၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံ ၁၁ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူက ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် နှစ်လအတွင်း နိုင်ငံ ၁၁ နိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ နှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူက ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်
Published 14 June 2015
မင်းသီဟဇော်

၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ဧပြီနှင့်မေ နှစ်လအတွင်း နိုင်ငံ ၁၁ နိုင်ငံမှ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု ဒေါ်လာနှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး စင်ကာပူက ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
နှစ်လတာကာလအတွင်း တရုတ်၊ ဘရူနိုင်း၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်း၊ နယ်သာလန်နှင့် ယူကေတို့မှ ဒေါ်လာ ၂၃၀၀ ဒသမ ၃၅၀ သန်း ရင်းနှီးမြှုပ်နှံ ခဲ့ခြင်းဖြစ်ပြီး စင်ကာပူက ဒေါ်လာ ၁၄၂၀ ဒသမ ၂၃၀ ဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် မေလကုန်အထိ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုထား သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ဒေါ်လာ ၅၆၅၃၆ ဒသမ ၄၅၃ သန်း ရှိကြောင်း သိရသည်။
အဆိုပါကဏ္ဍများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အနေဖြင့်  စွမ်းအင်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတို့တွင် ဝင်ရောက်ရင်းနှီး မြှုပ်နှံမှုအများဆုံးဖြစ်ကာ ကုန်ထုတ်ကဏ္ဍ တွင် လုပ်ငန်းပေါင်း ၄၉၇ ခု၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကဏ္ဍတွင် လုပ်ငန်းအရေအတွက် ၁၅၁ ခု တွင်ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေကြောင်း သိရသည်။ စွမ်းအင်ကဏ္ဍတွင် ဝင်ရောက်မြှုပ်နှံမှုမှာ လုပ်ငန်းအရေအတွက် နည်းပါးသော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာမူ များပြားကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများက ခွင့်ပြုသကဲ့သို့ ပြည်တွင်းကုမ္ပဏီများနှင့် တွဲဖက်ကာ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာရှစ်ဘီလျံကျော် ဝင်ရောက်ခဲ့ပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် ကာလရှည် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်လျက်ရှိပြီး ယင်းစီမံကိန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ သန်း ၆၀၀၀ ဝင်ရောက်ရန် လျာထားကြောင်း သိရသည်။
 

Most Read

Most Recent