ဆက်သွယ်ရေးလိုင်စင် လျှောက်ထားသည့် ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၅၀ ကျော်အနက် KDDI၊ E-lite နှင့် Yatanarpon Teleport ကုမ္ပဏီသုံးခုကို လိုင်စင်ထပ်မံချထားပေး

ဆက်သွယ်ရေးလိုင်စင် လျှောက်ထားသည့် ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၅၀ ကျော်အနက် KDDI၊ E-lite နှင့် Yatanarpon Teleport ကုမ္ပဏီသုံးခုကို လိုင်စင်ထပ်မံချထားပေး
Published 15 March 2015

ဆက်သွယ်ရေးလိုင်စင် လျှောက်ထားသည့် ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ၅ဝ ကျော်အနက် KDDI၊ E-Lite နှင့် Yatanarpon Teleport နည်းပညာကုမ္ပဏီ သုံးခုကို လိုင်စင်ထပ်မံ ချထားပေးကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန အနေဖြင့် ဇန်နဝါရီလကုန်ပိုင်းတွင် ပြည်တွင်းပြည်ပ နည်းပညာကုမ္ပဏီ ရှစ်ခုကို လိုင်စင်ချထားပေးခဲ့ပြီး ကုမ္ပဏီသုံးခုကို ယခုလ လိုင်စင်ထပ်မံချထားပေးခြင်း ဖြစ်သည်။“လာလျှောက်ထားတဲ့ ကုမ္ပဏီတွေက ၅ဝ လောက်ရှိတယ်။ အခု နောက်ထပ် ကုမ္ပဏီသုံးခုကို လိုင်စင်ထပ်ပြီးတော့ ချထားပေးထားပါတယ်။ ဒါပေမဲ့ နောက်ထပ်လာလျှောက်မယ့် ကုမ္ပဏီတွေ အများကြီးရှိမယ်။ လိုင်စင်ချထားပေးတဲ့ နေရာမှာ ဝန်ကြီးဌာနကို တင်ပြရတာတွေ ရှိတယ်။ ပြီးတော့ လွှတ်တော်နဲ့ အစိုးရ ရုံးအဖွဲ့ကိုလည်း တင်ပြရတဲ့ အပိုင်းတွေရှိတယ်။ ပြီးတော့မှ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက စိစစ်ပေးရတဲ့ အပိုင်းတွေ ရှိတယ်။ လုပ်ငန်းလိုင်စင် လျှောက်တဲ့နေရာမှာ ပြည်တွင်းနဲ့ ပြည်ပ ဆိုပြီးတော့ ကြာချိန်ကန့်သတ်ထားတွေလည်း ရှိတယ်” ဟု ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွန်းအောင်က ပြောကြားသည်။လက်ရှိတွင် ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနတွင် ဆက်သွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖိုက်ဘာတည်ဆောက်ခြင်း၊ တာဝါတိုင်တည်ဆောက်ခြင်းနှင့် Satellite လုပ်ငန်းများအပြင် အခြားလုပ်ငန်းများအတွက် လိုင်စင်လာရောက် လျှောက်ထားသည့် ပြည်တွင်းပြည်ပ နည်းပညာ ကုမ္ပဏီပေါင်း ၅ဝ နီးပါး ရှိသည်။လက်ရှိတွင် ပြည်တွင်းပြည်ပ နည်းပညာ ကုမ္ပဏီစုစုပေါင်း ၁၃ ခုကို လိုင်စင်ချထားပေးပြီး လိုင်စင်ရရှိသည့် ပြည်တွင်းပြည်ပ ကုမ္ပဏီများမှာ ရွှေသံလွင်ကုမ္ပဏီ၊ Digicel Myanmar Tower Company၊ Global Tenchnology၊ Myanmar Fiberoptic Communicati0n Network၊ Pan Asia Majestic Eagle၊Irrawaddy Green Tower၊ Appllow Tower Myanmar၊ KDDI Summit Global Myanmar၊ E-lite Telecom Public Company၊ Yatanarpon Teleport Public ကုမ္ပဏီတို့ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent