AFTA ထူထောင်ရေးအတွက် အာဆီယံနိုင်ငံများအတွင်း အကောက်ခွန်နှုန်းများ လျှော့ချလျက်ရှိရာ မြန်မာအပါအဝင် CLMV လေးနိုင်ငံအနေဖြင့် ၂၀၁၈ မှသာ သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်

AFTA ထူထောင်ရေးအတွက် အာဆီယံနိုင်ငံများအတွင်း အကောက်ခွန်နှုန်းများ လျှော့ချလျက်ရှိရာ မြန်မာအပါအဝင် CLMV လေးနိုင်ငံအနေဖြင့် ၂၀၁၈ မှသာ သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်
Published 4 April 2015
နီလာ

အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဒေသ (ASEAN Free Trade Area-AFTA) ထူထောင်ရေးအတွက် အာဆီယံနိုင်ငံများအတွင်း အကောက်ခွန်နှုန်းများ လျှော့ချလျက်ရှိရာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘောဒီးယား၊ လာအိုနှင့်  ဗီယက်နမ်နိုင်ငံတို့တွင် ၂ဝ၁၈  ခုနှစ်ရောက်မှသာ အကောက်ခွန် သုညရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သိရသည်။“အာဆီယံမှာ မူလ ခြောက်နိုင်ငံရယ်၊CLMV လေးနိုင်ငံရယ်မှာ CLMV ၂ဝဝ၈ ခုနှစ်မှာ ရာခိုင်နှုန်း ၆ဝ ၊ လိုင်းပေါင်း ၄၂ဝဝ ကျော်ကို သုညရာခိုင်နှုန်းအထိ ချထားပြီးဖြစ်ပါတယ်။ ၂ဝ၁၂ မှာ  ရာခိုင်နှုန်း ၈ဝ ၊ အခုဆိုရင်တော့ ၉၅၅၈ လိုင်း၊ အဲဒီရာခိုင်နှုန်း ၈ဝ ဟာ သုညရာခိုင်နှုန်းကို ချထားပြီးဖြစ်ပါတယ်။ ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် ကတည်းက ၉၃ ရာခိုင်နှုန်းကို သုညရာခိုင်နှုန်းအထိ ချထားပြီးဖြစ်ပါတယ်။ ကျန်တဲ့ ခုနစ်ရာခိုင်နှုန်းကို ၂ဝ၁၈ ခုနှစ်မှာ သုညရာခိုင်နှုန်းအထိ ချမှာဖြစ်ပါတယ်”ဟု အကောက်ခွန်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် အကောက်ခွန်နှုန်း လျှော့ချမှုအနေဖြင့် အမိန့်ကြော်ငြာစာ(၂၄၇/၉၇)အရ  CEPT Product List and Tariff Reduction Plan  ကို ၁၉၉၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စတင် သတ်မှတ်ပြဋ္ဌာန်းခဲ့ကြောင်း၊ မြန်မာ့ အကောက်ခွန်နှုန်းစာရင်း (Myanmar Customs Tariff) သည် ၁-၁-၁၉၉၇ ခုနှစ်တွင် စတင်ကျင့်သုံးစဉ် ကုန်ပစ္စည်းအုပ်စုပေါင်း ၅၄၇၂ ပါဝင်ကြောင်း၊ ၁၉၉၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကုန်ပစ္စည်းအုပ်စု ခြောက်မျိုးကို အကောက်ခွန်နှုန်း စတင်လျှော့ချခဲ့ကြောင်း၊ မြန်မာ့အကောက်ခွန်နှုန်းစာရင်းသည် AHTN တို့ နှင့် ညှနှိုင်းမှုအရ ၁-၁၂-၂ဝဝ၃ တွင် ကုန်ပစ္စည်းအုပ်စု ၁ဝ၆၈၉ ဖြစ်လာကြောင်း၊ ၂ဝဝ၇ ခုနှစ်တွင် ကုန်ပစ္စည်းအုပ်စုပေါင်း ၈၃ဝဝ ဖြစ်လာကြောင်း သိရသည်။၁၉၉၉ ခုနှစ်မှ စတင်၍ အကောက်ခွန်နှုန်းများ လျှော့ချလာရာ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် CEPT Scheme အရ ထည့်သွင်းစာရင်း၊ စာရင်းဝင်ပစ္စည်း အုပ်စု ၈၂၃၆ မျိုးသည် သုညရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအတွင်းသို့ ရောက်ရှိခဲ့ကြောင်း၊  အကြွင်းမဲ့ လွတ်လပ်သော ကုန်သွယ်မှုနယ်မြေဖော်ဆောင်ချက်အရ ၂ဝဝ၈ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ထည့်သွင်းစာရင်း၏ ရာခိုင်နှုန်း ၆ဝ ပစ္စည်းအုပ်စု ၄၉၄၂ မျိုးကို သုညရာခိုင်နှုန်း လျှော့ချခဲ့ကြောင်း၊ သတင်း၊ ဆက်သွယ်ရေး၊ နည်းပညာပစ္စည်းများအား  ၂ဝဝ၈ ခုနှစ်တွင် ပစ္စည်း အုပ်စု ၉၂ မျိုး၊ ၂ဝဝ၉ တွင် ၅၅ မျိုး၊၂ဝ၁ဝ တွင် ၃၆ မျိုး စုစုပေါင်း ၁၈၃မျိုးကို သုညရာခိုင်နှုန်းသို့ လျှော့ချပြီဖြစ်ကြောင်းနှင့် မြန်မာ့အကောက်ခွန်စာရင်းသည် AHTN ပြန်လည် ညှနှိုင်းမှုအရ ၁-၁-၂ဝ၁၂တွင် ကုန်ပစ္စည်း အုပ်စုပေါင်း ၉၅၅၈ ဖြစ်လာကြောင်း သိရသည်။“ဒါကတော့ ၂ဝ၁၂ အထိ ဆောင်ရွက်နေတဲ့ နှုန်းထားဖြစ်ပါတယ်။ ထည့်သွင်းပစ္စည်းစာရင်း (Inclusion List) ထဲမှာပါတဲ့ ပစ္စည်းတွေကတော့ အကောက်ခွန်သက်သာခွင့် ခံစားရမှာဖြစ်ပါတယ်။ အရေးကြီးပစ္စည်းစာရင်း (Sensitive  List)  ကိုတော့ ငါးရာခိုင်နှုန်းအထိပဲ ခံစားခွင့်ရပါတယ်။ Sensitive  List ထဲပါတဲ့ ပစ္စည်းတင်သွင်းလာမယ်ဆိုရင် ငါးရာခိုင်နှုန်း ကောက်ခံပါမယ်။ အထွေထွေကင်းလွတ်ခွင့်ပစ္စည်းစာရင်း (General Exemption List) ထဲမှာ ပါတဲ့ပစ္စည်းတွေကတော့ လုံခြုံရေးနဲ့ ဆိုင်တဲ့ပစ္စည်းတွေ၊ ရှေးဟောင်း၊ ကိုယ့်ရဲ့ရိုးရာအမွေအနှစ်တွေနဲ့ ဆိုင်တဲ့ ပစ္စည်းတွေကတော့ အထွေထွေကင်းလွတ်ခွင့် ရပါတယ်။ အကောက်ခွန်လိုင်းအနေနဲ့ ဆိုရင်တော့ ၉၅၅၈ လိုင်း ရှိပါတယ်”ဟု ၎င်းက ပြောကြားသည်။      

Most Read

Most Recent