ပြင်ပဈေးကွက်၌ ဒေါ်လာလဲနှုန်း ထပ်မံမြင့်တက်လာပြီး မတ် ၂၃ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၀၈၃ ကျပ်ဝန်းကျင်ရှိ

ပြင်ပဈေးကွက်၌ ဒေါ်လာလဲနှုန်း ထပ်မံမြင့်တက်လာပြီး မတ် ၂၃ ရက်တွင် တစ်ဒေါ်လာလဲနှုန်း ၁၀၈၃ ကျပ်ဝန်းကျင်ရှိ
Published 23 March 2015
အောင်မြတ်ကို

ပြင်ပဈေးကွက်၌ ဒေါ်လာလဲနှုန်း ထပ်မံမြင့်တက်လာပြီး မတ် ၂၃ ရက်တွင် တစ် ဒေါ်လာလဲနှုန်း ၁ဝ၈၃ ကျပ်ဝန်းကျင်အထိ ရှိလာကြောင်း နိုင်ငံခြားငွေကြေးလဲလှယ်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်း ပုဂ္ဂလိကဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ သိရသည်။
မတ် ၁၉ ရက်တွင် ဖြစ်ပေါ်နေသော တစ်ဒေါ်လာတန်ဖိုးမှာ သိမ်ဖြူငွေလဲကောင်တာတွင် ရောင်းဈေး ၁ဝ၃၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၃၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေးကျပ် ၁ဝ၇၉ ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၈၃ ကျပ်ဝန်းကျင်တွင် ရှိနေပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် ရောင်း ဈေး ၁ဝ၃၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁ဝ၃၃ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းမှာ တစ်ဒေါ်လာလျှင် ၁ဝ၂၇ ကျပ် သတ်မှတ်ထားသည်။
ပြင်ပနိုင်ငံခြား ငွေလဲလှယ်ရေး ဈေးကွက်တွင် ဒေါ်လာတန်ဖိုးသည် မတ် ၆ ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၁ဝ၄၃ ကျပ်ဝန်းကျင် အထိရှိခဲ့ပြီး မတ် ၁ဝ ရက်တွင် တစ်ဒေါ်လာရောင်းဈေး ၁ဝ၃၈ ကျပ်ဝန်းကျင်တွင် တည်ရှိနေခဲ့သည်။ ပြင်ပဈေးကွက်တွင် တစ်ဒေါ်လာတန်ဖိုးမှာ ကျပ် ၁ဝ၄ဝ ဝန်းကျင်တွင် ရှိနေသော်လည်း မတ် ၁ဝ ရက်မှစတင်၍ တစ်ရက်လျှင် ကျပ် ၁ဝ နှုန်းအထိ သိသာစွာ မြင့်တက်လာခဲ့သည်။ မတ် ၁၂ ရက် နောက်ပိုင်း ပြင်ပဈေးကွက်တွင် ဒေါ်လာလဲနှုန်းသည် ၁ဝ၇၃ ကျပ်ဝန်းကျင်ကျော်အထိ ရောက်ရှိလာခဲ့ပြီး မတ် ၁၃ ရက်တွင် ၁ဝ၆၆ ကျပ်ဝန်းကျင်သို့ သိသာစွာ ကျဆင်းခဲ့သော်လည်း မတ် ၂၃ ရက်တွင် တစ်ဒေါ်လာ တန်ဖိုးမှာ ၁ဝ၈၃ ကျပ်ဝန်းကျင်အထိ ပြန်လည် မြင့်တက်လာခဲ့သည်။
ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂ဝ၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ် ပေါက်ဈေးသာရှိရာမှ ယခု ၂ဝ၁၅ ခုနှစ် မတ် ၂၃ ရက်ထိ ၃၅ လအကြာကာလအတွင်း တစ်ဒေါ်လာလျှင် ၂၆၈ ကျပ် ကျော်အထိ ဈေးနှုန်းမြင့်လျက်ရှိသည်။ ယခုဖြစ်ပေါ်နေသော ဈေးနှုန်းသည် ငွေလဲနှုန်းရှင်စနစ် ပြောင်းလဲပြီး နောက်ပိုင်း မတ် ၁၈ ရက် စံချိန်တင် ဈေး ၁ဝ၇၇ ကျပ်ထက် ခြောက်ကျပ်ဝန်းကျင် ၁ဝ၈၃ အထိ ထပ်မံစံချိန်မြင့်တက် လာခြင်းဖြစ်သည်။