သူရဦးရွှေမန်း တရုတ်နှင့် အမေရိကန်သို့ ချစ်ကြည်ရေးခရီး သွားရောက်မည်

သူရဦးရွှေမန်း တရုတ်နှင့် အမေရိကန်သို့ ချစ်ကြည်ရေးခရီး သွားရောက်မည်
Published 24 April 2015
ဝေယံဖြိုးဦး

ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းသည် တရုတ်နှင့် အမေရိကန်သို့ တရားဝင်ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်မည်ဖြစ်ပြီး တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီမှ တရားဝင်ဖိတ်ကြားခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးက ပြောကြားသည်။"ဧပြီ ၂၅ ရက် နံနက် ၁၁ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေ တရုတ်နိုင်ငံကိုထွက်ခွာမှာဖြစ်ပါတယ်။ ပါတီကဖိတ်တယ်ဆိုပေမယ့် ပြည်ထောင်စုလွှတ်တော်နာယကအနေနဲ့ပဲ သွားရောက်မှာဖြစ်ပါတယ်။ လွှတ်တော်နာယကကြီးအနေနဲ့ တရုတ်နိုင်ငံကိုသွားရောက်တိုင်း တရုတ်နိုင်ငံသမ္မတနဲ့ တွေ့ဆုံလေ့ရှိတဲ့အတွက် ဒီတစ်ခေါက်လည်း တရုတ်နိုင်ငံသမ္မတနဲ့ တွေ့ဆုံဖြစ်လိမ့်မယ်လို့ သုံးသပ်ပါတယ်" ဟု  ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးလှမြင့်ဦးကပြောကြားသည်။ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းအနေဖြင့် တရုတ်နိုင်ငံခရီးစဉ်မှ ပြန်လည်ရောက်ရှိပြီးနောက် မကြာမီ အမေရိကန်ပြည်ထောင်စုသို့ ချစ်ကြည်ရေးခရီး သွားရောက်မည်ဟု သိရသည်။လွှတ်တော်အစည်းအဝေးများလာမည့် မေ ၁၁ ရက်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent