၂၀၁၄ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသဖြင့် အာဆီယံဒေသတွင်း တိုးတက်မှု ရာခိုင်နှုန်း အများဆုံးဖြစ်နေ

၂၀၁၄ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသဖြင့် အာဆီယံဒေသတွင်း တိုးတက်မှု ရာခိုင်နှုန်း အများဆုံးဖြစ်နေ
Published 30 April 2015

၂၀၁၄ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သဖြင့် အာဆီယံဒေသတွင်း ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တိုးတက်မှုရာခိုင်နှုန်း အများဆုံးဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။အဆိုပါ ခရီးသွားရာသီတွင် အာဆီယံဒေသတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် လာရောက်လည်ပတ်မှုတွင် လာအိုနိုင်ငံမှ ၁၀ ရာခိုင်နှုန်း၊ မလေးရှားနိုင်ငံမှ ရှစ်ရာခိုင်နှုန်း၊ အင်ဒိုနီးရှားနှင့် ကမ္ဘောဒီးယားနိုင်ငံမှ ခုနစ်ရာခိုင်နှုန်း၊ ဗီယက်နမ်နိုင်ငံမှ လေးရာခိုင်နှုန်း၊ ဖီလစ်ပိုင်နိုင်ငံမှ သုံးရာခိုင်နှုန်း၊ ထိုင်းနှင့် ဘရူနိုင်းနိုင်ငံမှ ခြောက်ရာခိုင်နှုန်းနှင့် စင်ကာပူနိုင်ငံမှ သုံးရာခိုင်နှုန်းကျော်ဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။“ပြီးခဲ့တဲ့ ခရီးသွားရာသီမှာ မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြား ခရီးသွားဧည့်သည် ဝင်ရောက်မှုက ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံထဲမှာဆိုရင် ဧည့်သည်ဝင်ရောက်မှုက မြန်မာနိုင်ငံက ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ပြီးတော့ မြန်မာနိုင်ငံက လေ့လာစရာနဲ့ သဘာဝအမွေအနှစ် နေရာတွေကလည်း ရှိတော့ တစ်နှစ်ထက်တစ်နှစ် ခရီးသွားဝင်ရောက်မှုက မြင့်တက်နေပါတယ်” ဟု ဟိုတယ်/ခရီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ထို့ပြင် ပြီးခဲ့သည့် ခရီးသွားနှစ်က အာဆီယံနိုင်ငံများတွင် ကမ္ဘာလှည့်ခရီးသွားဧည့်သည် အများဆုံး လာရောက်လည်ပတ်မှု အများဆုံးနိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပြီး တစ်နှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၂၈ သန်း ဝင်ရောက်လည်ပတ်ခဲ့ပြီး ထိုင်းနိုင်ငံက ၂၄ သန်းကျော်ဖြင့် ဒုတိယနေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံ၏ ပွင့်လင်းမြင်သာသည့် ဈေးကွက်စီးပွားရေးစနစ် တိုးတက်ဖြစ်ပေါ်နေမှု၊ ကမ္ဘာလှည့်ခရီးသွားများ လည်ပတ်လေ့လာစရာ အကောင်းဆုံး နိုင်ငံများစာရင်းတွင် ပါဝင်နေမှု စသည်တို့ကြောင့် မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားဧည့်သည် ဝင်ရောက်မှုမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာခဲ့ကြောင်း သိရသည်။၂၀၁၄ ခုနှစ် ခရီးသွားရာသီတွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဧည့်သည် လာရောက်မှု တိုးတက်မှု ရာခိုင်နှုန်းမှာ ထိပ်ဆုံး၌ ရှိနေခဲ့သော်လည်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ဝင်ရောက်မှု အရေအတွက်မှာ အာဆီယံ၌ ဒုတိယအနည်းဆုံး နေရာတွင် ရှိနေခဲ့ကြောင်း သိရသည်။ 

Most Read

Most Recent