ဒေါ်လာဈေးမြင့်တက်မှုကို ဖြေရှင်းမည့်နည်းလမ်းတစ်ခုအဖြစ် ပြည်ပရှိ နိုင်ငံခြားငွေစာရင်းများ ပြည်တွင်းသို့ ပြန်လည်စီးဝင်လာရေး ပုဂ္ဂလိကကဏ္ဍပိုင်းမှ တင်ပြမှုများရှိပြီး နယ်စပ်ကုန်သွယ်ရေးတွင် နှစ်နိုင်ငံညှိနှိုင်းမှုများ ပြုလုပ်သွားရန်ရှိဟု စီးပွားရေးနှင့် ကူး

ဒေါ်လာဈေးမြင့်တက်မှုကို ဖြေရှင်းမည့်နည်းလမ်းတစ်ခုအဖြစ် ပြည်ပရှိ နိုင်ငံခြားငွေစာရင်းများ ပြည်တွင်းသို့ ပြန်လည်စီးဝင်လာရေး ပုဂ္ဂလိကကဏ္ဍပိုင်းမှ တင်ပြမှုများရှိပြီး နယ်စပ်ကုန်သွယ်ရေးတွင် နှစ်နိုင်ငံညှိနှိုင်းမှုများ ပြုလုပ်သွားရန်ရှိဟု စီးပွားရေးနှင့် ကူး
Published 14 June 2015
ဇော်ဝေ

ဒေါ်လာဈေးမြင့်တက်မှုကို ဖြေရှင်းမည့် နည်းလမ်းတစ်ခုအဖြစ် ပြည်ပရှိ နိုင်ငံခြားငွေစာရင်းများ ပြည်တွင်းသို့ ပြန်လည်စီးဝင်လာရေးအတွက် ပုဂ္ဂလိကကဏ္ဍပိုင်းမှာ တင်ပြခဲ့ခြင်းများရှိပြီး နယ်စပ်ကုန်သွယ်မှုတွင် နှစ်နိုင်ငံ ညှိနှိုင်းမှုများ ပြုလုပ်သွားရန်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောကြားသည်။
 
ဒေါ်လာဈေးတည်ငြိမ်ရေးနှင့် ပတ်သက်၍ ဇွန် ၁၃ ရက်က ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တွင် သမ္မတရုံးနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်များတွေ့ဆုံခဲ့ရာတွင် ယင်းကဲ့သို့ တင်ပြခဲ့ကြခြင်းဖြစ်ကြောင်းလည်း သိရသည်။ 
 
“ဒီနေ့မနက် ဆွေးနွေးနေတာပေါ့နော်။ ဘဏ်ကနေသွားတာရှိတယ်။  စင်ကာပူမှာ ဒီဘက်က နိုင်ငံသားကုန်သည်တွေတချို့ ဘဏ် Account တွေရှိတယ်။ တချို့ ဒီနေ့လည်း Private Sector က တင်ပြသွားတာရှိတယ်။ သူတို့ ဒီစင်ကာပူမှာထားထားတဲ့ ငွေတွေပေါ့။ အဲ့ဒါတွေကို ပြန်လည် စီးဝင်လာအောင်ပေါ့။ အဲဒါတွေကို အဖြေရှာနေတယ်။ တစ်ခုထဲကြောင့်တော့  မဟုတ်ဘူးပေါ့။  ကျန်တဲ့အပိုင်းတွေရှိတယ်။  ဥပမာTrade ကလည်း Trade Deficit က အမှန်လားဆိုတာပေါ့။ အဓိကတော့ ပို့ကုန်များပြီး သွင်းကုန်နည်းတယ်ဆိုရင်တော့ ကုန်သွယ်ပိုငွေပြမယ်။ ကျွန်တော်တို့ နှစ်နိုင်ငံနယ်စပ်တွေမှာ Banking Rate  တွေ ညှိနှိုင်းတာတွေ ဘယ်လိုလုပ်ရင်ကောင်းမလဲပေါ့။  ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ရော ဘာတွေဆက်လုပ်ပေးနိုင်မလဲ။ အဲဒီပေါ်မှာ မူတည်ပြီးတော့ ပြန်ပြီးတော့ အဖြေရှာရမှာ။ ဘဏ်တွေကို ဗဟိုဘဏ်ကနေ နေ့စဉ်  Auction ရောင်းပေးတဲ့ ပိုက်ဆံတွေရှိတယ်။ သူတို့လက်ရှိ ပုဂ္ဂလိက ဘဏ်တွေမှာ ဒေါ်လာ လက်ကျန် ဘယ်လောက်ရှိလဲအဲဒါကို မနေ့တုန်းက လူကြီးတွေက အဖြေရှာခဲ့တယ်” ဟု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦးက ပြောကြားသည်။
 
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်  ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း “ကျွန်တော်တို့ ထောက်ပြတဲ့အချက်က နယ်စပ်တွေမှာ အဓိက ကတော့  ပြည်ပကိုExport ပို့တယ်ဆိုရင်  နိုင်ငံခြားငွေကိုင်ဆောင်မှုအပိုင်းမှာ တရုတ်ဘက်မှာရှိတဲ့ ဘဏ်တွေကိုပဲ အားကိုးနေရတယ်။ သူတို့ဆီမှာပဲ Account ဖွင့်။ သူတို့ဆီမှာပဲ ရတဲ့ငွေကို ယွမ်နဲ့ထည့်။ ယွမ်နဲ့ပဲ ပေးချေတယ်ဆိုတဲ့ အပိုင်းတွေရှိတယ်။ကျွန်တော်တို့ မြန်မာဘက်အပိုင်းမှာတော့ ဒီလိုဟာနဲ့ ပတ်သက်ပြီးတော့ ဈေးကွက် ဖြစ်မလာဘူး။ ဈေးကွက်တည်ရှိမှုက တရုတ်ပေါ်မှာပဲ မှီခိုနေတယ်။ ရောင်းတာလည်း တရုတ်ကိုပဲ ရောင်းနေတယ်။ငွေချေတာကလည်း တရုတ်ပြည်မှာပဲ ချေးတယ်။ ကျွန်တော်တို့အတွက် အန္တရာယ်ရှိတယ်။ ထိတာပေါ့။ မြန်မာပြည်နယ်စပ်မှာ ဈေးကွက်ဖြစ်အောင် ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အစိုးရကို တင်ပြခဲ့တာရှိတယ်” ဟု ဆိုသည်။
 
ဒေါ်လာဈေးမြင့်တက်ရသည့် အကြောင်းရင်းများတွင် ကုန်သွယ်မှုလို ငွေနှင့်ပတ်သက်ကြောင်း ပြောကြားမှုများနှင့် ပတ်သက်၍ ဈေးကစားခြင်းကြောင့်လည်း ပါဝင်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
 
“ကုန်သွယ်မှုအပိုင်းကနေလေ့လာတဲ့ အခါကျတော့ ကုန်သွယ်မှုလိုငွေက ပြီးခဲ့တဲ့ နှစ်ကလည်းဖြစ်တာပဲ။ မနှစ်တုန်းကတော့ မတက်ဘဲနဲ့ အခုနှစ်မှာကျမှ ဘာလို့ဖြစ်တာလဲ။ ဒါသည် သမားရိုးကျမဟုတ်တဲ့ ဈေးတက်နည်းဖြစ်နေတယ်။ အဖြေရှာဖို့လိုတယ်။ ခုနကပြောတဲ့ ဈေးကစားတာလည်း ပါမှာပေါ့နော်။ ဈေးကစားတာဆိုလည်း ဖော်ထုတ်ဖို့ လိုတာပေါ့။ ဒီဘက်ကတော့ ပို့ကုန်ကို တိုးမြှင့်ဖို့လုပ်ရမှာပေါ့။ အခုဟာက ကိုယ်တို့ဆီကသွားတာက Raw တွေ များတယ်။ Valued Added သွားဖို့ လိုနေတယ်။ FDI အနေနဲ့ကြတော့လည်း ဝင်လာတယ်။ သူ့ Production ကာလ မရောက်ဘူးပေါ့နော်။ သူ့ Production ကာလရောက်လာရင် ပြန်ပြီးတော့ အဆင်ပြေသွားမှာပေါ့။အခုရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေစဉ်ပဲ ရှိသေးတယ်။ ဒေါ်လာဈေးက ရုတ်ခြည်းထိုးတက်သွားတယ်” ဟု ၎င်းက ပြောကြားသည်။
 
“Normal Trade ရယ် Border Trade  ရယ်ပြန်ပြီးတော့ ချိန်ဖို့ပြောနေတယ်။ အဓိက ကတော့ Trade deficit ဖြစ်တယ်လို့ ဝိုင်းပြောကြတယ်။ Export များတယ်။ Import နည်းတယ်ဆိုရင် ကုန်သွယ်မှုပိုငွေဖြစ်တာပေါ့။ အခု ကုန်သွယ်မှုလိုငွေပြနေတယ်။ 
ကိုယ်တို့ဘက်မှာက Tradeမှာ Balance of payment မထိဘူး။ စီးပွားရေးသမားတွေ ဘက်တော့ သူတို့ဘက်က ဒေါ်လာဈေးကို တည်ငြိမ်စေချင်တာ။ ဒါကို တင်ပြတာ။ ပေါ်လစီကို ဘယ်လိုပြန်ချမလဲပေါ့။ Trade Policy  ရှိတယ်။ Monetary Policy ရှိတယ်။ ဘဏ္ဍာရေးပေါ်လစီရှိတယ်။ တနင်္လာနေ့မှာကတော့ ဘဏ်တွေရယ်၊  မြေပြင်မှာဖြစ်နေတာတွေရယ် ပြန်ပေါင်းစပ်မှာပေါ့ ။အခုဟာက Private ကဏ္ဍကို လာနားထောင်တာပေါ့။ Private Sector ပို့ကုန်တွေမှာ ဘာတွေဖြစ်နေလဲ။ ပို့ကုန်တွေမှာ ဘာတွေဖြစ်နေလဲ။ 
ပြီးခဲ့တဲ့နှစ်က စုစုပေါင်း ကုန်သွယ်မှုက ဒေါ်လာ ၂၉ ဘီလျံရှိတယ်။ ကုန်သွယ်မှုလိုငွေက လေးဘီလျံကျော် ရှိတယ်။သို့သော်လည်း တကယ့်ငွေသားပေးချေမှုက ခုနကတော့ ရင်းနှီးမြှုပ်နှံမှုပစ္စည်းတွေ ဝင်လာတယ်။ အဲဒါတွေက Dealer တွေပြန်ခွဲတယ်။ခွဲပြီးတော့ ပို့ကုန်ပိုင်းမှာကျတော့ ဘယ်ဟာတွေ တိုးမြှင့်လို့ရမလဲ။ လက်ကျန်ကရော ဘယ်လောက်ရှိသလဲ။ သူတို့ အခက်အခဲဘာရှိမလဲ။ ကြာနေလား။ ကန့်သတ်ချက်တွေကြောင့် ဖြစ်လာတယ်။ Data အရတော့ ကုန်သွယ်မှုလိုငွေပေါ့။ သို့သော်လည်း  Balance of Payment မှာတော့ ငွေစီးဝင်စီးထွက်မှု ပြန်ကြည့်ရမှာပေါ့။ Tourism Sector ကလည်း ပြောသွားတယ်။  Tou rတွေဝင်လာတာ နည်းတာမဟုတ်ဘူး။ သူတို့သုံးသွားတာ စာရင်းမရှိဘူးဖြစ်နေတယ်။ Tourism Sector ကလည်း စာရင်းလေးပြုစုဖို့ တနင်္လာနေ့ကျရင် အဲဒါလုပ်မှာ။ အပေါ်မှာ ကော်မတီတစ်ခုရှိတယ်။ Technically  ကော်မတီရှိတယ်။ သမ္မတရုံးရယ်၊ ဗဟိုဘဏ်ရယ်၊ စီးပွားကူးသန်းရယ်။ ရင်းနှီးမြှုပ်နှံမှုပါတယ်။ ကဏ္ဍအလိုက်ပေါ့။ အဖြေရှာမယ်။ ဒီဈေးနှုန်းကို တည်ငြိမ်အောင်ပေါ့။ ဘယ်လိုလုပ်မလဲဆို တာ အားလုံးပေါင်း အဖြေရှာမယ်” ဟု ၎င်း က ပြောကြားသည်။
 

Most Read

Most Recent