အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံ ထားရှိနိုင်ပြီး ခရီးအကွာအဝေးအလိုက် ထားရှိသည့် ယူနစ်နှင့် ထိခိုက်မှုအပေါ် မူတည်၍ ကျပ်ငါးသိန်းမှ ကျပ်သိန်း ၃၀ အထိ ပေးလျော်မည်

အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံ ထားရှိနိုင်ပြီး ခရီးအကွာအဝေးအလိုက် ထားရှိသည့် ယူနစ်နှင့် ထိခိုက်မှုအပေါ် မူတည်၍ ကျပ်ငါးသိန်းမှ ကျပ်သိန်း ၃၀ အထိ ပေးလျော်မည်
Published 30 March 2015
ချမ်းမြေ့သူ

အဝေးပြေး အမြန်မလမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံ ထားရှိပြီး ခရီးအကွာအဝေးအလိုက် ထားရှိသည့် ယူနစ်နှင့် ထိခိုက်မှုအပေါ် မူတည်၍ ကျပ်ငါးသိန်းမှ ကျပ်သိန်း ၃၀ ပြန်လည်ပေးလျော်မည်ဖြစ်ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှ သိရသည်။“၂၀၀၁ ခုနှစ်မှာ အဝေးပြေးယာဉ်လိုင်း အာမခံဆိုပြီး ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ စခဲ့တယ်။ အဲဒီတုန်းက အာမခံကြေးက တစ်ယူနစ်ကို ကျပ် ၁၀ ကနေ ကျပ် ၁၀၀ အထိ သတ်မှတ်ထားတယ်။ လျော်ကြေးကတော့ ကျပ်တစ်သိန်းကနေ ကျပ် ၁၀ သိန်းအထိပေါ့။ နောက်ပိုင်း ၂၀၁၄ ခုနှစ်ရောက်တော့ အဝေးပြေး အမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွား အာမခံဆိုပြီး လုပ်လိုက်တယ်” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါ အဝေးပြေးအမြန်လမ်းမကြီးများဆိုင်ရာ အထူးခရီးသွားအာမခံကို မိုင် ၁၀၀ အောက်ခရီးနှင့် မိုင် ၁၀၀ အထက်ခရီးဟူ၍ နှစ်မျိုးခွဲခြားထားပြီး မိုင် ၁၀၀ အောက် ခရီးဆိုပါက အာမခံကြေး တစ်ယူနစ်လျှင် ကျပ် ၅၀ မှ ကျပ် ၁၀၀ ကြား သတ်မှတ်ထားပြီး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါက လျော်ကြေးအဖြစ် ကျပ်ငါးသိန်းမှ ကျပ် ၁၀ သိန်း ပေးလျော်မည်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့ပါက ဒဏ်ရာ ၇၃ မျိုးအတွက် ရာခိုင်နှုန်းအလိုက် လျော်ကြေးပေးလျော်မည်ဖြစ်ကြောင်း သိရသည်။မိုင် ၁၀၀ အထက်ခရီး ဆိုပါက အာမခံကြေး တစ်ယူနစ်လျှင် ကျပ် ၃၀၀ ပေးသွင်းရမည်ဖြစ်ပြီး သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါက လျော်ကြေးအဖြစ် ကျပ်သိန်း ၃၀ ပေးလျော်မည်ဖြစ်ပြီး ဒဏ်ရာရရှိခဲ့ပါက ဒဏ်ရာ ၇၃ မျိုးအတွက် ရာခိုင်နှုန်းအလိုက် လျော်ကြေးပေးလျော်မည်ဟု သိရသည်။အဝေးပြေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်မတော်တဆမှုများကြောင့် ဒဏ်ရာရရှိသည့် ခရီးသည်များ ရှိနေပြီး မတ် ၂၈ ရက်က ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် အမြန်လမ်းမကြီးပေါ်တွင် ဘုရားဖူးပြန်လာသည့်ယာဉ်အား စူပါကာစတန်ယာဉ်က နောက်မှဝင်တိုက်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ဘုရားဖူးခရီးသည်သုံးဦး သေဆုံးကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။၂၀၁၅ ခုနှစ်အတွင်း အမြန်လမ်းပေါ်တွင် အရှိန်လွန် မောင်းသဖြင့် အရေးယူခဲ့သည့် ယာဉ်အစီးရေ ၁၅၀၀ ကျော်ရှိကြောင်း၊ အရှိန်လွန် မောင်းနှင်မှုများကို တိုင်းတာသည့် စက်များအပြင် အမြန်လမ်းရဲတပ်ဖွဲ့မှလည်း ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အမြန်လမ်းရဲတပ်ဖွဲ့ထံမှ သိရသည်။

Most Read

Most Recent