လာလျက်ရှိပြီး ၂၀၁၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်
Published 19 June 2015
နီလာ

သီလဝါအထူးစီးပွားရေးဇုန်၌ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံမှ ဧဒင်အုပ်စု၊ ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ စီမံကိန်းဖြစ်နိုင်ခြေ (Feasibility Study) လေ့လာလျက်ရှိကြောင်း ဧဒင်အုပ်စု ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောကြားသည်။"သီလဝါမှာ လျှပ်စစ်ထုတ်ဖို့ Feasibility Study လုပ်နေတာက ခြောက်လလောက်ကြာပြီ။ အဲဒါပြီးတော့မှ ဆက်ပြီးတော့ အကောင်အထည်ဖော်မှာပါ။ ၂၀၁၆ ထဲမှာဖြစ်နိုင်ပါတယ်" ဟု ဧဒင်အုပ်စု ဥက္ကဋ္ဌဦးချစ်ခိုင်က ပြောကြားသည်။သီလဝါအထူးစီးပွားရေးဇုန်၌ မဂ္ဂါဝပ် ၄၀၀ ထွက်ရှိမည့် သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ဒေါ်လာတစ်ဘီလျံကုန်ကျရန်ခန့်မှန်းထားပြီး အဆိုပါစက်ရုံစီမံကိန်းတည်ဆောက်နိုင်ရန်အတွက် ဧဒင်အုပ်စုနှင့် နိုင်ငံခြားကုမ္ပဏီနှစ်ခုတို့ ၂၀၁၄ ခုနှစ် မေ ၂၇ ရက်က နေပြည်တော်ရှိ Hilton ဟိုတယ်၌ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးခဲ့ကြောင်း၊ အဆိုပါစီမံကိန်းအား မြန်မာနိုင်ငံမှ ဧဒင်နှင့် ဂျပန်နိုင်ငံမှ Marubeni Corporation ၊ ထိုင်းနိုင်ငံ PTT Group အဖွဲ့ဝင် GPSC Co., တို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းကဲ့သို့ နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပြီး ကိုးလအတွင်း အဆိုပါစီမံကိန်းအတွက် Feasibility Study ပြုလုပ်ခြင်း၊ Project Site နေရာသတ်မှတ်ခြင်း၊ Environmental Impact Study နှင့် Social Impact Study ပြုလုပ်ခြင်း၊ Joint Venture Agreement အပေါ် ဆွေးနွေးခြင်းနှင့် Business Plan ရေးဆွဲခြင်း စသည်တို့ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။"ကျွန်တော်တို့အနေနဲ့ ဒီစီမံကိန်းကနေပြီး ထွက်ရှိလာတဲ့ လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံရဲ့ဓာတ်အားလိုင်းကိုလည်းကောင်း၊ စက်မှုဇုန်ဧရိယာများဖြစ်တဲ့ သန်လျင်နဲ့ သီလဝါများကို ရောင်းချခြင်းနဲ့ ရန်ကုန်မြို့ရဲ့လျှပ်စစ်ဓာတ်အားလိုအပ်ချက်တွေကို ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်" ဟု ဂျပန်နိုင်ငံမှ Mr.Katsumi Miyamtoto က အဆိုပါနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲတွင် ပြောကြားခဲ့သည်။သီလဝါအထူးစီးပွားရေးဇုန်၌ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံတည်ဆောက်မည့် အဆိုပါစီမံကိန်း၌ ဧဒင်အုပ်စုကုမ္ပဏီအနေဖြင့် အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ပါဝင်ရင်းနှီးမြှုပ်နှံထားကြောင်းနှင့် ဧဒင်အုပ်စုကုမ္ပဏီမှာ မြန်မာ့ကမ်းလွန်တွင် သဘာဝဓာတ်ငွေ့နှင့် ရေနံရှာဖွေခြင်းလုပ်ငန်းကို ဆောင်ရွက်နေသည့်အပြင် GPSC ကုမ္ပဏီ၏ မိခင်ကုမ္ပဏီဖြစ်သော PTT သည် Block M-3 တွင် လုပ်ငန်းများရင်းနှီးဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent