မြန်မာနိုင်ငံ၏ တစ်ဦးချင်း လျှပ်စစ်စွမ်းအင်သုံးစွဲမှုမှာ ၁၈၀ ကီလိုဝပ်နာရီသာရှိပြီး အိမ်နီးချင်း နိုင်ငံများအနက် ဒုတိယအနည်းဆုံး ဖြစ်

မြန်မာနိုင်ငံ၏ တစ်ဦးချင်း လျှပ်စစ်စွမ်းအင်သုံးစွဲမှုမှာ ၁၈၀ ကီလိုဝပ်နာရီသာရှိပြီး အိမ်နီးချင်း နိုင်ငံများအနက် ဒုတိယအနည်းဆုံး ဖြစ်
Published 4 March 2015
နီလာ၊ ဆန်းထူးအောင်

မြန်မာနိုင်ငံ၏ တစ်ဦးချင်း လျှပ်စစ်စွမ်းအင် သုံးစွဲမှုသည် ၁၈၀ ကီလိုဝပ်နာရီသာရှိပြီး အိမ်နီးချင်းနိုင်ငံများအနက် ဒုတိယအနည်းဆုံးဖြစ်ကာ ကမ္ဘောဒီးယားနိုင်ငံမှာ ဒုတိယအနည်းဆုံးဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အမျိုးသားစွမ်းအင် စီမံခန့်ခွဲမှုကော်မတီ အမျိုးသားစွမ်းအင် မူဝါဒအရ သိရသည်။ဒေသတွင်းနိုင်ငံများ၏ တစ်ဦးချင်း လျှပ်စစ်ဓာတ်အားသုံးစွဲမှု အနေအထားမှာ မလေးရှားနိုင်ငံ အနေဖြင့် ၃၆၁၄ ကီလိုဝပ်ဖြင့် အများဆုံးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ၂၆၃၁ ကီလိုဝပ်ဖြင့် ဒုတိယအများဆုံးဖြစ်ကာ ထိုင်းနိုင်ငံအနေဖြင့် ၂၀၄၅ ကီလိုဝပ်ရှိကြောင်း သိရသည်။မြန်မာနိုင်ငံသည် ၁၉၈၈ ခုနှစ်မတိုင်မီက တစ်နိုင်ငံလုံး၏ လျှပ်စစ်သုံးစွဲမှုနှုန်းသည် ၁၀ ဒသမ ၆ ရာခိုင်နှုန်းသာရှိရာ ၂၀၀၉ ခုနှစ်တွင် ၂၃ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် လျှပ်စစ်ဓာတ်အား သုံးစွဲမှုနှုန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ၄၅ ရာခိုင်နှုန်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ရာခိုင်နှုန်း ၆၀ အထိတိုးမြှင့်ရန် စီမံလျက်ရှိကြောင်း သိရသည်။၂၀၁၂ ခုနှစ်တွင် လူဦးရေ၏ ၂၉ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ကွန်ရက်စနစ်မှ ဓာတ်အားကို အပြည့်အ၀ ရရှိခဲ့ကြောင်း၊ လူဦးရေ၏ ၂၉ ရာခိုင်နှုန်းသာ လျှပ်စစ်ဓာတ်အား ရရှိခြင်းနှင့် တစ်ဦးချင်းဝင်ငွေ နည်းပါးခြင်း၊ သင့်တင့်လျှောက်ပတ်သော စွမ်းအင်အခြေခံ အဆောက်အအုံ မရှိခြင်းကြောင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စွမ်းအင်သုံးစွဲမှု အနည်းဆုံးနိုင်ငံ ဖြစ်နေရသည်။သို့ရာတွင် ဝင်ငွေကွဲပြားမှုနှင့် နေရာဒေသ ကွဲပြားမှုကြောင့် လျှပ်စစ်ဓာတ်အား ရရှိမှုသည် များစွာကွဲပြားလျက် ရှိနေကြောင်း ၂၀၁၃ ခုနှစ် မေတွင် ရန်ကုန်မြို့သည် ၇၅ ရာခိုင်နှုန်းဖြင့် လျှပ်စစ်ဓာတ်အား အများဆုံး ရရှိနေပြီး၊ နေပြည်တော်တွင် ရာခိုင်နှုန်း ၇၀၊ ကယားပြည်နယ်တွင် ၄၄ ရာခိုင်နှုန်း၊ မန္တလေးတိုင်းတွင် ၃၇ ရာခိုင်နှုန်း အသီးသီး ရရှိခဲ့ကြောင်း သိရသည်။၂၀၁၃ ခုနှစ် စက်တင်ဘာလ စာရင်းဇယားများအရ မြန်မာနိုင်ငံရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၏ စက်တပ်ဆင်အင်အားသည် ၃၈၃၁ ဒသမ ၅ မဂ္ဂါဝပ်ရှိပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် စက်တပ်ဆင်အင်အား၏ ရာခိုင်နှုန်း ၅၀ ဖြစ်သော ၁၉၁၁ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်ကြောင်း လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၏ အမြင့်ဆုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှုသည် ၁၉၃၀ မဂ္ဂါဝပ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent