နမ်ဆော့ဗ်လုပ်ကြံခံရမှုက ရုရှားနိုင်ငံအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ဟု တရုတ်မီဒီယာ ဖော်ပြ

နမ်ဆော့ဗ်လုပ်ကြံခံရမှုက ရုရှားနိုင်ငံအတွက် ကြီးမားသော ထိုးနှက်ချက်ဖြစ်သည်ဟု တရုတ်မီဒီယာ ဖော်ပြ
Published 2 March 2015

တရုတ်နိုင်ငံကို အုပ်စိုးနေသော ကွန်မြူနစ်ပါတီနှင့် အနီးကပ်ဆက်နွှယ်မှုရှိသည့် တရုတ်သတင်းစာတစ်စောင်က ရုရှားအတိုက်အခံခေါင်းဆောင် ဘောရစ်နမ်ဆော့ဗ် လုပ်ကြံခံရခြင်းကို မတ် ၂ ရက်တွင် ပြင်းထန်စွာ ပြစ်တင်ဝေဖန်လိုက်ပြီး ယင်းသည် ရုရှားနိုင်ငံ၏ ပင်မနိုင်ငံရေးကို အပြင်းအထန် ထိခိုက်စေလိမ့်မည်ဟု ဆိုသည်။“ဒီဖြစ်ရပ်က ရုရှားနိုင်ငံရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးကို ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်စေပြီး ဆူးတွေအပြည့်နဲ့ အကြောင်းအရာတွေကို ကိုင်တွယ်ဖို့ ရုရှားအစိုးရအပေါ် ဖိအားဝင်စေပါတယ်” ဟု Global Times သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားသည်။ခြစားမှုများကို ဖွင့်ချသူ၊ အစိုးရကို ဝေဖန်သူ၊ ၁၉၉ဝ ပြည့်လွန်နှစ်များအတွင်း ဘောရစ်ယဲ့ဆင်လက်အောက်၌ ဒုတိယဝန်ကြီးချုပ်ဖြစ်ခဲ့သူ နမ်ဆော့ဗ် (၅၅ နှစ်) သည် အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများကို လှုံ့ဆော်နေသည့်ကာလ၌ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူသည် ကရင်မလင် တံတိုင်းအနီး၌ ဖေဖော်ဝါရီ ၂၇ ရက် ညသန်းခေါင်ယံအချိန်၌ နောက်ကျောသို့ သေနတ်ဖြင့် ပစ်ခံရပြီး သေဆုံးခဲ့ရသည်။အခြားနိုင်ငံများက ရုရှားကို စာနာမိကြောင်း ပြောကြားနေချိန်၌ Global Times သတင်းစာ၏ အယ်ဒီတာ့အာဘော်တွင် စကားလုံးများ လှပစွာသုံးစွဲထားသော်လည်း နမ်ဆော့ဗ်လုပ်ကြံ သတ်ဖြတ်ခံရမှုကို ပြင်းပြင်းထန်ထန်ဝေဖန်ထားပြီး တရုတ်သမ္မတ ရှီကျင်ပင်းသည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အလွန်နီးကပ်သော ဆက်ဆံရေးရှိသည်နှင့်အညီ တရုတ်က သူ၏မဟာမိတ် ရုရှားအပေါ်ထားသည့် အနေအထားကို ထင်ဟပ်ပြထားသည်။“နမ်ဆော့ဗ်လုပ်ကြံသတ်ဖြတ်ခံရမှုက သမားရိုးကျ နိုင်ငံရေးယုတ္တိဗေဒကို တန်ပြန်ထားတာဖြစ်ပြီး လူတွေက တစ်မျိုးတွေးကြပါတယ်” ဟု အယ်ဒီတာ့အာဘော်တွင် ဖော်ပြထားပြီး အနောက်တိုင်း မီဒီယာများက ပူတင်သည် ယင်းလုပ်ကြံသတ်ဖြတ်မှု၏ နောက်ကွယ်၌ရှိသည်ဟု အရိပ်အမြွက်ပြကာ ရေးသားနေကြချိန်တွင် Global Times က ပူတင်သည် ယခုလုပ်ကြံသတ်ဖြတ်မှုကို ဝေဖန်ရှုတ်ချကြောင်း အသေအချာ အထူးပြု၍ ဖော်ပြထားသည်ကို တွေ့ရှိရသည်။Ref:AFP 

Most Read

Most Recent