မြို့ရှောင်လမ်းပိုင်းအတွက် လျော်ကြေးပေးဆောင်မှုမရှိသေးသည့် ပျဉ်းမနားမြို့နယ်ရှိ တောင်သူများအတွက် နေပြည်တော်ကောင်စီ၏ သဘောထားမှတ်ချက်ရယူမည်

မြို့ရှောင်လမ်းပိုင်းအတွက် လျော်ကြေးပေးဆောင်မှုမရှိသေးသည့် ပျဉ်းမနားမြို့နယ်ရှိ တောင်သူများအတွက် နေပြည်တော်ကောင်စီ၏ သဘောထားမှတ်ချက်ရယူမည်
Published 11 March 2015

လယ်ဝေး-ပျဉ်းမနား မြို့ရှောင်လမ်းပိုင်းဖောက်လုပ်ရာတွင် လျော်ကြေးပေးဆောင်မှုမရှိသေးသည့် ပျဉ်းမနားမြို့နယ်ရှိတောင်သူများအတွက် လျော်ကြေးပေးရန် နေပြည်တော်ကောင်စီ၏ သဘောထားမှတ်ချက်ရယူမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်ကပြောကြားသည်။မတ် ၁၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ဦးမှတ်ကြီးက လယ်ဝေး -ပျဉ်းမနား မြို့ရှောင်လမ်းဖောက်လုပ်ရာတွင် မလွတ်ကင်းသည့်လယ်ယာမြေများကို စွန့်လွှတ်ခဲ့ရသည့်အတွက် နိုင်ငံတော်မှ တောင်သူများထံ နစ်နာကြေးများထုတ်ပေးခဲ့ရာ တောင်သူငါးဦးခန့်ကျန်ရှိနေကြောင်း၊ ရန်ကုန်-မန္တလေးမြို့ရှောင်လမ်းပေးလျော်ရာတွင် လယ်ဝေးမြို့နယ်အပိုင်းကိုသာ ပေးလျော်ခဲ့ပြီး ပျဉ်းမနားမြို့နယ်အပိုင်းရှိ နစ်နာကြေးမရသေးသူများအား အမြန်ပေးလျော်နိုင်ရန်အတွက် ဆောင်ရွက်မည့်အစီအမံများကို မေးမြန်းခဲ့မှုအပေါ် ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent