MH370 လေယာဉ်ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကြောင့် မလေးရှားအစိုးရနှင့် လေကြောင်းလိုင်းကို ဝေဖန်မှုများ ထပ်မံပေါ်ထွက်လာ

MH370 လေယာဉ်ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကြောင့် မလေးရှားအစိုးရနှင့် လေကြောင်းလိုင်းကို ဝေဖန်မှုများ ထပ်မံပေါ်ထွက်လာ
Published 9 March 2015

မလေးရှားလေကြောင်းလိုင်း လေယာဉ်ခရီးစဉ် MH370 မှ လေကြောင်းထိန်းသိမ်းရေး ရေဒီယိုအချက်ပြ အသံလွှင့်စက်၏ ဘက်ထရီသည် လေယာဉ်မပျောက်ဆုံးမီ တစ်နှစ်ကျော်ကပင် ပျက်နေခဲ့ကြောင်း လေယာဉ်ပျောက်ဆုံးမှု စုံစမ်းစစ်ဆေးသည့် အစီရင်ခံစာက ဖော်ထုတ်ခဲ့ပြီးနောက် မတ် ၉ ရက်တွင် မလေးရှားလေကြောင်းလိုင်းနှင့် မလေးရှားအစိုးရကို ဝေဖန်မှုများ ထပ်မံပေါ်ထွက်လာခဲ့သည်။လေယာဉ်ပျောက်ဆုံးမှု နှစ်ပတ်လည်အဖြစ် မတ် ၈ ရက်က ထုတ်ပြန်ခဲ့သော ကြားဖြတ်အစီရင်ခံစာတွင် လေယာဉ်ပျောက်ဆုံးမှု ဖြစ်စေခဲ့သည့် အကြောင်းရင်းအတွက် တွေ့ရှိချက်အသစ် မပါဝင်ခဲ့ပေ။ လေယာဉ်မှတ်တမ်းတင် ကိရိယာမှ ဘက်ထရီသည် ယင်းခရီးစဉ်မတိုင်မီ တစ်နှစ်ကျော်ကပင် သက်တမ်းကုန်ဆုံးခဲ့ကြောင်း စစ်ဆေးမှုက တွေ့ရှိခဲ့သည့်အပြင် အခြားတွေ့ရှိမှုများလည်း အစီရင်ခံစာတွင် ပါဝင်ခဲ့သည်။ ယင်းတွေ့ရှိမှုများအတွက် ဓားစာခံများ၏ ဆွေမျိုးများနှင့် ကျွမ်းကျင်သူများက မလေးရှားလေကြောင်းလိုင်းနှင့် အစိုးရကို မေးခွန်းထုတ် ဝေဖန်ခဲ့ကြသည်။“သက်တမ်းကုန်နေတဲ့ ဘက်ထရီနဲ့ ပတ်သက်ပြီး စည်းမျဉ်းမလိုက်နာမှုအတွက် အပြည်ပြည်ဆိုင်ရာ လေကြောင်းလုပ်ငန်းအဖွဲ့က မလေးရှားလေကြောင်းလိုင်းကို အပြစ်ပေးဖို့ ကျွန်မ မျှော်လင့်ပါတယ်” ဟု ဓားစာခံတစ်ဦး၏ ဆွေမျိုးဖြစ်သူ မလေးရှားနိုင်ငံသား လီဝီဟွန်းက ပြောကြားခဲ့သည်။ဘက်ထရီ သက်တမ်းကုန်နေကြောင်း စစ်ဆေးတွေ့ရှိမှုက လေကြောင်းလိုင်း၏ ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ဂုဏ်သိက္ခာကို မေးခွန်းထုတ်စရာ ဖြစ်ခဲ့ကြောင်း Flight-global မဂ္ဂဇင်းမှ အာရှအယ်ဒီတာ ဂရက်ဝေါ်ဒရွန်က ပြောကြားခဲ့သည်။ဩစတြေးလျက ဦးဆောင်ပြီး ရှာဖွေနေသော်လည်း အိန္ဒိယသမုဒ္ဒရာ တောင်ဘက်အစွန်တွင် ပျောက်ဆုံးသွားခဲ့သည်ဟု ယူဆရသည့် MH370 လေယာဉ်ကို ရှာမတွေ့သေးပေ။သို့သော်လည်း မလေးရှားလေကြောင်းလိုင်းက ဘက်ထရီသက်တမ်းကုန်မှု ကိစ္စသည် ပြင်ဆင်ထိန်းသိမ်းမှုဆိုင်ရာ “သတိမမူမိခြင်း” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ လေယာဉ်မှူးခန်းအတွင်းမှ အသံမှတ်တမ်းတင် ကိရိယာသည် ပုံမှန်အတိုင်း လည်ပတ်ကောင်းမွန်ခဲ့ကြောင်း၊ လေယာဉ်သည် ရေပြင်နှင့်ထိတွေ့သည်နှင့် အချက်ပြမှု ထုတ်လွှင့်မည်ဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။လေယာဉ်အမှုထမ်းနှင့် ခရီးသည် ၂၃၉ ဦးလိုက်ပါသွားပြီး ကွာလာလမ်ပူမှ ပေကျင်းသို့ ပျံသန်းသည့် MH370 လေယာဉ်သည် ယမန်နှစ် မတ် ၈ ရက်က ပျောက်ဆုံးသွားခဲ့သည်။Ref:AFP 

Most Read

Most Recent